rvamyanmar

rvamyanmar

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၃)#နာဇရက်တွင်နေထိုင်တော်မူသောယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ငါသည် ဤလောက၌သက်တော်ထင်ရှားရှိစဉ်ကာလ ဆိတ်ကွယ်ရာနာဇရက်ရှိ အလုပ် ဆိုင်ကလေးတွင် နှစ်၊ လ၊ အများပိုင်းကိုကုန်လွန်စေခဲ့၏။ ဤသို့နေထိုင်ခဲ့သည်ကား လောကီသားတို့အသိအမှတ်မ ပြု။ အောက်တန်းကျသောအလုပ်ကိုလုပ်ကိုင်ရသည့် သူတို့အားသင်ခန်းစာတရပ်ပေးခြင်းငှာသာလျှင်ဖြစ်၏။ ဤသို့ မထင်မရှားအောက်တန်းကျသောအလုပ်ကို ငါ၏ရွှေနှလုံးတော်နှင့်ပေါင်းစပ်၍ လုပ်ကိုင်ခြင်းကား အလွန်မြင့်မြတ် သော သူရဲကောင်းတို့၏ အလုပ်အမှတ်ဖြစ်သတည်း။ နေ့စဉ်နေ့တိုင်း မဆုံးနိုင်သကဲ့သို့ ငြီးငွေ့ဖွယ်ရာတမျိုးတည်း သောအလုပ်ကိုလုပ်ပြီး၊ ဖခင်ဖြစ်သူသည် သားသမီးများအား လူလားမြောက်သည်အထိ ရှာဖွေကျွေးမွေးရသကဲ့သို့ သားသမီးများကလည်း အိုမင်းမစွမ်းရှိလာသောမိဘများကို ကြည့်ရှုရခြင်းသည်လည်း သူရဲကောင်းတို့၏လမ်း ကြောင်းမှန်ဖြစ်သတည်း။ နာဇရက်ရွာ၌ရှိသောအလုပ်ဆိုင်ကလေးတွင် ငါအလုပ်လုပ်နေသည်ကိုတွေ့ရကြ၏။ ငါသည်ထိုအရပ်၌ နိမ့်ကျ၊…

ဘာသာတရားများ ချစ်ကြည်ရင်းနှီးမှုဖြစ်သော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော် ကျင်းပခဲ့ခြင်း။

ဘာသာတရားများ ချစ်ကြည်ရင်းနှီးမှုဖြစ်သော ကျေးဇူးတော်ရှင် မွေးသဖခင်၏ မွေးနေ့ပွဲတော် ကျင်းပခဲ့ခြင်း။ ******************************************************* မြန်မာနိုင်ငံတော်တွင် ၂၀၁၆ ခုနှစ် စစ်တမ်းများအရ ဗုဒ္ဓဘာသာဝင် ၉၀% ၊ ခရစ်ယာန် ဘာသာဝင် ၆.၃ % ၊ နှင့် အစ္စလာမ်ဘာသာဝင် ၂.၁% ၊ ဟိန္ဒူဘာသာဝင် ၀.၅ % အသီးသီးကိုးကွယ်နေထိုင်လျှက်ရှိကြပါသည်။ ဘာသာတရားများအကြား ရင်းနှီးချစ်ကြည်စွာ ကျွမ်းဝင်မှုရှိသည်မှာလဲ အစဉ်အလာ တစ်ခုဖြစ်ခဲ့ပါသည်။ဘာသာတရား တစ်ခု၏ ပွဲတော်နေ့များ ၊ အထင်ကရနေ့များကိုလဲ တစ်ဘာသာနှင့်တစ်ဘာသာ ကွဲပြားမှုမရှိဘဲ သွားရောက်လည်ပတ်ကြသည်မှာ ဓလေ့…

ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်။

ဇွန်လ(၂၂)#ဘက်သလေဟိမ်မြို့ရှိယေဇူး_ရွှေနှလုံးတော်။ ငါ့သား၊ ဘက်သလေဟိမ်မြို့မှ ငါ၌ရှိသောနှလုံးတော်ကားကလေးသူငယ်၏ နှလုံးဖြစ်၏။ ဘုရား၏နှလုံး တော်လည်းဖြစ်ပေသတည်း။ ငါသည် သူငယ်တော်အဖြစ်နှင့် ရှေ့အစဉ်အလာကို မျှော်ကြည့်သောအခါ ငါ၏နွားစား ခွက်သို့လာ၍ ဒူးထောက်ကြမည့်ကလေးများကိုတွေ့ဘိ၏။ ငါသည်လူလားမြောက်သောအရွယ်ဖြင့် ဤလောက၌ ပေါ်ထွန်းနိုင်တော်မူ၏။ သို့သော်လည်း ငါသည်ဤကဲ့သို့ပေါ်ထွန်းခဲ့ပါလျှင် ကလေးသူငယ်တို့သည် ငါပေးလိုသော ပုံစံတော်ကို ရကြမည်မဟုတ်ပေ။ ငါဖွားမြင်ရာနွားစားခွက်သို့ ချည်းကပ်ပြီးလျှင် တကိုယ်ကောင်းစိတ် မရှိအပ်ကြောင်းကိုသင်ကြားပါလော။ ငါသည်နန်းတွင်း၌ ဖွားမြင်ခြင်းကိုခံနိုင်၏။ သို့ရာတွင်ဆင်းရဲသောသူတို့သည် ငါ့အပါးသို့ချဉ်းကပ်ဝံ့မည်မဟုတ် ကြောင်း ငါ့ထံသို့ တယောက်မကျန်လာရောက်၍ ဖူးမျှော်နိုင်ကြရန် ငါသည်စည်းစိမ်ခံစားခြင်းအားလုံးကို ပယ်ရှားခဲ့ ၏။ မရှိနွမ်းပါးဆင်းရဲသားတို့အား မည်သို့ချစ်ခင်အရေးယူပြုစုရမည်ကို…

