rvamyanmar

rvamyanmar

ရဟန်းမင်းကြီးလီယို (၁၄) ၏တမန်တော်ခရီးအတွက် အထူးဆုတောင်းပေးကြပါစို့ ။

ရဟန်းမင်းကြီးလေအို (၁၄) သည် သူ၏ပထမဦးဆုံးပြည်ပ (အီတလီနိုင်ငံ) ခရီးစဉ်ကိုနို၀င်ဘာ (၂၇) မှ ဒီဇင်ဘာ (၂) ရက်နေ့အထိတူရကီနှင့်လေဘနွန်နိုင်ငံများဆီသို့ ကြွရောက်မည်ဖြစ်ကြောင်း ဗာတီကန် သတင်းပြန်ကြားရေးဌာနမှအစောပိုင်းလကပင်ကြိုတင်သတင်းထုတ် ပြန်ထားခဲ့ သည့်နေ့မှာယနေ့ ကျ ရောက်ပြီဖြစ်ပါသည်။ ယနေ့သည် နို၀င်ဘာ (၂၇) ဖြစ်ပါသည်။ ရဟန်းမင်းကြီးဘေနေဒစ် (၁၆) အတွက်ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်ပြီး နောက် အီတလီ နိုင်ငံ၏ပြင်ပသို့တမန်တော်ခရီးကြွရောက်ခဲ့သည့်အခြေအနေမှာ (၂၀၀၅) ဂျာမဏီနိုင်ငံ၊ ကိုလုံမြို့၌ကျင်း ပသောကမ္ဘာ့လူငယ်များနေ့အခမ်းအနားတက်ရောက်ရန်ဖြစ်သည်။ ထို့အတူရဟန်းမင်းကြီးဖ ရန်စစ် သည်လည်းရဟန်းမင်း ကြီးအမှုတော်စတင်ထမ်းဆောင်ပြီးနောက်အီတလီနိုင်ငံပြင်ပသို့တမန်တော် ခရီး ကြွရောက်ရန်ဖန်တီးလာသောအခြေအနေမှာ (၂၀၁၃) ဘရာဇီးလ်နိုင်ငံ၊ Rio…

အာရှသာသနာပြုညီလာခံအတွက် မြန်မာကိုယ်စားလှယ်များ မလေးရှားသို့ သွားရောက်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၃၁ ဦးပါဝင်သော အဖွဲ့သည် ၂၀၂၅ ခုနှစ် အာရှသာသနာပြုညီလာခံ (Asian Mission Congress 2025) အတွက် ပြင်ဆင်မှုများကို နိုဝင်ဘာလ ၂၅ ရက်၊ အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (CBCM)၌  လမ်းညွှန်အစည်းအဝေးတစ်ခု နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပါသည်။ ဆရာတော် ၆ ပါး၊ ဘုန်းတော်ကြီး ၆ ပါး၊ သီလရှင် ၆ ပါး၊ လူထုကိုယ်စားလှယ် (အမျိုးသား) ၆ ဦးနှင့် လူထုကိုယ်စားလှယ် (အမျိုးသမီး) ၆ ဦး ပါဝင်ကြပြီး ကိုယ်စားလှယ်အဖွဲ့တွင် CBCM ၏ ဥက္ကဋ္ဌဖြစ်သူ…

