rvamyanmar

rvamyanmar

ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။

ဇွန်လ(၁၈)#ယေဇူးရွှေနှလုံးတော်၏မိတ်ဆွေများ။ ငါ့သား ဤလောက၌ငါ့အချစ်ဆုံးသောမိတ်ဆွေများကား ငါ၏မယ်တော်နှင့် သံဇူဇယ်တို့ဖြစ်ကြလေသည်။ ငါ၏ရွှေနှလုံးတော်အားနှစ်သက်ရာ ဟူသများကို သူတို့နှင့်ဝေမျှ၏။ ငါတို့၏အိမ်ကလေး၌တည်ရှိသော စည်းလုံးညီ ညွတ်ခြင်းကို မည်သည့်အရာမျှ ပျောက်ပျက်အောင်ပြုလုပ်နိုင်မည်မဟုတ်ပေ။ ငါ့သား၊ သင်၏မိဘများတို့သည် သင်၏အကောင်းဆုံးသောမိတ်ဆွေများဖြစ်သည်ကို သင်သည်လည်းသတိ မူပါလော့။ ထို့ကြောင့် သင်၏ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းများကို သင်သည်လည်း သတိမူပါလော။ ထို့ကြောင့်သင်၏ ဝမ်းသာခြင်းဝမ်းနည်းခြင်းများကို သူတို့အားယုံကြည်လွဲအပ်ပါလော။ သင်၏မျှော်လင့်ခြင်းနှင့် လိုအင်ဆန္ဒများ၌ သူ တို့နှင့် ဝေမျှဖို့ မည်သည့်အခါမျှ ပျက်ကွက်ခြင်းမရှိပါစေနှင့်။ သင်၏အိမ်ကို နာဇရက်အိမ်ကလေးနှင့်တူအောင် ကြိုး စားအားထုတ်ပါလော့။ ငါသည်ယောဟန်ဗတ္တိစတားကို တခါတည်းအကြည့်အရှုသွားခြင်းအားဖြင့် သူ့အားရဟန္တာအဖြစ်သို့ရောက် စေလေသည်။ ထို့ကြောင့်မိမိတစ်သက်တာအတွင်းမှာ…

ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၁၇)# ဇွဲထက်သန်လှသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါ့နှလုံးအားလောင်ကျွမ်းလျှက်ရှိသော ဇွဲစိတ်ထက်သန်ခြင်းမျိုးကို သင်၏နှလုံး၌လည်းရှိစေရန် ငါအလိုရှိ၏။ ဆာမာရီတန်မိန်းမတစ်ဦးအား အကျင့်ပြောင်းလဲစေပြီးမှ မိမိလူမျိုးများအတွက် တမန်တော်အဖြစ်ငါခန့်ထား ရန်အလို့ငှါစိတ်ဇွဲထက်သန်ခြင်းကြောင့် ငါသည် ယကုပ်ရေတွင်းသို့လာခဲ့လေပြီ။ စိတ်ဇွဲထက်သန်ခြင်းကြောင့်လည်း တရားဒေသနာကိုဟောပြော၍ လူတို့အားကောင်းကင်လမ်းကိုညွှန်ပြအလို့ငှါ ငါသည်ဂါလီလေအာနယ် မြို့ရွာများသို့ လှည့်လည်သွားခဲ့လေပြီ။ အပြစ်ရှိသူ တစ်ဦးတစ်ယောက်မျှ ငါ၏ချစ်ခြင်းနှင့် ကြင်နာသနားခြင်းကို မ ခံရဘဲ မရှိစေခြင်းငှာ လမ််းလြွနေသော သူများနှင့် ပျောက်ဆုံးနေသော သိုးများကို ငါသည် လိုက်ရှာဖွေခဲ့လေပြီ။ ငါ၏ချစ်သား သင်သည်လည်း စိတ်ဇွဲထက်သန်ခြင်း ပါရမီကို ဆည်းပူးရန် ဤအသက်တာတွင် များစွာသော အခွင့်အရေးများကိုတွေ့ရပေလိမ့်မည်။…

ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၆)#ဝမ်းမြောက်ခြင်းရှိတော်မူသောယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါနှင့်ငါ၏ မယ်တော်နှလုံးတော်သည် ချစ်ခင်ညီညွတ်စွာပေါင်းစပ်ခြင်းကား လောက၌ ငါ၏အကြီး ဆုံးသောဝမ်းသာဝမ်းမြောက်ခြင်းဖြစ်သတည်း။ မြတ်နိုးဖွယ်ရာသစ္စာရှိသော သံဇူဇယ်နှင့်ငါ့နောက်သို့လိုက်ရန်အရာ ခပ်သိမ်းကိုစွန့်ပစ်ခဲ့ကြသော တပည့်တော်ကြီး အသီးသီးတို့သည်လည်း ငါ၏ဝမ်းမြောက်ရာအကြောင်းရင်းဖြစ်ကြ ပေသည်။ ရှေးလွန်လေပြီးသောနှစ်ပေါင်းများစွာက သက်သေတော်များသည် ငါ့အားချစ်မြတ်နိုးခြင်းကြောင့် ညှဉ်းပန် နှိပ်စက်ခြင်းများနှင့်သေခြင်းကိုရဲရဲဝံ့ဝံ့ခံထမ်းသွားကြလေသည်။ ရသေ့များသည်လည်း တောကန္တာရသို့သွားရောက် နေထိုင်ပြီးလျှင်တရားကျင့်ကြလေသည်။ မရေမတွက်နိုင်အောင်များပြားလှသောသူတို့သည်လည်း လောကဘောင် ကိုစွန့်ပစ်ကြလျှက် မိမိတို့တသက်တာအတွင်းမှာ ငါ့အားတည်တည်ကြည်ကြည်အစေခံကြလေသည်။ နောင်တသံ ဝေဂရသောသူတို့သည်လည်း မိမိတို့၏အပြစ်များကို အခွင့်ချမ်းသာရပြီးနောက် ရဟန္တာအဖြစ်သို့ရောက်အောင်ကျင့် ကြလေသည်။ ထို့ကြောင့် ဤလူအားလုံးတို့သည် ငါ၏ဝမ်းမြောက်ဝမ်းသာစရာ အကြောင်းရင်းဖြစ်ကြလေသည်။ ငါ၏အသင်းတော်သည်ပြင်းထန်စွာလိုက်လံညှဉ်းပန်းနှိပ်စက်ခြင်းခံရသော်လည်း ယခုတိုင်ဆက်လက်တည်…

ဒီနေ့မှာ မိသားစုဆိုတဲ့ စကားစုရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ဒီနေ့ခေတ် အခြေအနေအတိုင်း တင်ပြပေးချင်ပါတယ်။

True meaning of familyဒီနေ့မှာ မိသားစုဆိုတဲ့ စကားစုရဲ့ အဓိပ္ပာယ် အစစ်အမှန်ကို ဒီနေ့ခေတ် အခြေအနေအတိုင်း တင်ပြပေးချင်ပါတယ်။တချို့သောသူတွေက သွေးသားချင်းတူတယ်။ မျိုးရိုးဗီဇတူတဲ့ ဘိုးဘေးတို့ ဆွေမျိုးတော်စပ် ကြတဲ့သူတွေကို မိသားစုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြတယ်။တချို့ကျတော့လည်း genes မျိုးရိုးဗီဇတူတာတွေနဲ့ မဆိုင်ဘဲ မေတ္တာစစ် မေတ္တာမှန်နဲ့ တစ်ဦးနဲ့တစ်ဦး တူညီထောက်ပံ့ကြတာတွေနဲ့ပဲ ဆိုင်တယ်လို့လဲ ဆိုကြပြန်တယ်။လူတိုင်း ကိုယ့်ခံယူချက်နဲ့ ကိုယ့်မိသားစုဆိုတဲ့ စကားစုကို အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ဘိုးဘေးတွေကနေ ဆင်းသက်မွေးဖွားလာကြတဲ့ မိဘရဲ့ သားသမီးတွေ သွေးသားတူတဲ့ ဆွေမျိုးသားချင်းတွေ အတူနေထိုင်တဲ့အခါ ပါဝင်တဲ့သူတွေကို မိသားစုလို့ အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။…

ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်။

ဇွန်လ(၁၅ )#ဝမ်းနည်းကြေကွဲတော်မူသောယေဇူးရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဘက်သလေဟိမ်မြို့သူမြို့သားများဆီမှ ငြင်းပယ်ခြင်းခံရသောအခါ ငါ၏နှလုံးတော်မှာ အထူးဝမ်းနည်းပူဆွေးခြင်းရှိခဲ့လေသည်။ ယခုခေတ်သမယမှာလည်း လူတို့သည် ကိုယ်တော်မြတ်စက္ကရမင်တူး၌ ငါ့ ကိုပင့်ယူရန်ငြင်းပယ်ကြသောါအခါ ငါ၏နှလုံးတော်မှာ ပူဆွေးဝမ်းနည်းခြင်းတဖန်ဖြစ်ရပြန်လေသည်။ တနေ့သ၌ သူငယ်တော်လာနေသည်ကို ငါမြင်ရသောအခါ ထိုသူငယ်အပေါ်မှာ ငါ၏ကရုဏာမေတ္တာသက် ရောက်ခဲ့၏။ အကြောင်းမူကား ထိုသူငယ်သည် ငါ၏ပညတ်ကိုသစ္စာရှိစွာစောင်းထိန်းသည်ကို ငါသိ၏။ ထို့ကြောင့် ငါသည်သူ့အား သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် ငါ့နောက်သို့လိုက်လော့ဟု ဖိတ်ကြားခဲ့၍ သူ၏စိတ်တွင်း၌ ဘုရား၏ကျေးဇူးတော်နှင့် လောကီချမ်းသားတို့တွင် မည်သည့်အရာကိုရွှေးချယ်မည်နည်း ဟုငါသည်စောင့်ကြည့် နေခဲ့၏။ သို့ရာတွင်သူသည် လောကီစည်းစိမ်စွန့်ပစ်ရမည်ကိုစိတ်ပျက်၍ လှည့်ထွက်သွားသောအခါ ငါ၏နှလုံးမှာ အ…

