ဝါတွင်းဘီယာစကားလုံးဆိုတာ

ဝါတွင်း အတွက် B/E/E/R

ဝါတွင်းကာလ ရက် (၄၀)အတွင်း Beer များများ သုံးဆောင်ရန် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးက ဟောကြားခဲ့သည်။ သို့သော် Beer ဆို၍ သောက်သည့် ဘီယာကို ပြောနေခြင်း မဟုတ်ပေ။ (ပိုဆိုးသည်မှာ မြန်မာဘီယာ အကြောင်း မကြားချင်သော ကာလ ဖြစ်သည်။)

BEER တွင် B သည် Bible #သမ္မာကျမ်းစာ ဖတ်ရှုရန် ဆိုလိုသည်။ ဝါတွင်းကာလသည် ဘုရားသခင်၏ နှုတ်ကတော်အားဖြင့် ဝိညာဉ်ရေးဆိုင်ရာ အားပြည့်ဝလာရန် ပြုလုပ်မည့် ဘုရားပေးသည့် အချိန်ကောင်း ဖြစ်သည်။

BEER တွင် ပါဝင်သည့် E ၏ အဓိပ္ပာယ်မှာ Empathy #သနားကြင်နာခြင်း၊ ကိုယ်ချင်းစာခြင်း ဖြစ်သည်။ ဆင်းရဲသားများနှင့် ပစ်ပယ်ခံရသူများ အပယ်ခံများအပေါ် ကိုယ်ချင်းစာစိတ်၊ သနားကြင်နာစိတ်ထားပြီး တစ်ခုခု လက်တွေ့ ပြုလုပ်ပေးပါ။

BEER တွင် ပါဝင်သည့် ဒုတိယ E ၏ အဓိပ္ပာယ်မှာ Eucharist #ကိုယ်တော်မြတ်စက္ကရမင်တူး ဖြစ်သည်။ တနင်္ဂနွေနေ့ သာမက အခြား ကြားရက်များတွင်ပါ မစ္ဆားတက်ရောက်ကာ ကိုယ်တော်မြတ် စက္ကရမင်တူးကို ပင့်ယူ၊ ခံယူပါ။

BEER တွင် R ၏ အဓိပ္ပာယ်မှာ #Reconciliation ပြန်လည် သင့်မြတ်ခြင်း ဖြစ်သည်။ သင့်အပေါ် သူတပါး နာကျင်အောင် ကျူးလွန်ကြသူများ၊ သူတပါး အပေါ် သင်၏ ကျူးလွန် နာကျင်စေခဲ့မှုများကို ပြန်လည် သင့်မြတ်စေရန် ဤဝါတွင်းကာလသည် အကောင်းဆုံးသော အချိန်ကာလ ဖြစ်သည်။ ကျူးလွန်သူနှင့် ထိခိုက်သူများအကြား ခွင့်လွတ်ခြင်းကို ရယူသင့်ပေသည်။

ဤဝါတွင်းကာလသည် ဘုရားသခင်နှင့် မိမိအကြား၊ ပတ်ဝန်းကျင်ရှိ လူများနှင့် မိမိတို့အကြား ရင်းနှီးမှု၊ ဆက်ဆံရေး ပြန်လည် တည်ဆောက်ရမည့် အကောင်းဆုံး အချိန်ဖြစ်ပါသည်။

စာဖတ်သူ ကက်သလစ် ခရစ်ယာန်များ၊ နက်နဲဖွယ်ရာ ဝါတွင်းကာလကို ရရှိပိုင်ဆိုင်ကြပါစေ။

ဝါတွင်းကာလတွင် Beer ဘီယာ

#Bible သမ္မာကျမ်းစာ၊

#Empathy သနားကြင်နာခြင်း၊

#Eucharist ကိုယ်တော်မြတ်စက္ကရမင်တူးနှင့်

#Reconciliation ပြန်လည်သင့်မြတ်ခြင်း) တို့ကို အသုံးချဖို့ မမေ့ပါနဲ့။

Credit: Lawrence Jangma Mung Song

rvamyanmar
rvamyanmar
Articles: 3878

Leave a Reply

Your email address will not be published. Required fields are marked *