rvamyanmar

rvamyanmar

ကျွန်ုပ်တို့သည်ခရစ္စတူးသခင်နှင့်ပျော်ရွှင်စွာလျှောက်လှမ်းရမည့်သူများဖြစ်ကြသည်ဟုရဟန်းမင်းကြီးမိန့်ကြား။

 á€€á€ťá€˝á€”်ုပ်တိုအသည်သနဏးခဟင်း၊ နှစ်သိမ့်ခြင်း၊ ငြိမ်းချမ်း‌ရေးနှင့်ဆိုင်သောဧ၀ံဂေလိတရားတော်ကို ကမ္ဘာ ကြီးအားဟောကြားသက်သေခံရန်ခေါ်တော်မူခြင်းခံထားရသောခရစ္စတူးသခင်၏သာသနာ၊သူ၏ခန္ဓာ တော်၊ သူ၏အဂ်ါအစိတ်အပိုင်းများဖြစ်ကြသည်။  á€šá€”္အသည် စိန့်ဂျွန်၏ဘုရားကျောင်းကြီးပွဲနေ့ဖြစ်သည်။ ဤနေ့၌သာသနာတော်ကြီးသည် စည်းလုံး ခြင်း၏နက်နဲချက်၊ ကမ္ဘာပေါ်ရှိကက်သလစ်သာသနာတစ်ခုလုံး၏ယုံကြည်ခြင်းလမ်းစဉ်ကိုဂရုစိုက် လမ်းညွှန်ပေးနေသော ရောမ သာသနာတော်ကြီးနှင့်ပေါင်းစည်းနေသည့် အကြောင်းကိုထောက်ရူ ရမည်ဖြစ် သည်။ ဘုရားကျောင်းတော်ကြီး၏အစဉ်အလာကြီးမားသောသမိုင်းကြောင်း၊ ရင်သပ်ရူ မောဖွယ်ဗိသုကာ လက်ရာနှင့်ဘာသာရေးအမွေအနစ်များနှင့်အတူတပည့်တော်ကြီးတို့မှ လက်ဆင့် ကမ်းသယ်ဆောင်၊ ထိန်း သိမ်း၊ ချန်ရစ်ပေးခဲ့သောယုံကြည်ခြင်းကိုရာစုအဆက်ဆက် ဆက်လက် ရှင်သန်နေစေရန်တွန်းအား၊ အသိ ဖြစ်စေကြောင်း၊ ကြီးမားသောနက်နဲချက်ကိုဘုရားကျောင်းကြီး၏ ဗိသုကာလက်ရာများကိုလေ့လာကြည့် လျှင်သိနိုင်ကြောင်း၊ ဘုရားကျောင်းကြီး၏အလယ် ဗဟို၌ တမန်တော်ကြီး (၁၂) ပါး၏ဆင်းတုတော်ကိုတွေ့…

ဖာသာရ်Paschal Thi Ko Shin (SDB) သာမန်ကာလ(၃၂)ကြိမ်မြောက် အင်္ဂါနေ့ ၁၁၊ ၁၁၊ ၂၀၂၅

တံတားတည်ဆောက်သူများဖြစ်ကြပါဟုရဟန်းမင်းကြီးတိုက်တွန်း။

ပေါင်းစည်းသူများဖြစ်ရန်ယေဇူးသခင် သင်တို့အားဖိတ်ခေါ်သည်။ တံတားတည်ဆောက်သူ များဖြစ်ကြ ပါ။ အကွဲကွဲအပြားပြားဖြစ်နေသော၊ သံသယများကြားရှင်သန်နေသောကမ္ဘာကြီးအားယုံကြည်မှုကို ကြဲ သူများဖြစ်ကြပါ။ သင်တို့ခရစ်ယာန်ဖြစ်သည်ကိုပြသရန်၊ ဧ၀ံဂေလိတရား၊ ဧ၀ံဂေလိအသက်တာကို တက်ကြွစွာရှင်သန်ရန်၊ယေဇူးသခင်နှင့်တွေ့ဆုံခြင်းမှရသေ၀မ်းမြောက်ခြင်းကိုအခြားသူများအား‌‌ဝေမျှရန် မကြောက်ကြနှင့်။ သင်တို့သည်တစ်ဦးတည်းထီးထီးကြီးမဟုတ်။ ကလေးတို့သည်မိဘတို့၏ချစ်ခြင်း၊ ဂရု စိုက်မှု၊ ခွင့်လွှတ်ခြင်း၊ အားပေးခြင်းကိုအမြဲခံရသကဲ့သို့ ဘုရားသခင်သည်လည်းကျွန်ုပ်တို့ကို ထို့ အတူပင်လုပ် ဆောင်ပေးလျှက်ရှိပါသည်။  á€›á€Ÿá€”်းမင်းကဟဎးသည် လာမည့်နို၀င်ဘာ (၂၃) ရက်နေ့၌ကမ္ဘာတစ်၀ှမ်းရှိဂိုဏ်းချုပ်၊ ဂိုဏ်းအုပ် အသီးသီး ၌ကျင်းပမည့် (၄၀) ကြိမ်မြောက်ကမ္ဘာ့လူငယ်များနေ့၌သူကိုယ်တိုင်မိန့်ကြားထားသောသတင်းစ ကားကို ကိုးကား၍ ပျော်ရွှင်၀မ်းမြောက်ခြင်းကိုသက်သေခံသူများဖြစ်ကြပါ။ ခရစ္စတူးသခင်၏အလင်းတန်း ကို သင်တို့မိသားစု၊ စာသင်ကျောင်းများ၊…

