
ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၃၊ ၇၊ ၂၀၂၂

၁၃ ဂျူလိုင် ၂၀၂၂ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို အစိုးရတော်မူသောအဖ ကိုယ်တော်သည် ပညာရှိသူတို့အား ဤအရာများကိုထိမ် ဝှက်ထားတော်မူလျက် ငယ်ရွယ်သူတို့အား ဖေါ်ပြတော်မူသည်ဖြစ်၍ ကျေးဇူးတော်ကိုကျွန်ုပ်ချီးမွမ်းပါ၏။ လူတွေနဲ့ပက်သက် ပြီး အကြောင်းအရာတစ်ခုကို သမ္မာကျမ်းစာက ဆိုထားတာရှိတယ်။ အဲဒီအကြောင်းအရာကို နတ်ဆိုးတွေကိုလဲ မပြောထားဘူး၊ ကောင်းကင်တမန်တွေကိုတောင်မပြောထားဘူး။ လူကိုဘုရား၏ပုံသဏ္ဍာန်တော်အတိုင်းဖန်ဆင်းထားခြင်းအကြောင်းဖြစ်တယ်။ ဒီအချက်က ကျွန်တော်တို့ရဲ့လူဖြစ်ခြင်းကို ဖြစ်စေတဲ့အရာဖြစ်တယ်။ လူသားတွေက လူမဟုတ်တဲ့ တိရစ္ဆာန်လောကနဲ့ ခြားနားပြီး တစ်ထူးတစ်ခြား လူပုဂ္ဂိုလ်ဖြစ်စေခြင်းက လူက နာမ်ဝိညာဉ်ပိုင်ဆိုင်လို့မဟုတ်ပါဘူး။ လူက…







