
လူငယ်တိုင်း ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ မိမိရဲ့ အနာဂတ်အိပ်မက်ကို ဘယ်လို တည်ဆောက်မလဲ

To Set Goals ဒီနေ့မှာ လူငယ်တိုင်း ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင်ရောက်ရှိဖို့ မိမိရဲ့ အနာဂတ်အိပ်မက်ကို ဘယ်လို အကောင်အထည်ဖော်တည်ဆောက်ပြီး ရယူအောင်မြင်နိုင်ဖို့ Sharing လေးပေးချင်ပါတယ်။ ကျွန်တော်တို့မှာ အိပ်မက်ရှိတယ်လို့ ဒီနေ့လူငယ်တွေ ပြောနေကြတယ်။ ဟုတ်ပါတယ်။ အိပ်မက်ရဲ့အဆုံးမှာ ပန်းတိုင်ပဲပေါ့။ လူတိုင်းမှာ ကိုယ်စီအိပ်မက်ဆိုတာရှိပါတယ်။ ကျောင်းသားဆိုရင်လည်း မိမိပညာရေးနဲ့ ဆိုင်တဲ့ အိပ်မက်။ Relationship ကိုတည်ဆောက်တော့မယ်သူဆိုလည်း သူ့အိပ်မက်နဲ့ သူ။ သက်လတ်ပိုင်းကျပြန်တော့ သူ့မိသားစု သူ့သားသမီးနောင်တချိန်အတွက် အိပ်မက်တွေ ကိုယ်စီရှိကြ တာချည်းပါပဲ။…








