အာရှသာသနာပြုညီလာခံအတွက် မြန်မာကိုယ်စားလှယ်များ မလေးရှားသို့ သွားရောက်။

မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၃၁ ဦးပါဝင်သော အဖွဲ့သည် ၂၀၂၅ ခုနှစ် အာရှသာသနာပြုညီလာခံ (Asian Mission Congress 2025) အတွက် ပြင်ဆင်မှုများကို နိုဝင်ဘာလ ၂၅ ရက်၊ အင်္ဂါနေ့တွင် မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်များအဖွဲ့ချုပ် (CBCM)၌  လမ်းညွှန်အစည်းအဝေးတစ်ခု နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့ပါသည်။

ဆရာတော် ၆ ပါး၊ ဘုန်းတော်ကြီး ၆ ပါး၊ သီလရှင် ၆ ပါး၊ လူထုကိုယ်စားလှယ် (အမျိုးသား) ၆ ဦးနှင့် လူထုကိုယ်စားလှယ် (အမျိုးသမီး) ၆ ဦး ပါဝင်ကြပြီး ကိုယ်စားလှယ်အဖွဲ့တွင် CBCM ၏ ဥက္ကဋ္ဌဖြစ်သူ  ကာဒီနယ် ချားလ်စ် ဘိုသည်လည်း ပါဝင်သည်။ ၎င်းတို့သည် “မျှော်လင့်ခြင်း၏ ဘုရားဖူးခရီး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည့် ဒေသဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန် မလေးရှားနိုင်ငံ ပီနန်မြို့သို့  နိုဝင်ဘာလ ၂၆၊ ၂၀၂၅ နေ့က ထွက်ခွာကြပြီး၊ မလေးရှားနိုင်ငံ ပီနန်မြို့သို့  ဒေသစံတော်ချိန် မနက် ၈း၃၀ တွင်ရောက်ရှိခဲ့ကြပြီး အာရှသာသနာပြုညီလာခံ (Asian Mission Congress 2025) တက်ရောက်ကြမည်ဖြစ်ပါသည်။

Fr. Peter Kyi Maung

rvamyanmar
rvamyanmar
Articles: 3977

Leave a Reply

Your email address will not be published. Required fields are marked *