rvamyanmar

rvamyanmar

(၁၅) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့ဩဝါဒ

CALL TO BE A DISCIPLE IS A CALL TO CONFRONT EVIL,  NOT TO COLLUDE WITH EVIL – BE DISCIPLE, NOT A DEVOTEE တပည့်တော် ဖြစ်ဖို့ခေါ်ခြင်းသည် မကောင်းမှုများကို ရင်ဆိုင်ဖို့ဖြစ်သည်။ မကောင်းမှုများနဲ့အဆုံးသတ်ဖို့မဟုတ်ပါ-တပည့်တော်ဖြစ်ပါ၊ သာမာန်ကိုးကွယ်သူ သက်သက်မဖြစ်ပါစေနဲ့။ ကာဒီနယ်ချားစ်မောင်ဘို၏ဘြဝါဒ-ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ မြန်မာ (၁၅) ကြိမ်မြောက် သာမာန်တနင်္ဂနွေနေ့  ပထမကျမ်း။  ။ အာမုတ် ရး၁၂-၁၅- ငါ့၏လူမျိူးတွေကို ပရောဖက်ပြုလော့…

သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာတော့ ” သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ ” ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် -William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #သဘာဝပတ်ဝန်းကျင်ဆိုတာဘာလဲ #Environment #Nature #Rvamyanmar

ခရစ်ယာန် သာသနာ၏ ရင်းမြစ်

ခရစ်ယာန် သာသနာ၏ ရင်းမြစ် ကက်သလစ် အသင်းတော်၏ အခြေခံ အချက်မှာ ယေဇူးခရစ်တော် သခင် ကိုယ်တိုင် ကက်သလစ် အသင်းတော်အား တည်ထောင်ထားခြင်း ဖြစ်ပါသည်။ ကက်သလစ် အသင်းတော်၏ မူလ အစမှာ ဂျေရုစလင်မြို့ရှိ ယေဇူးသခင်၏ တပည့်တော် သာဝကများ လူနည်းစုမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က တပည့်တော်ကြီးများသည် သူတို့၏ ဆရာသခင် ယေဇူးအား ကားတိုင်တင် အသတ်ခံခဲ့ရမှုကြောင့် အစကနဦးတွင် အလွန်အမင်း ကြောက်လန့်နေခဲ့ကြသည်။ မိမိဆရာအား ရာဇဝတ်သား အဖြစ် သတ်ဖြတ်ခဲ့ချိန်တွင် တပည့်တော်…

