
ဖာသာရ် Paschal သီကိုရှင်း (စလေးရှင်) သာမန်ကာလ (၁၄) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၇၊ ၇၊ ၂၀၂၂
ဒီနေ့ ဖတ်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ယေဇူးက တပည့်တော်ကြီးတွေကို တာဝန်တွေပေးပြီး တရာ ဒေသနာတော်ဟောဖို့ စေလွတ်တာကို တွေ့ရတယ်။ လမ်းခရီးအတွက် ဘာမှကို မယူခိုင်းဘူး။ ပိုက်ဆံ လည်း မယူနဲ့။ ငွေကြေးလည်း မဆောင်နဲ့။ စားစရာလည်း မသယ်နဲ့။ ဖိနပ်ကိုပဲစီးပြီး အင်္ကျီ ကိုတောင် နှစ်ထည် မယူဖို့မှာခဲ့ပါတယ်။ သေချာကြည့်ရင် အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ခရီးထွက်ခိုင်းတာ။ ခု ခေတ်မှာများ ဒီလိုပုံစံနဲ့ သာသနာပြုကြဟေ့လို့ သခင်ယေဇူးက မိန့်ကြားမယ်ဆိုရင်…








