
ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ဩဝါဒ
“ငါတို့သည် ငါတို့ မြင်ခဲ့ကြားခဲ့ရသောအရာများကို မဟောပြောဘဲ မနေနိုင်” (တမန်တော်၀တ္တု ၄း၂၀) ၂၀၂၁ ခုနှစ်၊ ကမ္ဘာ့သာသနာပြုတနင်္ဂနွေနေ့အတွက် ရဟန်းမင်းကြီး အရှင်သူမြတ် ဖရန်စစ်၏ ဩဝါဒကို ဒေသခံအခြေအနေနှင့် စပ်ဆက်၍ ထောက်ရှုချက် ကာဒီနယ်ချားစ်လ်မောင်ဘို၏ ဩဝါဒ၊ ရန်ကုန်ဂိုဏ်းချုပ်သာသနာ၊ ရန်ကုန်၊ မြန်မာ။ ပထမကျမ်း။ ။ ဟေရှယ ၅၂း၇-၁၀ ဒုတိယကျမ်း ။ ။ ရောမ ၁၀း ၁၄-၁၈ ဧဝံဂေလိကျမ်း။ ။ မာသဲ ၂၈း ၁၆-၂၀ ခရစ်တော်၌ ချစ်ခင်လေးစားရပါသော ညီအစ်ကိုမောင်နှမအပေါင်းတို့ ကြီးမြတ်သော ခရစ်တော်ယေဇူး၏နာမတော်မြတ်၌…








