
ဖာသာရ် ရစ်ချက်လှမင်းဦ (၃၂) ကြိမ်မြောက် သာမာန်ရက်သတ္တပတ် ကြာသာပတေးနေ့ ဩဝါဒ နိုဝင်ဘာလ ၁၁ ၊ ၂၀၂၁



ဘုရား၏နှုတ်ကပါတ် တရားတော်အား အာဂုံဆောင်ခြင်း (၁) သမ္မာကျမ်းစာဖတ်ရှု့ ခြင်းနှင့် ဖတ်ရှုရာ၌ လုပ်ဆောင်ရမည့်အချက်များ မည်သူမဆို အရှင် ဘုရားသခင်နှင့် ရင်းနှီး ကျွမ်း၀င်လျှင် အကောင်းဆုံး အစပြုခြင်းမှာ သမ္မာကျမ်းစာ ဘုရားနှုတ် ကပါတ်တော်ကို ဖတ်ရှုရန် ဖြစ်သည်။ သမ္မာကျမ်းစာဖတ်ရှုခြင်း၌ ဘုရားအား ပုဂ္ဂိုလ် (လူသား) တစ်ဦး အနေဖြင့် ကျွန်ုပ်တို့တွေ့ရပြီး ကျွန်ုပ်တို့အတွက်သူ၏ နည်းလမ်းများနှင့် စီမံကိန်းများကို ကျွန်တော်တို့ သိရှိလာကြသည်။ ကျွန်ုပ်တို့ မည်သို့ အသက်ရှင်နေထိုင် ရမည်ကိုလည်း သမ္မာကျမ်းစာ တော်က သင်ကြားပေး၏။ သို့သော်လည်း…

သခင်ယေဇူးရဲ့ဆွေမျိုးများ မေးခွန်း (၁) – သခင်ခရစ်တော်မှာ ညီအစ်ကိုအရင်းတွေရှိပါသလား။ မေးခွန်း(၂) – မယ်တော်မာရီယားမှာ ခရစ်တော်အပြင်တစ်ခြားသားသမီးအရင်းတွေရှိပါသလား။ မေးခွန်း(၃) – မယ်တော်မာရီးယားဟာ ထာဝရအပျိုစင်ဖြစ်ပါသလား။ မေးခွန်း(၄) – ခရစ်တော်မွေးပြီးနောက် သောသပ်နှင့်မယ်တော်မာရီးယားမှာ တစ်ခြားကလေးများရကြပါသလား။ အဖြေ။ ။လူ့ဇာတိခံ သခင်ယေဇူး၏ ဆွေစဉ်မျိုးဆက်များဇယား စိတ်ဝင်စားစရာလေးပါ။ မှတ်ထားကြပါကွယ်။ ဒီအချက်အလက်လေ့လာသူကတော့ ခရစ်ယာန်ဘာသာလည်းမဟုတ်၊ ခရစ်တော်ကိုဘုရားအဖြစ်လက်ခံသူလည်းမဟုတ်၊ သို့သော်လည်း ခရစ်တော်က လူ့လောကမှာရှိခဲ့တာကိုယုံကြည်ပြီး ကျမ်းစာကို အသေးစိပ်လေ့လာသည့်ပညာရှင်တစ်ယောက်ပါ။ Credit to original video Deacon Daai Mana…

အာလုံးပဲမင်္ဂလာပါအာဗီအေမြန်မာဘာသာအစီအစဥ်ကနေပြန်လည်ကြိုဆိုပါတယ်။အပတ်စဥ်တိုင်တင်ဆက်နေကြဖြစ်တဲ့သီရိဂေဟာအစီအစဥ်လေးရောက်ရှိလိုလာပြန်ပါပြီ။ဒီတစ်ပတ်လူငယ်အစီအစဥ်လေးမှာကျွန်မတင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“အခက်အခဲ “ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အောင်မြင်မှုပန်းတိုင်ကိုလျှောက်လှမ်းနေကြတဲ့လူငယ်မောင်မယ်များအတွက်အထောက်အကူ၊တစ်စုံတစ်ရာ၊စိတ်ဓာတ်ခွန်အားများရရှိလိမ့်မယ်လို့မျှော်လင့်လိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ချစ်သောမိတ်ဆွေများရှင် ပုထုဇဥ်လူသားဖြစ်လာရင်ဘယ်သူမဆိုအခက်အခဲနှင့်မတွေ့ကြုံဘူးတဲ့လူမရှိပါဘူး။ဒါပေမဲ့လောကမှာကျွန်မတို့တတွေကြုံရမဲ့အခက်အခဲတွေကြားမှာညည်းညူမနေဘဲကြိုးစားလုပ်ဆောင်သွားမှသာလျှင်အောင်မြင်မှုသရဖူကိုဆွတ်ခူးနိုင်မှာဖြစ်ပါတယ်။အကြောင်းမလှလိုကံဆိုးပြီးအခက်အခဲတွေနဲ့ကြုံတွေခဲ့ရင်တောင်ပညာသတိရှိစွာနဲ့အရာရာကိုကျော်လွှားနိုင်အောင်တွေ့ကြုံလာရတဲ့အခက်အခဲတွေထဲမှအောင်မြင်မှုကိုဆွတ်ခူးနိုင်အောင်ကြိုးစားကြရမှာပါ။ဒါဟာလည်းကျွန်မတို့လူသားတွေရဲ့တာ၀န်ပဲဖြစ်ပါတယ်။ကျွန်မတို့တွေကြုံနေရတဲ့အခက်အခဲတွေဟာမိမိရဲ့ရှေ့ဆက်ရမဲ့ဘ၀ရှည်ကြီးကိုရပ်တန့်စေတဲ့အရာလား၊ပန်းတိုင်ရောက်ဖို့ရန်နောက်ဆုတ်စေတဲ့အရာလား၊ဆိုတာကိုပုရွက်ဆိတ်လေးရဲ့ပုံပြင်ကိုနားထောင်ပြီးသင်ခန်းစာယူနိုင်ကြပါစေနော်။ချစ်သောမိတ်ဆွေများရှင် ပုရွက်ဆိတ်လေးရဲ့ ပုံပြင်လေကိုေဌါပေးပါရစေ။ ပုရွက်ဆိတ်တွေမှာထူးခြားချက်တွေရှိကြပါတယ်။ပုရွက်ဆိတ်တွေဟာအစာသယ်တဲ့အခါအသုံးပြုတဲ့လမ်းကြောင်းကိုအင်ဆက်တားမြေဖြူနဲ့တားလိုက်မိပါတယ်။ဒါနဲ့ရှေ့မှာခရီးသွားဖို့ပိတ်ဆို့သွားတယ်လို့သိလိုက်တဲ့ပုရွက်ဆိတ်ဟာနောက်ပြန်သွားမယ်လို့ထင်ခဲ့ပါတယ်။အနောက်တော့သွားပါတယ်။ဒါပေမဲ့တည့်တည့်တော့မဟုတ်ပါဘူး။ဘေးဘယ်ညာလှည့်ပြီးမြေဖြူမတားထားတဲ့တစ်ဖက်ဖက်ကနေသူတို့အိမ်ဆီကိုမရောက်ရောက်အောင်သွားပါတယ်။ဒါနဲ့မြေဖြူနဲ့လိုက်တားပေမဲ့နောက်ဆုံးတော့သူ့အိမ်ကိုမရောက်ရောက်အောင်ကွေ့၀ိုက်ပြီးအိမ်ရှိရာကိုပြန်သွားပါတယ်။စက်၀ိုင်းပုံသဏာန်တားပြီး၀ိုင်းလိုက်မိရင်တောင်မြေဖြူအပါးဆုံးအပိုင်းကိုအရဲ့ စွန့်ပြီးသူလွတ်မြောက်သွားခဲ့ပါတယ်။ကျွန်မတို့လူသားတွေဟာဘ၀အတွက်ရည်ရွယ်ပြီးပန်းတိုင်တစ်ခုရောက်ဖို့ကြိုစားနေချိန်မှာအတားအဆီးအခက်အခဲဆိုတာရှိစမြဲဖြစ်ပါတယ်။ငွေကြေးအခက်အခဲတွေ၊လူမှုရေးအခက်အခဲတွေ၊အချိန်အားလပ်မှုရှိမရှိအခက်အခဲတွေနှင့်အခြားသောအခက်အခဲပေါင်းများစွားဟာ ပိတ်ဆို့စမြဲဖြစ်ပါတယ်။အဲ့အခက်အခဲတွေကြောင့် မိမိကိုယ်ကိုယုံကြည်ချက်ပျောက်ဆုံးကုန်ပြီး၊ငါမလုပ်နိုင်ပါလားလို့ခံယူကာလက်လျော့အဆုံးရှုံးခံတတ်ကြပါတယ်။ဒီအခက်အခဲကလာရာလမ်းကြောင်းကိုပြန်သွားစေဖို့၊နောက်ဆုတ်စေဖို့၊ရည်ရွယ်တဲ့အရာမဟုတ်ပါဘူး။ဒီထက်သွားလိုရတဲ့လမ်းလေးများရှာလိုက်ပါအုံးလို့အသံထွက်ပြောဆိုနေတယ်လို့ခံယူရပါမယ်။ချစ်သောမိတ်ဆွေများရှင် လူ့ဘ၀သံသရာတွင်လျှောက်လှမ်းနေတဲ့ကျွန်မတို့တတွေဟာမိမိရဲ့အနာဂတ်ခရီးကိုမမြင်နိုင်မသိနိုင်တဲ့အတွက်ကြောင့်လူ့ဘ၀ဟာကမ်းမမြင်လမ်းမမြင်ပင်လယ်ကျယ်မှာလှော်ခတ်နေတဲ့လှေငယ်လေးနဲ့တူနေပါတယ်။လှေငယ်လေးဟာ လှိုင်းလုံးကြီးများရဲ့ ရိုက်ခတ်မှုဒဏ်မုန်းတိုင်းဒဏ်တို့ကိုခံစားနေရသလို ကျွန်မတို့တတွေရဲ့နေ့စဥ်ဘ၀အသက်တာမှာလည်းသောကတွေ၊ဒုက္ခတွေ၊စိုးရိမ်မှုအကြောက်တရားတွေ၊ဆုံးရှုံးမှုတွေ၊ပြဿနာတွေနဲ့ကြုံတွေရစမြဲပါပဲရှင်။မိတ်ဆွေတို့ ကြုံတွေ့နေရတဲ့အခက်အခဲများကိုလွယ်တကူနဲ့အရှုံးမပေးလိုက်ပါနဲ့။လူဆိုတာမှားတတ်တဲ့အမျိုးပါဘဲ။ဤကမ္ဘာပေါ်မှာအမှားမကျုးလွန်သူတစ်ယောက်မျှမရှိပါ။လောကကြီးမှာအမှားရှိမှအမှန်ရှိမယ်။ဘ၀မှာအခက်အခဲဆိုတာရှိစမြဲပါ။လှိုင်းမရှိတဲ့ပင်လယ်မရှိသလို၊ဒုက္ခအခက်အခဲမရှိတဲ့ဘ၀ဆိုတာမဖြစ်နိုင်ပါဘူး။အနာခံမှအသာစံရမယ်ဆိုတဲ့ဆိုရိုးစကားအတိုင်းဒုက္ခခံပြီးကြိုးစားမှအောင်မြင်မှုဆိုတာရနိုင်မှာပါ။ဒုက္ခအခက်အခဲတွေကိုကြောက်လိုပုန်းရှောင်နေလိုလဲမရပါဘူး။ကျွန်မတို့တတွေဟာအခက်အခဲတွေကြားမှာ အသက်ရှင်ရကြတာပါ။လူတိုင်းသူတိုင်းမှာမိမိကိုယ်စီအခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ချစ်သောသော်တရှင်မိတ်ဆွေများတို့ ဘ၀မှာ အခက်အခဲတွေလယ်လောက်ဘဲရှိနေပါစေ ၊ပန်းတိုင်ကိုဘဲကြည့်ပြီးအားယူဆက်လျှောက်နိုင်ဖို့ ကြိုးစားရပါမယ်။အခက်အခဲတွေကိုဘဲကြည့်နေရင် တော့ ပန်းတိုင်တောင်ပျောက်သွားနိုင်ပါတယ်လို့၊ဒါကြောင့်မိတ်ဆွေတို့လည်းပန်းတိုင်တစ်ခု၊ပညာတစ်ခု အခြေအနေတစ်ခုရောက်ဖို့ကြိုးစားနေသူဟာမိမိကိုယ်ကိုယုံကြည်ချက်ပြည့်၀နေပြီးတနည်းမဟုတ်တနည်းနဲ့ရောက်ကိုရောက်ရမယ်။ရကိုရရမယ်လိုယုံကြည်ထားဖို့လိုပါတယ်။ဒါအပြင်ကြိုးစားဖို့လဲလိုပါတယ်။ဒါကြောင့်(၁)ယုံကြည်မှရမယ်၊(၂)မဆုတ်မနစ်ကြိုးစားရမယ်၊(၃)သတ္တိရှိရမယ်စသည့်တို့ဖြစ်ပါတယ်။အဲဒီအချက်သုံးချက်နဲ့ပန်းတိုင်ကိုတစ်နေ့မဟုတ်တစ်နေရောက်နိုင်ပါတယ်။ဥာဏ်ကောင်းရမယ်၊ပါရမီရှိရမယ်၊အစရှိတဲ့ဆုပ်ကိုင်ပြလို့မရတဲ့အရာတွေကိုငါ့မှာမရှိပါလားလို့အပြစ်တင်ပြီးလက်လျော့မယ်ဆိုရင်တော့ တားထားတဲ့မြေဖြူကြောင့်လိုရာခရီးကို ရောက်တော့မှာမဟုတ်ပါဘူး။ချစ်သောသော်တရှင်မိတ်ဆွေတို့လည်း ပုရွက်ဆိတ်နဲ့မြေဖြူရာကိုဘ၀တွက်အတုယူစရာသင်ခန်းစာယူနိုင်ကြပါစေလို့ တိုက်တွန်းပေးလိုက်ရပါတယ်။ေဌါပေးလိုက်ရပါတယ်။ကျွန်မရဲ့ဆောင်းပါးလေးကိုဒီတင်အဆုံးသတ်ပါရစေ။သော်တရှင်မိတ်ဆွေအပေါင်းဇွဲလုံ့လနှင့်အောင်မြင်ခြင်းပန်းတိုင်ကိုအခက်အခဲများလို့ကျော်လွှားပြီးရယူနိုင်ကြပါစေ။ အားပေးနားဆင်ကြည့်ရှုသူအပေါင်းဘုရားရှင်ကောင်းကြီးပေးပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်မကတော့ စစ္စတာရ်မေရီဒိမ်ပါရှင်။

ကက်သလစ်အသင်းတော်၏ မေတ္တာရေ(Holy Water) အကြောင်း မေး။ ။ကက်သလစ်အသင်းတော်ကြီးက အသုံးပြုသည့် “Holy Water” ဟုခေါ်သော“ မေတ္တာရေ” အကြောင်းကျမ်းစာတော်မြတ်မှာပါဝင်သလား။ ထိုအရာကို ဘယ်လို ဖန်တီးရယူကြသနည်း။ထိုအရာလုပ်ဖို ့မည်သည့်အရာများလိုအပ်ပါသည်နည်း။ ဖြေ။ ။ကက်သလစ်ဘာသာတူအနေဖြင့် သူများမေးခွန်းချိန် အဲအတွက် အဖြေလိုချင်ခဲ့ဖူးလား။အခု အဖြေကိုကျမ်းစာနဲ ့ပြောပြမယ်။ ကက်သလစ်အသင်းတော်ကြီးသည် ကျမ်းစာကို အမြဲလိုက်သည့် ဘာသာမို ့ တချို့သော ခရစ်ယာန်ဘာသာများလက်မခံသည့် ထူးခြားစိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ်များကို ကျမ်းစာမှာ ကောက်ယူပြီး အသုံးပြုလေ့ရှိတာဟာ စိတ်ဝင်စားစရာဖြစ်သည်။ ကက်သလစ်များအသုံးပြုသော မေတ္တာရေခေါ်(Holy Water) အကြောင်းကို…


ဝင်ဘာလ (၁၁) စိန့်မာတင် (အေဒီ ၃၁၆-၃၉၇) စိန့် မာတင်( St. Martin of Tours)သည် အေဒီ (၃၁၆)မှာ နတ်ကိုးကွယ်သော မိဘများမှ မွေးဖွားခဲ့သည်။ သူသည် ရောမအင်ယာအတွက် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ တစ်နေ့ သူစစ်တိုက်ဖို့ သွားရင်း ဆင်းရဲသားတစ်ယောက်ဟာ စုပ်ပြတ်နေသော အဝတ်အစားနှင့် အအေးဒဏ်တွေကို မခံနိုင်ဖြစ်ကာ တုန်ရီ နေတာကိုမြင်ပြီး သနားကရုဏာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မာတင် ဝတ်လာခဲ့သော ကြီးကျယ်ခန်းနားသည့် စစ်ဗိုလ်ကြီး ဝတ်ရုံကို တစ်ဝက်ဖြတ်ပြီး ထိုဆင်းရဲသားအား ပေးလှူခဲ့သည်။ ထိုသို့ကူညီပေးခဲ့ပြီးနောက် ညတစ်ညမှာ…


