ဖာသာရ် ပါစကား သီကိုရှင်း (SDB) သခင်ယေဇူး၏ ရွှေနှလုံးတော် ပွဲနေ့ကြီး ၁၂ ကြိမ်မြောက် သာမာန် ရက်သတ္တပတ် တနင်္ဂနွေနေ့ ဩဝါဒ ဇွန်လ ၂၁၊ ၂၀၂၀

ဇွန်လ (၂၀)#စိန်အာဗန်ပွဲနေ့ (St. Alban) စိန့်အာဗန်သည် ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံး ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ သူ့ဘဝအစောပိုင်းတွင် ပညာတတ်သော်လည်း ဘုရားသခင်ကို မယုံကြည်သည့် ဒိဋ္ဌိတစ်ယောက်ဖြစ်သည်။ သူ၏ ယုံကြည်ခြင်း သမိုင်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်း၏။ ထို့အပြင် သူ့ကို ဘာသာပြောင်းသူများနှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသူတို့၏ အားကိုးရသော ရဟန္တာတစ်ပါးအဖြစ်လည်း လူသိများသည်။ အာဗန်ငယ်စဥ်က ရောမမြို့သို့ သွားလည်ပတ်ပြီး ရိုမများထံမှ ပညာမျိုးစုံကို သင်ယူခဲ့သည်။ သူသည် အလွန် ဖော်ရွေကာ ဆက်ဆံရေးကောင်းသူဖြစ်သောကြောင့် သူ့ကိုယုံကြည်၊ ချစ်ခင်သူပေါများခဲ့သည်။ သူ၌ရှိသည့်…
ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ် ” ကြီးထွားမှုကို ထိန်းချုပ်ခြင်း ” အပိုင်း (၂) ဒီတစ်ပတ်မှာတော့ အစိမ်းရောင်နိုင်ငံရေးအတွေးအခေါ်များထဲက သဘာဝပတ်ဝန်းကျင် မှာ အဓိကအချက်တစ်ခုဖြစ်တဲ့ ကြီးထွားမှုကို ထိန်းချုပ်ခြင်း ၊ ကန့်သတ်ခြင်းဆိုတဲ့ အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ ဒီအကြောင်းအရာကို စာရေးဆရာ NEIL CARTER ရေးသားထားသော ” The Political of the Environment ” စာအုပ်မှ – Green Political Thought မှ ကိုးကားတင်ဆက်ထားခြင်း…
PDF: sacred_heart.pdf ယေဇူးရွှေနှလုံးတော်ပွဲ ဇွန် ၂၁၊ ၂၀၂၀ လောကကမ္ဘာမှာ ချစ်ခြင်းမေတ္တာမီးလွှမ်းခြုံပါစေ ကာဒီနယ် ချားလ်စ်မောင်ဘို (SDB) ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် နိဒါန်း ဒီကနေ့ ယေဇူးဘုရားရှင်ဟာ မေတ္တာတော်ရှင်ဖြစ်ကြောင်း ပြသတော်မူခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းက ကက်သလစ်သာသနာတော်ကလည်း ခရစ်ယာန်ဘာသာရဲ့ အဓိကသွန်သင် ချက်ဖြစ်တဲ့ “ချစ်ခြင်းမေတ္တာ”ကို ချီးမွမ်းဂုဏ်ပြုကြပါတယ်။ ခရစ်ယာန်တွေဟာ အလွန်သန့် ရှင်းစင်ကြယ်တော်မူသောဦးနှောက်တော်၊ အလွန်သန့်ရှင်းစင်ကြယ်တော်မူသောလက်တော်ဆို ပြီး ချီးမွမ်းဂုဏ်ပြုတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ချစ်ခြင်းမေတ္တာရဲ့ အုတ်မြစ်နဲ့ သင်္ကေတဖြစ်တဲ့ အလွန်သန့်ရှင်းစင်ကြယ်တော်မူသော ယေဇူးရွှေနှလုံးတော်ကိုတော့ တညီညွတ်တည်း ချီးမွမ်း ဂုဏ်ပြုကြပါတယ်။…