ပိုမိုကောင်းမွန်တဲ့ အိမ်ထောင်ရေးကို ဘယ်လိုပြုပြင်ပုံဖော်ကြမလဲ

ဒီနေ့မှာ ဟိုးတစ်ဖက်ဆီက marriage ကို ရှိရင်းစွဲထက်ကျော်လွန်ပြီး ပိုမိုကောင်းမွန်အောင် ကောင်းသထက်ကောင်းအောင် မပြုပြင်တဲ့ အိမ်ထောင်ရေး marriage လောကကြီးမှာ မရှိလောက်ပါ ဘူးဆိုတဲ့အကြောင်း message ပေးသွားချင်ပါတယ်။             လက်ထပ်ထိမ်းမြားပေါင်းသင်းပြီး တည်ဆောက်လာကြတဲ့ အိမ်ထောင်ရေးတိုင်းမှာ နှစ်ဦး စလုံးက လိုလိုလားလားနဲ့ လုပ်ငန်းတစ်ခုလို အိမ်ထောင်ရေးကို ပိုမိုကောင်းမွန်အောင် ကြိုးစားပြီး လုပ်ဆောင်ကြရမှာပါ။             တစ်ဦးပေါ်တစ်ဦး ချစ်ခြင်းမေတ္တာအပြည့်နဲ့ အရိုအသေပေးကြတာကလည်း အမွှာ အမာခံ တိုင်နှစ်တိုင်လိုပဲ သတ်မှတ်လို့ရပါတယ်။             ကြင်ကြင်နာနာနဲ့ ပြောဆိုဆက်ဆံပြီး အော်ဟစ်ဆူပူတာတွေ မလုပ်ဖို့…