ဖာသာရ်Paschal Thi Ko Shin (SDB) သာမန်ကာလ(၃၂)ကြိမ်မြောက် တနင်္လာနေ့ ၁၀၊ ၁၁၊ ၂၀၂၅

ဘာတွေပဲ လုပ်လုပ်အရာမထင်တဲ့အခါ

“ကြိုးစားမှုတိုင်းမှာ အောင်မြင်မှုဆိုတာ မရှိနိုင်ဘူး။ ဒါပေမယ့် အောင်မြင်မှုတိုင်းမှာတော့ ကြိုးစားမှုက မပါမဖြစ်လိုအပ်ပါတယ်…”လူတစ်ယောက်ရဲ့ ဘဝမှာ အကောင်းဆုံးနဲ့ အဆိုးဆုံးလို့ ပြောနိုင်တဲ့အရာကတော့ ကိုယ်စိုက်ထုတ်လိုက်တဲ့ ကြိုးစားအားထုတ်မှုတွေပါ။ ကြိုးစားရင် အောင်မြင်မယ်၊ ကြိုးစားရင် ရလာဒ်ကောင်းတွေ ရမယ်ဆိုတဲ့ တွေးခေါ်မှုက အားကောင်းတဲ့ စွမ်းအင်တစ်ခုကို ပေးနိုင်ပေမဲ့ တစ်ခါတလေကျတော့လည်း အဲဒီတွေးခေါ်မှုကပဲ စိတ်ပျက်အားငယ်ခြင်းတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေရဲ့ အရင်းအမြစ် ဖြစ်လာတတ်ပါတယ်။ဥပမာ၊ စာမေးပွဲတစ်ခုအတွက် ညဉ့်နက်တဲ့အထိ စာတွေဖတ်တယ်၊ မှတ်စုတွေ ပြင်ဆင်တယ်။ ဒါပေမယ့် စာမေးပွဲခန်းထဲရောက်မှ မေးခွန်းတွေက ကိုယ်ကြိုးစားထားတာနဲ့ လုံးဝမသက်ဆိုင်တဲ့အခါ၊ ဒါမှမဟုတ် အမှတ်ကောင်းကောင်း…

ဖာသာရ် Augustine Tin Maung Htun (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) သာမန်ကာလ(၃၂)ကြိမ်မြောက် တနင်္ဂနွေနေ့ ၉၊ ၁၁၊ ၂၀၂၅

သစ်ပင်များအတွက် အသက်စွန့်ကြသူများ

အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘သစ်ပင်များအတွက် အသက်စွန့်ကြသူများ’ ရဲ့အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်

ရဟန်းမင်းကြီးလေအို (၁၄) ပါလက်စတိုင်းသမ္မတအားဗာတီကန်၌လက်ခံတွေ့ဆုံ

ကြာသပတေးနေ့ကရဟန်းမင်းကြီးလေအို (၁၄) သည် ပါလက်စတိုင်းသမ္မတ Mahmoud Abbas အားဗာတီကန်၌လက်ခံတွေ့ဆုံခဲ့ပြီးဂါဇာ၌အရေးတကြီးကူညီရန်လိုအပ်သောလူသားချင်းဆိုင်ရာ အကူအညီအကြောင်းဆွေးနွေးခဲ့ကြသည်။ ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်ကိုစတင် ထမ်းဆောင်ပြီးနောက်ပုဂ္ဂိုလ်ကြီးနှစ်ဦးကြား ဖုန်းဖြင့် ချိပ်ဆက်စကားပြောဆိုခြင်းများရှိခဲ့သော်လည်း လူချင်း တွေ့ဆုံသည်မှာပထမဦးဆုံး အကြိမ်ဖြစ်သည်။ နွေးထွေးသောယခုတွေ့ဆုံမှု၌ဂါဇာဒေသမှပြည်သူများအပြင်အီစ္စရေးနှင့်ပါလက်စတိုင်းနှစ် ပြည်ထောင်၏ပဋိပက္ခကိုလည်းအရေးတကြီးကိုင်တွယ်ဖြေရှင်းရန်ဆွေးနွေးခဲ့ကြသည်။ သမ္မတသည်ရဟန်းမင်းကြီးလီယို (၁၄) နှင့်မတွေ့ဆုံမီ စိန့်မေရီမေဂျာရှိရဟန်း မင်းကြီး ဖရန် စစ်၏အုတ်ဂူဆီသို့သွားရောက်ဂါရပြုခဲ့သည်။ သမ္မတသည်ရောမသို့ပြီးခဲ့သော ဗုဒ္ဓ ဟူးနေ့ကရောက်ရှိလာခဲ့ သည်။ ယခုတစ်ကြိမ်ရောမသို့ရောက်ရှိလာပြီးနောက်ပထမဦးစွာ လုပ်ဆောင်ခဲ့သောအမှုမှာရဟန်းမင်းကြီးဖ ရန်စစ်၏အုတ်ဂူသို့သွားရောက် ပြီးဂါရပြု ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ပါ လက်စတိုင်းနိုင်ငံနှင့် ပါလက် စတိုင်းပြည်သူများအတွက်လုပ်ဆောင်ပေးခဲ့သည်များကိုမမေ့နိုင်ပေ။ ရဟန်း…