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။

ဇွန်လ(၁၃)#သခင်ယေဇူးရွှေနှလုံးတော်နှင့်_အပြစ်ရှိသူများ၏နှလုံးများ။ ငါ့သား၊ စားပွဲသောက်ပွဲကြီးပြင်ဆင်ခင်းကျင်းထားလျက်ရှိသော စီမုန်၏အိမ်သို့ငါနှင့်အတူ လိုက်ခဲ့ပါလော။ ဖိတ်ကြားခြင်းးခံရသော ဧည့်သည်များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ၊ ဖိတ်ကြားခြင်းခံရသောဧည့်သည် များသည် မိမိတို့နေရာများ၌ထိုင်ကြသောအခါ ဖိတ်ကြားခြင်းမခံရသောမေရီမာဒလင်းသည် ဝင်လာလေ၏။ သူ သည် တပါးသူ၏ကဲ့ရဲ့သရော်ပြုခြင်းများကိုအမှုမထားပဲ ငါ၏ခြေတော်ရင်း၌ ဒူးထောက်၍ငါ၏ခြေကို မိမိ၏မျက်ရည် နှင့် ဆေးကြောပြီးလျှင် မိမိ၏လှပသောဆံပင်နှင့်သုတ်လေ၏။ သူ၏နှလုံးသည် လွန်ခဲ့သည့်အပြစ်များအတွက် ရှက် ကြောက်ဝမ်းနည်ခြင်းနှင့်ပြည့်နေ၏။ လူ၏အတွင်းစိတ်ကိုထိုးထွင်းသိမြင်တော်မူသောငါကား၊ သူ့ဘက်မှကာကွယ် ၍ သူ့အား သင်သည်များစွာချစ်၍များစွာသောအပြစ်လွှတ်လေပြီဟုပြောလေ၏။ ထိုစကားကြောင့် အပြစ်ရှိသူ၏ နှလုံးသည် ရဟန္တာအဖြစ်သို့ပြောင်းလဲသွားတော့၏။ အကြောင်းမူကားမေရီမာဒလင်းသည် အပြစ်အားဖြင့်ငါ၏ ရွှေနှ လုံးတော်ကိုနာကျင်အောင်နောက်ထပ်မပြုတော့ချေ။ ငါ့ကိုချစ်သော အခြားတစ်ဦးရှိသေး၏။…

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။

ဇွန်လ(၁၄) #ယေဇူးရွှေနှလုံးတော်နှင့်_ရန္တာများ၏နှလုံးများ။ ငါ့သား၊ အီစရာအဲလ်လူမျိုးတို့သည် ကန္တာရ၌လှည့်လည်သွားလာနေကြသောအခါ ငါသည်မီးရှုးတိုင်များဖြင့် သူတို့အားလမ်းပြခဲ့၏။ ထို့နည်းတူ ငါ၏နှလုံးတော်သည် ရဟန္တာများလျှောက်ရာလမ်းကိုထွန်းလင်းစေသောအထိမ်း အမှတ်ဖြစ်စေသတည်း။ ကောင်းကင်ကြယ်တာရာရာများသို့အရောက်သွားရန် မဖြစ်နိုင်သော်လည်း သန့်ရှင်းစင်ကြယ်ခြင်းအဖြစ်သို့ ရောက်ရန်ကားမဖြစ်နိုင်ဟု မထင်လေနှင့်။ ရဟန္တာများသည်မွေးဖွားစဉ်ကပင် ရဟန္တာများအဖြစ်နှင့်မွေးဖွားလာကြ သည်မဟုတ်ပါ။ သို့သော်ဤသူတို့သည် ငါ၏နှလုံးတော်နှင့် နီးကပ်စွာနေ၍ ငါ၏ပြုမူကျင့်ကြံပုံများကို အတုယူခြင်း အားဖြင့် တဖြည်းဖြည်းစုံလင်ခြင်းအဖြစ်သို့ရောက်ကြလေသည်။ ရဟန္တာတို့တွင် အများတို့သည် ဤလောက၌ အ သက်ရှင်စဉ်ကာလ တန်ခိုးများကိုပြုလုပ်နိုင်ခဲ့ကြသည် မဟုတ်ပါ။ ထိုမျှမက သူတို့နှင့်အတူသွားလာနေထိုင်သော သူတို့ပင် သူတို့၏သန့်ရှင်းစင်ကြယ်ခြင်းကို သတိမမူမိကြပေ။ ရဟန္တာမထရေဇားကလေးသည် အသက်ရှင်စဉ်အ တွင်း ရဟန္တာတစ်ဦးဖြစ်ကြောင်းကိုသူနှင့်အတူနေထိုင်ကြသော စစ္စတာရ်များတွင်တစ်ဦးတစ်ယောက်မျှပင်…