ဒီကနေ့ကြားနာရတဲ့ သမ္မာကျမ်းစာက ကျွန်တော်တို့အတွက်အဆက်အစပ်မရှိသလို ဖြစ်နေတယ်။ တကယ်တို့ဒီနေ့ကြားနာခဲ့ရတဲ့ကျမ်းစကားဟာ ခရစ်တော် အဆင်းသဏ္ဍန် ပြောင်းလဲးပြီး တောင် ပေါ်က ဆင်းလာချိန်မှာတပည့်တော်ကြီး တွေကိုပြောတဲ့စကားဖြစ်တယ်။ ဒီတကြိမ်မှာလည်း သူဒုက် ခခံရမဲ့အကြောင်း၊ အသေသက်ခံရမယ့်အကြောင်း၊ ပြန်လည်ရှင်းပြထမြောက်မည့်အကြောင်း ကိုတပည့် တော်ကြီးတွေကိုပြန်လည်ပြောပြခဲ့သည်။ ဒါပေမယ့်သူတို့နားမလည်ခဲ့ကြဘူး။ ဘာဖြစ်လိုလည်းဆိုတော့ သူတို့မျှော်လင့်တဲ့ ကယ်တင်ရှင်က နိုင်ငံရေး သမားကယ်တင်ပုံစံ လတ်တလော လောကအသက်တာသက် သာလွတ်မြောက်ရေးအတွက်လောက်သာမျော်လင့်တွေးခေါ်ခဲ့ကြလို့ဖြစ်တယ်။ ခရစ်တော့်ကို အပြည်အဝနား မလည်ကြသေးတဲ့တပည့်တော်ကြီးတွေလိုပဲကျွန်တော်တို့ယုံကြည်သူ ခရစ်ယာန်အသိုင်းအဝိုင်းမှာခရစ်တော် နောက်လိုက်ခရစ်ယာန်တွေဟာခရစ်တော်ကိုကိုယ့်အထင်ကိုယ့်အမြင်နဲ့လောကအသက်တာသာယမှု့ရဖို့လိုခြင် တာတောင်းဖို့လောကအပျော်အတွက်လောက်သာယုံကြည်သက်ဝင်နေကြတာကိုသတိထားမိတယ်။ လောကအ ရာထက်ထာဝရအသက်တာကိုမြင်နိုင်ဖို့၊ လောကတသက်တာကလအမြင်ထက် ဘုရားသခင်နဲ့အတူထာဝရအသက် တာခံစားရဖို့ ခရစ်တော်ကိုယုံကြည်နိုင်သူတွေဖြစ်ကြပါစေ။။