
ဖာသာရ် peter ကြည်မောင် (မန္တလေး) သာမန်ကာလ (၃၄) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၂၃၊ ၁၁၊ ၂၀၂၂

ဓမ္မိတ်ဆွေတို့ ဒီကနေ့ရှင်လုကား ဧဝံဂေလိကျမ်းမှာ သူကိုယုံကြည်သူတွေသူ့နောက်လိုက်တွေ သင်တို့တွေ ငါကြောင့် ဖမ်းစီးခံရမယ် ညှင်းပန်းနှိပ်စက်ခံကြရမယ်။ ထောင်ချခံရမယ်၊ သင်တို့ရဲ့မိဘ၊ ညီကိုမောင်နှမတွေအစ သစ္စာဖေါက် တာကိုခံကြရမယ် သင်တိုကို ကာကွယ် ဖို့ ဘာပြောရမယ် ဆိုတာရယ် ညာဏ်ပညာရယ်ကိုငါပေးမယ်။ သင်တို့ရဲ့ငါ့ အပေါ်မှာထားတဲ့ယုံကြည်ခြင်းရဲ့ခံနိုင်ရည်ရှိမူ့၊ သည်းခံနိုင်မူ့က သင်ကိုကယ်တင်လိမ့်မယ် တဲ့၊ လူတိုင်းဘဝမှ ာဒုက္ခအခက်ခဲကြုံဖူးကြမှာပဲ၊ လိမ်ညာခံရမှုတွေလည်းကြုံတွေ့ကြရမယ်။ အဲဒီမကောင်းမှုခါးသီးမှုတွေကိုကျွန်တော် တို့ဘယ်လိုကျော်ဖြတ်ခဲ့တယ်ဆိုတာကိုစဉ်းစားကြည့်ပါ။ မကျော်ဖြတ်နိုင်သေးဘူးဆိုလျှင်၊ သခင်ခရစ်တော်ရဲ့အသက် တာကိုပြန်လည်ထောက်ရှုကြည့်ပါ။ ဘုရားရှင်တောင်မှ၊ သစ္စာဖောက်ခြင်းခံခဲ့ရတယ်၊ ဒုက္ခမျိုးစုံခံခဲ့ရတယ်၊ သခင်ခရစ်တော်ခံခဲ့တဲ့ဒုက္ခတွေက သူ့အတွက်ခံခဲ့တာမဟုတ်ဘူး။ ကျနော်တို့တတွေးကယ်တင်ခြင်းရဖို့အတွက်ခံခဲ့ တာဖြစ်တယ်။ ဒါပေမယ့်ကျွန်တော်တို့ခံေနရတဲ့ဒုက္ခတွေက ကျနော်တို့ပြုမိခဲ့တဲ့အပြစ်အမှားတွေကြောင့်သာ အမျာ းအားဖြင်ခံနေကြရခြင်ဖြစ်တယ်။ ဒီကနေ့ ဧဝံဂေလိ…






