မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်

မေလ ၄ ရက်၊ ၂၀၂၀၊ တနင်္လာနေ့၊ ပါစကားကာ စတုတ္ထပတ်– ယောဟန် 10:11-18 – တမန်တော်ဝတ္ထု 11:1-18)♥ ရှင်ပေထရု၏ရူပါရုံ – ဘုရားသခင်ဖန်ဆင်းထားသောအရာအားလုံးသန့်ရှင်းတယ်။ 1. ဤသို့ဖြင့် လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ခံယူရရှိကြသည်ကို တမန်တော်တို့နှင့် ဂျူဒေးယပြည်တွင်ရှိကြသော ညီအစ်ကိုတို့သည် ကြားသိကြ၏။– 2. သို့ဖြစ်၍ ပေတရုသည် ဂျေရုဆလင်မြို့သို့ ရောက်လာသောအခါ အရေဖျားလှီးခြင်းကို လက်ခံအားပေးသော သူတို့သည် သူ့ကိုဝေဖန်အပြစ်တင်ကြ၍၊– 3. သင်သည် အဘယ်ကြောင့် အရေဖျားလှီးခြင်း မခံသောသူတို့ထံသို့သွား၍ သူတို့နှင့်အတူ စားသောက်ခဲ့သနည်းဟုဆိုကြ၏။–…