ရှင်အန်ဒရူး

သံအန်ဒရူးဟာဂါလေးလေးယပြည်ဂျေနာဇရက်အိုင်ကမ်းပေါ်မှာရှိတဲ့တံငါသည်ရဲ့သားဖြစ်ပါတယ်။အစ်ကိုဖြစ်တဲ့သံပေတရုကိုလည်း ဘုရားရှင်ထံခေါ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။သံအန်ဒရူးဟာဘုရားဝတ်မှာမွေ့လျော်ပြီးကောင်းမှုပြုလိုတဲ့ဆန္ဒရှိပါတယ်။သခင်ခရစ်တော်ရဲ့ဆုံးမသွန်သင်ချင်တွေကိုနာခံပြီးသခင်ခရစ်တော်နဲ့အတူလာနေတတ်ပါတယ်။မကြာမကြာတော့သူ့ရဲ့တံငါလုပ်ငန်းရှိရာအိမ်ကိုပြန်သွားတတ်ပါတယ်။ယောဟန်ရဲ့စကားဖြစ်တဲ့ဘုရားသခင်ရဲ့သူငယ်တော်ကိုကြည့်သောဆိုတဲ့စကားကိုကြားရတဲ့အခါမှာသံအန်ဒရူးနဲ့အခြားတပည့်တစ်ဦးဟာသခင်ခရစ်တော်ရဲ့နောက်တော်ကိုလိုက်ခဲ့ကြပါတယ်။အဲ့ဒီနောက်သခင်ခရစ်တော်ရဲ့ဘာသာရေးကျင့်စဉ်အတိုင်းကိုသစ္စာရှိရှိကျင့်တာကြောင့်အလင်းကျေးဇူးတော်ခံစားရပြီ။ဒီနက်နဲလှတဲ့စကားဖြစ်တဲ့ဘုရားရဲ့သိုးငယ်တော်ဆိုတဲ့မိန့်ဆိုချက်ကိုနားလည်လာခဲ့ပါတယ်။အဲဒီနောက်မှာသံအန်ဒရူးနဲ့တခြားတပည့်တော်တစ်ပါးဟာကိုယ်တော်ရှင်နောက်သို့ကိုလိုက်ခဲ့ကြပါတယ်။သခင်ခရစ်တော်ကနောက်ကိုလှည့်ကြည့်ပြီးသူတို့လိုက်လာတာကိုမြင်တဲ့အခါမှာသင်တို့ဘာကိုရှာသလဲလို့မေးတော်မူခဲ့ပါတယ်။အဲဒီအခါမှာသံအန်ဒရူးကကိုယ်တော်ဘယ်အရပ်မှာနေတယ်ဆိုတာကိုသိလိုပါတယ်လို့လျှောက်ခဲ့ပါတယ်။သခင်ခရစ်တော်ကလဲလိုက်လာပြီးကြည့်တော့လို့မိန့်တော်မူခဲ့ပါတယ်။အဲဒီအချိန်ကနေစပြီးကိုယ်တော်ရှင်နောက်တော်ကိုလိုက်ခဲ့တဲ့အတွက်ကြောင့်သူဟာကိုယ်တော်ရှင်ပထမဦးဆုံးဖြစ်ခဲ့ပါတယ်။သံအန်ဒရူးဟာသူကြားနာခဲ့သမျှကိုသူ့ရဲ့အကိုဖြစ်သူသံပေတရူးကိုပြောပြခဲ့ပါတယ်။ကိုယ်တော်ရှင်ရဲ့ ပထမဆုံးတန်ခိုးပြတော်မူခဲ့တဲ့ကာနန်မြို့လက်ထပ်ပွဲမှာကိုယ်တော်ရှင်နဲ့အတူမယ်တော်လည်းရှိနေပြီးသူတို့လည်းရှိနေခဲ့ပါတယ်။သူတို့ဟာကိုယ်တော်ရှင်ရဲ့အခွင့်အာဏာနဲ့နာမတို့အားဖြင့်ဆေးကြောခြင်းပြုခဲ့ကြပါတယ်။သူတို့ရဲ့အလုပ်ကနေအခွင့်အတိုင်းသားတိုင်းကိုယ်တော်ရှင်ထံကိုသွားရောက်ပြီးကိုယ်တော်ရှင်ရဲ့တရားကိုနာယူခဲ့ကြပါတယ်။ဒါတင်မကပါဘူးမိမိတို့ရဲ့အလုပ်နဲ့မိသားစုကိစ္စကိုလည်းပြန်ပြီးဆောင်ရွက်ခဲ့ကြပါတယ်။လူကိုဖမ်းတဲ့တံငါသည်များဖြစ်စေမယ်လို့မိန့်တော်မူပြီ။တရားတော်ကိုဟောပြောဖို့ရန်အတွက်ခေါ်တော်မူခဲ့ပါတယ်။အဲဒီအခါမှာသူတို့နှစ်ဦးစလုံးဟာပိုက်ကွန်ကိုပစ်ထားခဲ့ပြီးကိုယ်တော်ရှင်ရဲ့နောက်တော်ကိုထပ်ကပ်မကွာလိုက်ခဲ့ကြပါတယ်။နောက်မှာသံအန်ဒူးဟာတရားဒေသနာတော်တွေကိုအရပ်ဒေသများကိုကြွရောက်ဟောပြောခဲ့ပါတယ်။နောက်ဆုံးမှာတရားတော်အတွက်သံအန်ဒရူးဟာသံကျင်ပေါ်တင်ပြီးအသတ်ခံခဲ့ရပါတယ်။သံအန်ဒရူးကိုကြာကြာဒုက္ခခံပြီးမှသေရအောင်သံကျင်ပေါ်မှာသန်းနဲ့မရိုက်ပဲကြိုးနဲ့ချီထားခဲ့ပါတယ်။သူ့ကိုချီထားတဲ့သစ်သားတိုင်နှစ်တိုင်ကိုတစ်ဖက်နဲ့တစ်ဖက်ကြက်ခြေခတ်ပုံစံဖြစ်ပြီးအောက်ခြေကိုမြေမှာစိုက်ထားပါတယ်။လက်နှစ်ဖက်ကိုအပေါ်ဘက်ကိုင်နှစ်တိုင်မှာတတိုင်စီတစ်ဖက်စီခြေထောက်တွေကိုလည်းအောက်ခင်နှစ်တိုင်မှာချီထားပါတယ်။သံအန်ဒရူးဟာအိန္ဒြေမပျက်ပဲတုန်လှုပ်ချောက်ချားခြင်းမဖြစ်ဘဲကျွန်တော်တို့သခင်ရဲ့ကိုယ်ခန္ဓာကိုယ်နဲ့စတေးခြင်းခံရပြီးတန်ဖိုးရှိတဲ့သခင်ယေဇူးကျွန်ုပ်ကိုလက်ခံ၍သင့်အပေါ်မှာကျွန်ုပ်ကိုကယ်တင်တော့ခရစ်ရှူးထံတို့ပို့ပေးပါလို့ဆုတောင်းခဲ့ပါတယ်။နိုဝင်ဘာလ၃၀ရက်နေ့မှာကွက်မြက်ခြင်းခံခဲ့ရပါတယ်။အဲ့ဒီကနေ ကွန်စတင်တီနို ပဲမြို့ကိုပြောင်းလာခဲ့ပါတယ်။သံအန်ဒရူးရဲ့အောက်မေ့ဖွယ်ကျန်ရစ်ခဲ့တဲ့အရာတွေကိုပြင်သစ်ပြည်မာဆေးမြို့ကိုယူဆောင်သွားခဲ့ကြပါတယ်။

အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ ။

အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုနို၀င်ဘာလ၌အ မှတ်ရကျင်းပလေ့ရှိသည်။ နေ့အတိအကျကိုမူသတ် မှတ်၍မရ။ ကာလကိုကား နှစ်စဉ်ခရစ္စတူးဘုရင်ပွဲနေ့ကျင်းပပြီးကျရောက်လာသောဗုဒ္ဓဟူးနေ့၌ ကျင်းပ လေ့ရှိသည်။ ထို့ကြောင့်အချို့နှစ်၌စော၍၊ အချို့နှစ်၌နောက်ကျတတ်သည်။ ယခုနှစ် (၂၀၂၅) ၏အနီ ရောင်လွှမ်းသောဗုဒ္ဓဟူးနေ့သည် နို၀င်ဘာ (၂၆) နက်နံနေ့၌ကျရောက်မည်ဖြစ်သည်။ အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုကျင်းပရခြင်း ၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်၀ှမ်း၌ဖိနှိပ်ညှဉ်းဆဲ၊ ဖမ်း ဆီးသတ်ဖြတ်ခံနေရသောခရစ်ယာန်များအ တွက်ကမ္ဘာကသတိထားမိစေရန်နှင့်ကာကွယ်ပေး ကြရန် တောင်းဆိုသောလှုပ်ရှားမှုတစ်ခုဖြစ်သည်။ ဤပွဲကိုနှစ်စဉ် Aid to the Church in Need (ACN) (လို အပ်သောသာသနာများအားကူညီထောက်ပံ့ပေးသောအဖွဲ့) ၏အစီအစဉ်ဖြစ်သည်။ အနီရောင်လွှမ်းသောဗုဒ္ဓဟူးနေ့ကိုကျင်းပရာတွင် ကမ္ဘာပေါ်ရှိကက်သလစ်ခရစ်ယာန်များက ထိုနေ့ကျ ရောက်သောညပိုင်း၌ အားလုံးအတွက်အဆင်ပြေသည့်အချိန်ကိုသတ်မှတ်၍…

ဗာတီကန်ရုံးတော်အတွင်းအမှုထမ်းများအတွက်ပြင်ဆင်ဖြည့်စွက်၍ပြဌာန်းသောဥပဒေသစ်ထွက်ရှိလာ။ 

 နို၀င်ဘာလ (၂၄၊ ၂၀၂၅) တနင်္လာနေ့က ဗာတီကန်ရုံးတော်အတွင်းအမှုထမ်းနေကြသူများ လိုက်နာ ရမည့် ဥပဒေကိုပြင်ဆင်ဖြည့်စွက်၍အသစ်ပြဌာန်းခဲ့သည်။ ၄င်းတို့ကိုအတည်ပြုလက်မှတ်ရေးထိုး ခြင်းကို ရဟန်းမင်းကြီးလီယို (၁၄) မှနို၀င်ဘာ (၂၃၊ ၂၀၂၅)  ခရစ္စတူးဘုရင်ပွဲတနင်္ဂနွေ နေ့ကပြုလုပ်ခဲ့သည်။ ဗာတီ ကန်အတွင်းရဟန်းမင်းကြီး၏လက်အောက်၌ရှိသောဌာနများဖြစ်သည့် ဗာတီ ကန်၏အတွင်းရေးမှူးရုံး၊ ဌာနအသီးသီး၊ တရားရေးရာအဖွဲ့၊ စီးပွားရေးဘုတ်အဖွဲ့တို့လည်းပါသည်။    ယခုပြဌာန်းလိုက်သောဥပဒေများ၌ မိမိတို့အမှုထမ်းနေသောဌာနနှင့်ဆိုင်သောစည်းမျဉ်း စည်းကမ်း များ၊ ဥပဒေများ၊ လုပ်ငန်းဆိုင်ရာများတို့ပါရှိသည်။ ပြဌာန်းလိုက်သောဥပဒေအသစ်သည် ယခင် စိန့်ဂျွန်ပေါလ် (၂) လက်ထက် (ဧပြီ ၁၅၊ ၁၉၉၉) ကပြဌာန်းပြီး (ဇူလိုင်…