ဇွန်လ(၂၁)#ယေဇူးရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိပါလော။

ဇွန်လ(၂၁)#ယေဇူးရွှေနှလုံးတော်၌ ယုံကြည်ကိုးစားခြင်းရှိပါလော။ ငါ့သား၊ ငါအလွန်ချစ်ခင်မြတ်နိုးတော်မူလှသော သူတို့သည် ငါ့အပေါ်မှာ ယုံကြည်ကိုးစားခြင်းကင်းမဲ့ကြ ကုန်၏။ ထို့ကြောင့်ငါ၏နှလုံးတော်မှာ ထုတ်ဖော်မပြနိုင်လောက်အောင်ဝမ်းနည်းခြင်းကြီးမားလှ၏။ သင့်တသက်တာအတွင်း ဖြစ်ရောက်သမျှ အရာခပ်သိမ်းဖြစ်စေ၊ နေ့စဉ်နှင့်အမျှ သင်တွေ့ကြုံနေရသောဆင်း ရဲဒုက္ခများ၊ စုံစမ်းခြင်းများနှင့် အခက်အခဲများဖြစ်စေ၊ အလုံးစုံကိုသိမြင်တော်မူသော မြတ်စွာဘုရား၏စီမံခန့်ခွဲခြင်းမှ ဖြစ်လာသည်ကို သင်၏စိတ်၌ သံမှိုနှင့်ရိုက်ထားဘိသကဲ့သို့ စွဲမြဲပါစေလော။ ထို့ကြောင့် ဘုရားသခင်ပို့လိုက်သည်ဟု အောက်မေ့လျက် ဝမ်းနည်းခြင်းမရှိပဲ အပြစ်တင်ခြင်းကိုလည်းရှောင်ရှားလျက်၊ ကြီးစွာသောယုံကြည်ကိုးစားခြင်းနှင့် အားလုံးကိုလက်ခံပါလော့။ သင်၏ဆင်းရဲဒုက္ခကိုလည်း ငါ၏ရွှေနှလုံးတော်အတွင်း၌ထည့်သွင်းထားပါလော့။ ထာဝ ရဆုတော်လာဘ်တော် ကိုခံယူရန် အချိန်ရောက်လာသောအခါ သင်ခံရလတံ့သော ဗေါင်းတော်၌မွမ်းမံစီခြယ်ရန် အ…

ဇွန်လ(၂၀)#စိတ်ရွှင်လန်းခြင်းရှိတော်မူသောယေဇူး၏ရွှေနှလုံးတော်။

ဇွန်လ(၂၀)#စိတ်ရွှင်လန်းခြင်းရှိတော်မူသောယေဇူး၏ရွှေနှလုံးတော်။ ငါ့သား၊ ငါ၏ရွှေနှလုံးတော်ထံမှ စိတ်ရွှင်လန်းခြင်းပါရမီကို သင်ယူပါလော့။ ဘက်သလေဟိမ်မြို့မှ ကာလ်ဝါ ရီတောင်ထိပ်တိုင်အောင် ဒုက္ခစရိယာခံထမ်းရမည့် ရူပါရုံသည် ငါ၏မျက်မှောက်၌ အမြဲရှိခဲ့သတည်း။ သို့ပင်ဖြစ်လင့် ကစား ငါနှင့်အကျွမ်းတဝင်သွားလောနေကြသောသူတို့ပင် ငါ့ရွှေနှလုံးတော်၏ ဝမ်းနည်းခြင်းကိုမရိပ်မိကြချေ။ လူ အားလုံးတို့အား ငါသည်ရွှင်လန်းခြင်းကိုပြခဲ့၏။ ငါသည် မျက်နှာထားခြင်း၊ စိတ်ဆိုးစိတ်ထွက်ခြင်းတခါမျှ မရှိခဲ့ပေ။ အကယ်၍သာ ဤသို့ရှိခဲ့ပါမူ ကလေးသူငယ်များတို့သည် ငါ့ထံသို့ချည်းကပ်၍ ငါ၏ရွှေနှလုံးတော်၌ ခိုလှုံဝံ့ကြမည် မဟုတ်ချေ။ ဂျက်ဆေမာနီဥယျာဉ်တွင် ဝမ်းနည်းခြင်းရှိသည်ကို တပည့်တော်ကြီးများတွေ့မြင်ကြသောအခါ သူတို့ နားမလည်နိုင်ကြချေ။ အကြောင်းမူကားဤသို့သောအခြေအနေမျိုး၌ ငါ့ကိုအဘယ်အခါမျှ မမြင်ဘူးကြသောကြောင့် ဖြစ်ပေသည်။…

သဘာဝတရား၏ မှန်ကန်ခြင်း

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝတရား၏ မှန်ကန်ခြင်း” ခေါင်းစဉ်ဖြင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက်/တည်းဖြတ် – ဇော်နိုင်ဦး ရိုက်ကူး – ပေါလ်