မယ်တော်ရွေးချယ်ထားသော ချမ်းသာကုန်းရွာ မန္တလေး ရန်ကုန်လမ်းမကြီးပေါ်ရှိ၊ မန္တလေးမြို့နှင့် ၁၆ မိုင်ဝေးသော ချမ်းသာကုန်းရွာ၌ ၁၈ ရာစုတွင် ကာတိုလိပ်ဘုန်းကြီး ပါတီတယ် နေထိုင်လျက် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ထိုဘုန်းကြီးသည် မယ်တော်အပေါ် ယုံကြည်ခြင်း ကြီးမားခဲ့သဖြင့် ပြင်သစ်ပြည်မှ လုဒ်မယ်တော် ဆင်းတုတခုကို မှာယူခဲ့သည်။ ဆင်းတုကို သင်္ဘောခရီးဖြင့် တင်ပို့ခဲ့ရာ အိန္ဒိယသမုဒ္ဒရာ၌ လေမုန်တိုင်းမိ၍ သင်္ဘောမြုပ်ခဲ့သည်။ သင်္ဘောပေါ်ရှိ ပစ္စည်းအားလုံးလည်း နစ်မြုပ်ပျက်စီးခဲ့သည်။ အလားတူပင် သံဖြင့် ပြုလုပ်ထားသော ဆင်းတုသည်လည်း နစ်မြုပ်ပျောက်ဆုံး သွားနိုင်သည်။ သို့သော် ထူးဆန်းစွာမျော၍…
ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့Blessed Thomas Woodhouse, SJ ( 1535- 1573) *သူတော်စင် သောမတ်စ်၀ူးဟောက်စ် သည် အင်္ဂလန်ဘုရင်မနှင့် ကက်သလစ်အသင်းတော်အကြား ပဋိပက္ခ ပထမဦးဆုံး အသတ်ခံရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ အင်္ဂလန်တွင် ဘုရင်မ အဲလစ်ဇဘက် မတိုင်မီက ၀ူးဟောက်စ်၏ ဘ၀အကြောင်း အနည်းငယ်သာ သိရ၏။သူသည် အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး ၁၅၅၈ခုနှစ်ခန့်တွင် ကက်သလစ် ရဟန်းသိက္ခကို ခံယူခဲ့သည်။ ထို့အချိန်၌ အင်္ဂလန်နိုင်ငံကို ကက်သလစ်ဘုရင်မ မေရီတူသော် အုပ်ချုပ်ခဲ့သည်။ သို့သော် ပထမကြိမ်မြောက် ဘုရင်မ…
အားလုံးဘဲမင်္ဂလာပါရှင် အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့”လူငယ်နှင့် အောင်မြင်ခြင်း” ဆိုတဲ့ခေါင်းစဥ်လေးနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ ချစ်သောလူငယ်များရှင်- လူငယ်တွေအနေနဲ့တကယ်အောင်မြင်ချင်းပါသလား။သင့်တကယ်အောင်မြင်ချင်တယ်၊သင့်တကယ်တိုးတက်ချင်တယ်ဆိုတဲ့စိတ်ရှိပြီးဆိုရင် သင့်တကယ်အောင်မြင်လာပါလိမ့်မယ်။လူတိုင်းလိုလိုမှာအောင်မြင်ချင်တဲ့စိတ်ဆန္ဒတွေရှိကြပါတယ်။ဒါကြောင်းလဲသူသူဌါဌါကြိုးစားနေကြပါတယ်။ လူငယ်တို့လဲ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်ချင်ရင်မိမိလုပ်နေတဲ့အလုပ်အပေါ်မှာစိတ်၀င်စားပြီး၊တစိုက်မတ်မတ်အားရုံထားရမှာဖြစ်ပါတယ်။ပေါ့ပေါ့ဆဆအလွယ်သဘောမျိုးလုပ်လိုမရပါဘူး။အောင်မြင်ချင်လမ်းကိုလျှောက်တော့မယ်ဆိုရင်လွယ်လွယ်နဲ့တော့မရနိုင်ပါဘူး။အောင်မြင်ခြင်းလမ်းကိုသွားနေတဲ့ခရီးဟာ ပန်းခင်းလမ်းလိုအမြဲဖြောင့်ဖြူးနေတာမဟုတ်ပါဘူး။ဆူးခင်းလမ်းကိုလျှောက်နေရသလိုဖြစ်ပါတယ်။ခက်ခဲပါတယ်။ဒီလိုလမ်းခရီးမှာပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ရင်ဆိုင်နေရတက်ပါတယ်။လူမျိုးပေါင်းများစွာနဲ့လဲ ရင်ဆိုင်တွေ့ကြုံရပါတယ်။အဲဒီအရာတွေကိုသင်သည်းခံနိုင်ရည်ရှိဖို့လိုပါတယ်။ဒါအပြင်ယုံကြည်မှုရှိဖို့လဲလိုအပ်ပါတယ်။ အောင်မြင်သူဖြစ်ချင်ရင်-စိတ်ကောင်းရှိဖို့လဲလိုအပ်ပါတယ်။အောင်မြင်ချင်ရင်အခွင့်အလမ်းတွေကို ထိုင်စောင့်မနေပါနဲ့။ဖန်တီးယူလိုက်ပါမိတ်ဆွေတို့။ဒါအပြင်မိမိမှာရှိတဲ့အိုင်ဒီယာတွေကို စတင်အကောင်အထည်ဖေါ်လိုက်ပါ။ မိတ်ဆွေလူငယ်များရှင် – သစ်ခုပ်သမား(၂)ဦးရဲ့ပုံပြင်ကိုကြားဖူးကြမှာပါ။ သစ်ခုပ်သမား(a)ကတနေ့ကို(၁၀)နာရီအရပ်မနားခုပ်တယ်။သစ်ခုပ်သမား(B)ကတော့တနေ့ကို(၅)နာရီခုပ်တယ်။သူကအေးအေးဆေးဆေးနားနားနေနေခုပ်တဲ့သူပေါ့။သစ်ခုပ်သမား(၂)ဦးရဲ့အောင်မြင်မှုရလဒ်ကဘယ်သူဖြစ်မလဲ။ မိတ်ဆွေတို့ရေဘယ်သူလိုထင်ပါသလဲ။-သစ်ခုပ်သမား(B) ကအောင်မြင်သူဖြစ်ပါတယ်။သစ်ခုပ်သမား(B) က တနေ့ကို(၅)နာရီခုပ်တယ်။တစ်နာရီခုပ်ပြီးတိုင်းနာရီ၀တ်သူပေါက်ဆိန်ကို သွေးလေ့ရှိပါတယ်။သူရဲ့အတွေးအခေါ်ကိုဆန်းစစ်ခြင်းပါဘဲ။နဂိုအတိုင်းမဟုတ်ပဲပေါက်ဆိန်သွေးသလိုကျွန်မတိုရဲ့အတွေးတွေဆန်းစစ်ဖို့လိုပါတယ်။ချစ်လှစွာသောလူငယ်များလဲမိမိတို့လုပ်နေတဲ့အလုပ်ကိုတကယ်အောင်မြင် ချင်စိတ်နဲ့တစိုက်မတ်မတ်၊အားရုံစိုက်ပြီးလုပ်နေကြသလား။မိတ်ဆွေလူငယ်များလဲဒီပုံပြင်ထဲကသစ်ခုပ်သမားလိုအတုယူကြပါစေ။ဒါမှာမဟုတ်မိမိနဲ့မဆိုင်တဲ့အခြားသောမိမိစိတ်၀င်းစားရာကိုဘဲအားရုံစိုက်နေကြတာလား။?တချို့လူငယ်တွေဟာ မိမိအောင်မြင်ချင်တဲ့၊အောင်မြင်နိုင်တဲ့အလုပ်ကိုမလုပ်ဘဲမဆိုင်တဲ့အလုပ်တွေကိုဘဲလုပ်နေတက်ပါတယ်။ဥပမာ- သင်ဟာ-စာရေးဆရာဖြစ်ချင်တယ်ဆိုပြီးသီချင်းဘဲဆိုနေရင်စာရေးဆရာကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ထို့နည်းတူသင်ဟာဗိသုကာပညာရှင်ကြီးဖြစ်ချင်တယ်ဆိုပြီးလေ့လာမှု၊ကြိုးစားမှုတွေမရှိအချိန်ရှိတိုင်းမှာအိပ်နေမယ်ဆိုရင်အောင်မြင်တဲ့ဗီသုကာပညာရှင်ကြီးတစ်ယောက်ဖြစ်လာမှာမဟုတ်ပါဘူး။ဒါတွေကိုကြည့်ခြင်းအားဖြင့်လူတော်တော်များများဟာမအောင်မြင်ချင်တဲ့သူတွေများပါတယ်။ဒါကြောင့်မို့လူငယ်တို့လဲတကယ်အောင်မြင် ချင်ပါသလားဆိုတာကိုယ်ကိုကိုယ့်ပြန်မေးပါ။မိမိအောင်မြင်မှုရရှိရန်အတွက်၊သူတပါးကိုချောက်မတွန့်ပါနဲ့။သူတပါးကိုလဲအသုံးမချပါနဲ့။သူတပါးကိုနင်းခြေပြီးရရှိလာတဲ့အောင်မြင်ခြင်းဟာရေမွှေးဆွတ်ထားတဲ့ကော်ပန်းလိုပဲအချိန်ကြာကြာမမွှေးနိုင်သလိုရေရှည်လဲမတည်မြဲနိုင်ပါဘူး။ မိတ်ဆွေလူငယ်များရှင် -လူငယ်တို့အနေနဲ့ အောင်မြင်ချင်ရင် စွန့်စားရဲရမယ်။ဆုံးရှုံးသွားတဲ့အိမ်မက်တွေကိုပြန် တည်ဆောက်ရဲရမယ်။ကျဆုံးမှုတွေကိုလက်ခံနိုင်ရမယ်။အောင်မြင်တဲ့သူတွေကနည်းလမ်းရှာကြတယ်။ကျဆုံးသူတွေကတော့ဆင်ခြေရှာတက်ကြပါတယ်။လူငယ်များတို့လဲဘယ်နည်းလမ်းကိုအသုံးပြုနေကြပါသလဲ။မိမိကိုယ်ကိုပြန်မေးကြပါနော်။ လူငယ်တို့အနေနဲ့အောင်မြင်ချင်တယ်ဆိုရင်မိမိလုပ်ရမဲ့အလုပ်ကိုစူးစူးစိုက်စိုက်နဲ့တကယ်လုပ်ရမှာဖြစ်ပါတယ်။မိမိရဲ့အလုပ်ပေါ်မှာစိတ်ကိုနှစ်ပြီးအချိန်ရှိတိုင်း၊အချိန်ရတိုင်းတစိုက်မတ်မတ်နဲ့အဲဒါတွေကိုလုပ်မယ်ဆိုရင်တနေနေ့ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်လာမှာသေချာပါတယ်။သင့်ရဲ့ကျဆုံးမူကိုစောင့်ကြည့်နေကြတဲ့သူတွေရဲ့ ကြားမှာအောင်မြင်မူကိုရယူပြလိုက်စမ်းပါ။လူငယ်တွေမှာအမြော်အမြင်ရှိကြတယ်။ကျွန်မတို့ထက်သာတဲ့အမြင်တွေလဲရှိကြပါတယ်။အနာဂတ်ရဲ့ကြယ်ပွင့်ကလေးများဖြစ်ကြတဲ့လူငယ်များတို့ မျက်စိရှင်းရှင်း၊နားရှင်းရှင်းစွင်ထားပြီးအောင်မြင်ခြင်းလမ်းကိုပို့နေတဲ့အခွင့်အလမ်းများကိုအမိအရယူလိုက်ကြ စမ်းပါ။မိမိတို့လိုလားတောင်းတကြတဲ့အချိန်တစ်ခုမှာအောင်မြင်ခြင်း၊အောင်မြင်မှုအသီးအပွင့်တွေနဲ့ေ၀ဆာလာမှာဖြစ်လိုကြိုးစားကြပါလို့တင်ဆက်ရင်းဒီတစ်ပတ်တွက် လူငယ်နှင့်အောင်မြင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ရင်းရပ်နားခွင့်ပြုပါ။ နားဆင်ကြည့်ရှုအားပေးကြတဲ့ညီအစ်ကိုမောင်နှမများအားလုံးကျေးဇူးတင်ပါတယ်ရှင်၊ရွှင်လန်းချမ်းမြေ့ကြပါစေ။နောက်အပတ်တွေမှာလဲအားပေးကြပါအုံးနော်။ ကျွန်မကတော့…
အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၃ ” ကိုတင်ဆက်ပေးသွားမှာပါ။
အရှုံးနဲ့အဆုံးမသတ်ဖို့============စိုးနိုင် sdb=======နေမင်းနှင့် လွဲရသည့်အတွက် သင်ငိုနေလျှင်ကြယ်ပွင့်ငယ်တို့နှင့်လည်း သင်လွဲရချေအံ့။(တဂိုး – လေလွင့်ငှက်များ ၆)=======လူသားတွေရဲ့ဘဝမှာ လုပ်သမျှအရာတွေတိုင်း ချက် ခြင်း အောင်မြင်တယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ဖက်ကအ ကောင်းဆုံး ကြိုးစားလုပ်ပေမဲ့လည်း ရလဒ်ကောင်း မထွက် တာတွေ အများကြီးရှိပါတယ်။ “ကြံတိုင်းအောင် ဆောင်တိုင်းမြောက်” ဆိုတာ လူတွေ အလိုချင်ဆုံး ဆန္ဒတစ်ခုပါ၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း အားလုံး သိကြပါတယ်။ >> ရှုံးဖူးကြသူတွေပါ လူတိုင်းရဲ့ဘဝမှာ ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မလာ တာတွေ၊ ယှဉ်ပြိုင်လိုက်တိုင်း အနိုင်မရတာတွေ စတဲ့ အရှုံးလို့…
Bible table talk -Part 8 အပိုင်း ၈ (ဒုတိယပိုင်း)Fr. Brian Banya ( Professor of Scripture)Fr. Paulinus (Professor of Church History)