ရဟန်းမင်းကြီးလေအို (၁၄) လူငယ်များနှင့်အွန်လိုင်းမှတွေ့ဆုံစကားပြောခဲ့။

  ပြီးခဲ့သည့်သောကြာနေ့ (နို၀င်ဘာ ၂၁) ရက်နေ့က ရဟန်းမင်းကြီးလေအို (၁၄) သည်လူငယ် (၁၅၀၀၀) ကျော်နှင့်ဗွီဒီယိုလိုင်းမှတွေ့ဆုံ၍ရင်းနှီးပွင့်လင်းစွာစကားပြောခဲ့ကြသည်။ အဆိုပါလူငယ်များ သည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီအားနားပြည်နယ်၊ အင်ဒီအားနားပိုလစ်မြို့၌ ကက်သလစ်လူငယ် များအ စည်းအ‌ဝေးတက်ရောက်နေကြသည်။   ရဟန်းမင်းကြီးနှင့်လူငယ်များလိုင်းပေါ်မှတွေ့ဆုံ၍ရင်းနှီးပွင့်လင်းစွာစကားပြောဆိုနိုင်ရန်အ တွက်တာ ၀န်ရှိသူ Katie Prejan McGrady မှစီစဉ်ပေးခဲ့သည်။ အချိန်အခက်အခဲကြောင့်အဆိုပါလူငယ်ထု အနက် (၆) ဦးသာရဟန်း မင်းကြီးအားလူငယ်များကိုယ်စား၄င်းတို့သိရှိလိုသော၊ မေးသင့်မေးထိုက်သော၊ လူငယ်များလည်းသိထားသင့်သောမေးခွန်းကိုမေးမြန်းခွင့်ရခဲ့သည်။ လူငယ်များမှမေးမြန်းခဲ့သောမေးခွန်း များမှာ (၁) သာသနာတော်ကြီး၏စက္ကရာမင်းတူး၊ (၂) နည်းပညာ ဖြင့်ဖန်တီးထားသောဉာဏ်ရည်အတုစိတ် ပိုင်းဆိုင်ရာကျန်းမာရေး၊ (၃) သာသနာ၏အနာဂါတ် အကြောင်းစသောခေါင်းစဉ်ကြီးကြီး၊…

ပုပ်ရဟန်းမင်းကြီးလီယို (၁၄) သူ၏ ပထမဆုံးသော တမန်တော်ခရီးစဉ်။

ပုပ်ရဟန်းမင်းကြီးလီယို (၁၄) သူ၏ ပထမဆုံးသော တမန်တော်ခရီးစဉ်အဖြစ် တူရကီနှင့် လက်ဘနွန် နိုင်ငံများသို့ နိုဝင်ဘာလ ၂၇ ရက် ကြာသာပတေးနေတွင် ကြွရောက်မည်ဖြစ်သည်။ ခြောက်ရက်ကြာမည့် ရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်၊ ကြာ သပတေးနေ့မှ ဒီဇင်ဘာလ ၂ ရက်၊ အင်္ဂါနေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။ Council of Nicaea နီဆီးယားကောင်စီ၏ နှစ် (၁,၇၀၀) ပြည့် နှစ်ပတ်လည်အတွက် အစ်ဇ်နစ်ခ် (İznik) ၌ ရပ်နားခြင်းလည်း ပါဝင်မည့် အဆိုပါ အရှေ့အလယ်ပိုင်း…