အချစ်မှာအပြစ်မမြင်

အားလုံးပဲမင်္ဂလာပါအာဗီအေမြန်မာသာသာအစီအစဥ်ကနေအပတ်စဥ်တိုင်တင်ဆက်ပေးနေတဲ့အစီအစဥ်လေးကနေတဖန်ကြိုဆိုပါတယ်ရှင်။တက်ဆက်ပေးမဲ့ ခေါင်းစဥ်လေးကတော့ အချစ်မှာအပြစ်မမြင် ဆိုတဲ့ အကြောင်းအရာလေးနဲ့တင်ဆက်ပေးသွားမှာြဖစ်ပါတယ်။သော်တရှင်မိတ်ဆွေများရှင် -အချစ်မှာအပြစ်မမြင်ဘူးလို့အဆိုအမိန့်တွေမှာမြင်ဖူးကြားဖူးကြမှာပေါ့။ မိမိရဲ့ချစ်သူကို စတင်ချစ်မိ၊မေတ္တာထားတဲ့နေကစပြီးတော့သူအပေါ်မှာအပြစ်မြင်ခြင်း၊စိတ်နာခြင်း၊မာနလိုခြင်း၊သံသယပွားအငြိုထားခြင်းတွေမရှိတော့အချိန်ပေါ့။အယောက်တိုင်းမဟုတ်ပင်မဲ့တချို့တွေအတွက်ပေါ့။ ပြောရမယ်ဆိုရင်တော့(ချစ်နေတုန်းဘာပဲလုပ်လုပ်ခွင့်လွှတ်တတ်တာကိုပြောတာဖြစ်ပါတယ်။)ဒါအပြင်အချစ်မှာမျက်စိမရှိဘူးလိုလည်းဆိုကြပြန်ပါတယ်။ဥပမာ အနေနဲ့ (၇၀)ကျော်အမျိုးသားနဲ့အသက်(၂၀) အမျိုးသမီးငယ်တို့ဖူးစာပါလို့လက်ထပ်ထိမ်းမြားအိမ်ထောင်ပြုကြတာတွေလဲမြင်ဖူး၊ကြားဖူးကြမှာပေါ့။အဲဒါတွေကလဲအကြောင်းအမျိုးမျိုးကြောင်းလဲဖြစ်သလို၊အချစ်မှာမျက်စိမပါတာ၊လဲဖြစ်နိုင်ပါတယ်။တကယ်တော့အရွယ်သုံးပါးစလုံးမှာအချစ်ရှိကြတာပါ။အချစ်မှာအရွယ်အစား၊အသက်အရွယ်တွေနဲ့ကန့်သတ်မထားပါဘူး။တကယ်တော့ချစ်တာကအပြစ်မရှိ၊မချစ်တက်တာကအပြစ်ရှိတာဖြစ်ပါတယ်။ဒါပြင်မဲ့မှန်ကန်စွာနဲ့ချစ်တက်ဖို့တော့လိုပါလိမ့်မယ်နော်။အချစ်ဆိုတဲ့အရာကိုဖန်းတီးယူလိုမရပါဘူး။သူအလိုလိုဖြစ်ပေါ်လာတက်ပါတယ်။ညီငယ်၊ညီမငယ်တို့ကိုအားပေးတိုက်တွန်းချင်တာကအချစ်ဆိုတဲ့အရာကိုရွေးချယ်တဲ့အခါမှာစိတ်မစောဖို့၊စိတ်မလောဖို့၊တော့လိုပါတယ်။မှတ်တိုင်မှာစောင့်နေရတဲ့ဘတ်စကားလိုမျိုးဖြစ်ပါတယ်။တစ်စီးလွတ်သွားရင်၊ကြေကွဲ၀မ်းနည်း၊ဒေါသထွက်နေမဲ့အစားနောက်တစ်စီးကိုအကောင်းဆုံးလိုမှတ်ပြီစိတ်ရှည်စွာ၊နဲ့စောင့်ဖို့တော့လိုပါလိမ့်မယ်နော်။အချိန်တွေရှိသေးရင်ပေါ့လေ။ညီငယ်၊ညီမငယ်တို့ အချစ်ကိုကစားစရာဆော့စရာတစ်ခုလိုပေါ့ပါ့ဆဆမလေးမစားမလုပ်မိဖို့တော့လိုပါတယ်။ဘာကြောင့်လဲဆိုရင်အချစ်ဆိုတဲ့အရာကနှစ်ပေါင်းများစွာထဲကရှင်သန်နေတဲ့အရာဖြစ်လိုပါ။မိမိထက်အများကြီးအရေးကြီးတာမို့လေးလေးစားစားဆက်ဆံသင့်လှပါတယ်။မိမိရဲ့ပတ်၀န်းကျင်မှာဖြစ်ဖြစ်၊မိတ်ဆွေသူငယ်ချင်းတွေမှာဖြစ်စေ၊အချစ်ကြောင့်ဘ၀ပျက်သွားကြတဲ့သူတွေရှိသလို၊တချို့ကျတော့လဲအချစ်ရဲ့လက်တွဲဖော်ကောင်းကောင်းတွေ့ပြီးတော့ကောင်းကောင်းမွန်မွန်ပြောင်းလဲသွားကြတဲ့သူတွေလည်းရှိတက်ကြပါတယ်။ကျွန်မတို့ရဲ့ပတ်၀န်းကျင်ရှိပါတယ်။သူတို့တွေကတော့အချစ်စစ်အချစ်မှန်မေတ္တာစစ်တွေနဲ့ဆုံတွေကြရတယ်လိုပြောရမှာဖြစ်ပါတယ်။ညီငယ်ညီမငယ်တို့လည်း၊ကောင်းတဲ့အချက်တွေကိုအတုယူစေချင်ပါတယ်။ဗဟုသုတ၊အကျိုးတစ်စုံတစ်ရာများရရှိစေချင်လိုကျွန်မဖတ်ဖူးခဲ့တဲ့စာတွေထဲကနေကိုးကားတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။မိတ်ဆွေလူငယ်များရှင် -အချစ်မှာကြေကွဲစေနိုင်တဲ့အစွမ်းဘယ်လောက်ပဲရှိနေပါစေမိမိဘက်ကဒီကြေကွဲခြင်းတွေကိုလျော့ကျနိုင်ဖို့ရန်အချစ်ရဲ့နက်နဲ့ရာတွေကိုလေ့လာသင်ယူကြပါနော်။ဒါမှာလဲအချစ်ဆိုတဲ့လောကပင်လယ်ကြီးထဲမှာဆုန်းဈန်ကူးခတ်နိုင်မှာဖြစ်ပါတယ်။အချစ်မှာမျက်စိမရှိလို့ဆိုကြပင်မဲ့လည်းမိမိဘက်ကနေအချစ်ရေးရာမှာမျက်စိမကန်းဖို့တော့လိုပါမယ်နော်။နောက်ဆုံးအနေနဲ့အားပေးချင်တာက ညီငယ်၊ညီမငယ်တို့ဘ၀မှာစစ်မှန်တဲ့ချစ်ခြင်းမေတ္တာမျိုးကိုရယူပိုင်ဆိုင်ကြပါစေ။ချစ်ခြင်းမေတ္တာရဲ့ဂုဏ်ဒြပ်တွေဖြစ်တဲ့နားလည်းပေးတက်ခြင်း၊ခွင့်လွှတ်တက်ခြင်း၊မနစ်နာခံ၊ပေးဆပ်တက်ခြင်း၊ကိုယ်ကျိုးစွန့်ခြင်းတွေနဲ့လောကကမ္ဘာကြီးကိုတည်ဆောက်သွားကြစို့လားကွယ်။ချစ်သောလူငယ်မောင်မယ်တို့လည်းပျော်ရွှင်ကြည်နူးတဲ့ဘ၀တွေနဲ့ပိုင်ဆိုင်နိုင်ကြပြီးတော့အချစ်ရဲ့ကြွေကွဲလွမ်းဆွမ်းမှုတွေနဲ့ကင်းကွာကြပါစေလို့ဆန္ဒပြုဆုတောင်းပေးပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်မကတော့စစ္စတာရ်မေရီဒိမ် ပါရှင်။

စည်းရိုးပေါ်ခွမထိုင်ပါနဲ့

လူသားကမ္ဘာကောင်းကျိုးဖြာစည်းရိုးပေါ်ခွထိုင်ပြီး နှစ်ဘက်လုံးရဲ့အားသာမှု၊ အားနည်းမှုတွေကို လေ့လာအကဲခတ် ပြီးမှအောင်နိုင်မဲ့ဘက်ကို ခုန်ကူးလေ့ရှိသူတွေကို သာမန်လူမှုရေးကိစ္စတွေ ကအစ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွေအထိ တွေ့ရတတ်တာကြောင်း “စည်းရိုးပေါ်ခွမထိုင်ပါနဲ့” ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။#goodness #tuesday #rvamyanmar #july2021Photo credit- google