
ဖာသာရ် ဩဂုတ်စတင်း တင်မောင်ထွန် အာရ်ဝင်းတူးကာလ တတိယရက်သတ္တပတ် သောကြာနေ့ ဩဝါဒ ဒီဇင်ဘာလ ၁၇ ၊ ၂၀၂၁





Mindset ဒီနေ့မှာ သားငယ် သမီးငယ်လေးတွေက မွေးရာပါ ပါလာတဲ့ အတွေးအခေါ်လေးတွေနဲ့ သူတို့ ရဲ့ ဘဝကို သူတို့ကိုယ်တိုင် ပုံဖော်သွားကြတယ်ဆိုတဲ့အကြောင်း sharing ပေးချင်ပါတယ်။ တနည်းပြောရရင် သူတို့ရဲ့ ရင်ထဲမှာ ရှိတဲ့ အတွေးအခေါ်နဲ့ ကဏ္ဍမျိုးစုံဖြစ်တဲ့ ခေါင်းဆောင်မှု ဘဝကနေ ချစ်ခြင်းမေတ္တာ relationship အထိ အားလုံးက သူတိုရဲ့ ဘဝဇာတ်ခုံမှာ ပုံဖော်ကပြသွား ကြတာပါ။ အတွေးအခေါ်ပညာရှင်တွေက ပြောတယ်။ ကလေးတယောက်ရဲ့ အတွေးအခေါ်က သူမွေးဖွားလာကတည်းက ကျောက်တုံးတတုံးမှာ ထွင်းထားသလို…


ဒီကနေ့လူသားးကမ္ဘာကောင်းကျိုးဖြာအစီအစဉ်တွက်သူငယ်တော်ယေဇူးလေးမွေးဖွားသန့်စင်ခဲ့တဲ့နွားတင်းကုပ်လေးတွေကိုဘယ်သူကစတင်ပြုလုပ်ခဲ့ပြီးဘယ်လိုရည်ရွယ်ချက်လေးနဲ့ပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးထားပါတယ်။ကမ္ဘာအနှံနှံအပြားပြားမှာရှိတဲ့ကက်သလစ်ဘုရားကျောင်းအသီးသီးနဲ့တချို့အိမ်လေးတွေမှာခရစ္စမတ်အချိန်ခရစ်တော်ဖွားမြင်တော်မူခန်းကိုပြန်လည်အောက်မေ့သတိရစေဖို့နွားတင်ကုပ်လေးတွေကိုဖန်တီးတည်ဆောက်ကြပါတယ်။အဲဒီနွားတင်းကုပ်လေးတွေထဲမှာဆင်းတုတော်လေးတွေပုံတော်လေးတွေထည့်ပြီးခရစ်တော်ဖွားမြင်တော်မူခန်းကိုပုံဖော်ကြပါတယ်။နွားတင်းကုပ်လေးတွေရဲ့မူလအစတီထွင်သူကတော့အီတလီနိုင်ငံသားဖရန်စစ်အစီစီပဲဖြစ်ပါတယ်။ခရစ်တော်ဘုရားရှင်ရဲ့နွားစားခွက်တွင်းဘဝကိုကွတ်ကွတ်ကွင်းကွင်းမြင်ယောင်စေဖို့ရန်အတွက်နှင့်ခရစ်တော်ဘုရားရှင်ရဲ့နှိမ့်ချစွာလူ့အဖြစ်ယူခြင်းကိုအတုယူစေဖို့ရန်အတွက်နွားတင်းကုပ်လေးတွေကိုစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ခရစ်တော်ဘုရားရှင်ရဲ့ဖွားမြင်တော်မူခြင်းပုံစံနွားတင်းကုပ်လေးကိုလူတိုင်းနှစ်သက်မြတ်နိုးကြပြီးနွားတင်းကုပ်ပုံစံငယ်လေးတွေလုပ်တဲ့ဓလေ့ထုံတမ်းဟာကမ္ဘာအနှံအပြားပျံ့နှံသွားခဲ့ပါတယ်။ကျွန်မတို့အသီးသီးဟာခရစ္စမတ်အချိန်ရောက်တိုင်းနွားတင်းကုပ်လေးတွေတည်ဆောက်ဖို့မမေ့ကြသလိုနွားတင်းကုပ်လေးတည်ဆောက်ခြင်းရဲ့နောက်ကွယ်မှာရှိတဲ့နှိမ့်ချခြင်းပါရမီကိုလဲမမေ့သင့်ပါဘူး။




အမိအသင်းတော်၊ ရောမဖိနှိပ်မှု အောက်မှ လွတ်မြောက်၍ အားကောင်းလာခြင်း ကက်သလစ် အသင်းတော် သမိုင်း (အတွဲ ၁၊ အပိုင်း ၈) အေဒီ ၃၀၅ ခုနှစ် ဝန်းကျင်တွင် ရောမအင်ပါယာ အတွင်း မိမိကိုယ်ကို ရောမဧကရာဇ် အဖြစ် ကြေညာကာ ပြည်တွင်းစစ်ဖြင့် အနိုင်ယူ၍ အင်ပါယာပြည့်ရှင် ဖြစ်လိုသော ရောမ အာဏာပိုင်များ ရှိကြလေသည်။ အေဒီ ၃၁၁ ခုနှစ်တွင် သေအံ့ဆဲဆဲ ဖြစ်နေသော အရှေ့တိုင်း ရောမဧကရာဇ် ဂါလားရီးယပ်စ် Galerius (စိုးစံနှစ် ၃၀၅ –…