
ဖာသာရ် ဂျော့ရွှေထွန် (၂၂) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ စက်တင်ဘာလ ၁ ၊ ၂၀၂၁



ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီးကာဒီနယ်ချားလ်စ်ဘို ၏ (၂၂) ကြိမ်မြောက် တနင်္ဂနွေနေ့ “ဦးနှောက်ကနေ နှလုံးသားဆီရောက်ဖို့ ၊ မမှန်ကန်ခြင်းကနေ အမှန်တရားဖြစ်လာဖို့နဲ့ ဖြောင့်မတ်မှန်ကန်ခြင်းနဲ့ လွတ်လပ်ခြင်းအတွက် မိမိတို့ကိုယ်တိုင် ရုန်းကန်ရခြင်းတွေဟာ ဘဝမှာ အရှည်ကြာဆုံးခရီးဖြစ်ပါတယ်။” ပထမကျမ်း။ ။ တရားဟောရာကျမ်း ၄း ၁-၂၊ ၆-၈ – ဒီကြီးမြတ်တဲ့ တိုင်းပြည်ကဲ့သို့ ဘယ်လူမျိုးမှ ပညာ အမြှော်အမြင်နဲ့ မပြည့်စုံ မထက်မြတ်ကြပါဘူး။ ”ကျွန်ုပ်တို့ လူမျိုးလောက်ကြီးမြတ်တဲ့ လူမျိုးရှိပါအုံးမလား။ ဒုတိယကျမ်း။ ။ ရှင်ယာကုပ်ဩဝါဒစာ ၁း ၁၇-၁၈၊ ၂၁ခ-၂၂၊ ၂၇…


အားလုံးပဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက် နေကြဖြစ်တဲ့သီရိဂေအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ ဒီတစ်ပတ်ကျွန်မတင်ဆက်ပအကြောင်းအရာလေးကတော့ “ငြိမ်းချမ်းခြင်း “ ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ သော်တရှင်မိတ်ဆွေများရှင် – ဘ၀မှာဆောင်ထားသင့်တဲ့အရာ (၃) ခုရှိပါတယ်။အဲ့ဒါတွေကတော့ မျှော်လင့်ခြင်း၊ငြိမ်းချမ်းခြင်း နှင့်ဖြောင့်မတ်ခြင်းတွေဖြစ်ပါတယ်။သုံးခုထဲကငြိမ်းချမ်းခြင်းအကြောင်းကို ပြောသွားမှာဖြစ်ပါတယ်။ကျွန်မတို့တိုင်းသူပြည်သားတွေအလိုချင်ဆုံးနဲ့အလိုအပ်ဆုံးအရာကတော့ ငြိမ်းချမ်းခြင်းဆိုတာကိုလိုလားတောင်းတနေကြပါတယ်။ဘာကြောင့်ငြိမ်းချမ်းခြင်းတွေချစ်ခြင်းမေတ္တ ာတွေကိုလိုလားကြတာလဲ။ဥပမာ ပြောရမယ်ဆိုရင် ငြိမ်ချမ်းခြင်းမရှိတဲ့မိသားစု ၊ငြိမ်သက်ခြင်းမရှိတဲ့ ရက်ကွက်၊ကျေးရွာ၊မြို့နယ်၊တိုင်းပြည်တွေမှာ၊သူသူဌါဌါဘယ်သူမဆိုမနေခြင်းမနေနိုင်ကြပါဘူး။ဘာကြောင့် လဲစိတ်ပင်ပန်းတယ်၊ပျော်ရွှင်မှုမရှိ၊ပူလောင်းရ၊ဒါအပြင်လွတ်လပ်မှုမရှိတော့စိတ်ကျဥ်းကျပ်ရတာပေါ့။ အဲဒီလိုပဲပေါ့မိသားစုအတွင်း၊နိုင်ငံအတွင်း၊အဖွဲ့အစည်းအစုအသင်းတွေမှာအဆင်မပြေမှုတွေ၊ညိုနှိုင်းမရလို၊ စိတ်၀မ်းကွဲ၊မနာလို၊အတ္တတွေ၊အမုန်းတရားတွေနဲ့၊စသည့်တို့ကြောင့်ငြိမ်းချမ်းရေးမရှိဖြစ်ကြပါတယ်။အဓိက တော့အတွင်းစိတ်မငြိမ်းချမ်းလိုဖြစ်ပါတယ်။အတွင်းစိတ်ငြိမ်းချမ်းမယ်၊မိမိမိသားစုအတွင်းငြိမ်းချမ်းမယ်ဆိုရင် ရက်ကွက်၊ကျေးရွာ၊မြို့နယ်၊နိုင်ငံ၊တိုင်းပြည်တွေလည်းငြိမ်းချမ်းလာမှာဖြစ်ပါတယ်။ကျွန်မတို့အားလုံးသိကြတဲ့ မာသာရ်ထရေးဇာကဘာပြောထားသလဲဆိုရင်ငြိမ်းချမ်းရေးကိုမိသားစုကနေအစပြုပါလိုပြောထားပါတယ်။ ပတ်၀န်းကျင်၊မိသားစုအတွင်း၊အဖွဲ့အစည်းအတွင်းတွေမှာဆူပူနေသရွေ့တော့ငြိမ်းချမ်းနိုင်မှာမဟုတ်ပါဘူး။ ဒါအပြင်စစ်မက်ရေးရာအကြမ်းဖက်မှုတွေ၊လူကိုလူလိုတောင်မသတ်မှတ်လောက်အောင်ရိုက်နှက်သတ်ဖြတ် မှုတွေ၊ညှင်းဆဲနေကြတာတွေကလည်းအဓိကတော့အတွင်းစိတ်ရဲ့ငြိမ်သက်ခြင်းမရှိလို၊ချစ်ခြင်းမေတ္တတွေအကြင် နာတရားတွေခေါင်းပါးနေလိုပဲဖြစ်ပါတယ်။နားလည်ပေးမှု၊စာနာမှု၊ဂရုဏာတရား၊မေတ္တတရားတွေ၊စသည့်စိတ်ဓာတ် တွေမရှိသရွေ့တော့၊မထားနိုင်သရွေ့တော့မိမိတို့ရဲ့အတွင်းစိတ်ထဲမှာငြိမ်းချမ်းမှုဆိုတာတွေစိုးမိုးလာနိုင်မှာမဟုတ်ပါ။ စောစောကပြောတဲ့စိတ်ထားတွေထားနိုင်ဖို့လိုအပ်နေပါပြီ။လက်ကိုင်ပြုကြဖို့လည်းလိုနေပါပြီ။ငြိမ်းချမ်းရေးရရှိဖို့ရန်အတွက်အမျိုးမျိုးကြိုးစားနေကြပါတယ်။သူတို့တွေအတွက်လည်းမေတ္တာပို့ပေးဖို့လိုပါတယ်။ ငြိမ်းချမ်းရေးရရှိဖို့အတွက်အချိန်ကုန်၊လူပင်ပန်း၊စိတ်ပင်ပန်း၊စိတ်ရှည်ခြင်းများစွာ၊စိတ်ဓာတ်ကြံ့ခိုင်မှု၊စိတ်ခွန်အားနဲ့ ကြိုးစားနေကြပါတယ်။တနည်းအားဖြင့်ငြိမ်းချမ်းခြင်းနဲ့စိတ်ပါ၀င်စားမှု၊ချစ်ခြင်းမေတ္တာပေးဆပ်မှုတွေဟာတိုက်ရိုက် အချို့ကြတယ်လို့ဆိုရမှာဘဲဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာမရှိသရွေ့တော့ငြိမ်းချမ်းခြင်းရရှိဖို့ရန်တွက်လည်းခက်ခဲကြာ…




ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဥ်မှာ ” ဇီဝမျိုးကွဲများ ဘာကြောင့် အရေပါးရတာလဲ” အပိုင်း (၁) ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး၊တည်းဖြတ်- ပင်ကီ #rvamyanmar #rvapastoralcare #Environment #Flowersandplants


ဒီနေ့ သြဂုတ်လ ၂၇ ရက်နေ့ဟာ သံတာမော်နီကား၏ ပွဲနေ့ဖြစ်ပါတယ်။ သံတာမော်နီကား အမည်ကိုခံယူထားကြသူများအားလုံးကို ဂုဏ်ယူ၀မ်းမြောက်ဖွယ်ရာနေ့ပါဟု နှုတ်ဆက်လိုက်ပါရစေ။ သံတာမော်နီကားကို သူမ၏သား စိန်သြဂုစ္စတင်းနှင့်ဆက်စပ်ပြီး လူသိများကြပါတယ်။ သြဂုစ္စတင်းသည် လူပေလူတေနဲ့ အယူဝါဒခက်ထန်လွန်းပြီး ဒိဠိတစ်ယောက်အဖြစ်ပင်နေထိုင်လာခဲ့သော်လည်း နောက်ဆုံးမှာတော့ မိခင်သံတာမော်နီကား၏ဆုတောင်းမေတ္တာကြောင့် ဘုရားသခင်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး အသင်းတော်၏ကြီးမြတ်သော ဓမ္မသင်္ဂြိုလ်နှင့် ရဟန္တာကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဤသည်မှာ သံတာမောနီကား၏ဆုတောင်းမေတ္တာကြောင့်သည်မှာ ထင်ရှားလှသလို၊ စိန်သြဂုစ္စတင်းကိုယ်တိုင်လည်း သက်သေခံခဲ့ပါတယ်။ သံတာမော်နီကားသည် အလွန်ပင်ဘာသာတရားကိုင်းရှိုင်းပြီး ဘုရားသခင်ကိုယုံကြည်သက်၀င်သူတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း သူမဘ၀ဟာ အရပ်သားစကားနဲ့ဆိုရလျှင် အိမ်ထောင်ဖက်ကံမကောင်းခဲ့ရှာပါဘူး။ ဒါဟာ တကယ်တန်းတော့ ဘုရားသခင်၏…