
ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၁၅) ကြိမ်မြောက် ကြာသပတေးနေ့ သြဝါဒ ၁၄၊ ၇၊ ၂၀၂၂

၁၄ ဂျူလိုင် ၂၀၂၂ ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည်သင်တို့ကိုအားဖြည့်ပေးမည်။ သမ္မာကျမ်းစာက ဘုရား၏နှုတ်ကပါဌ်တော်ဖြစ်ပြီး၊ သမ္မာကျမ်းစာထဲမှာ ကျွန်တော်တို့တွေ့ရတာတွေက ထိုအထဲမှာ ရှိနေဖို့ ဘုရားကအလိုရှိတာကြောင့် ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ ငိုကြွေးခြင်း၊ ဆန့်ကျင်ခြင်း၊ ဒေါသ၊ ရှုပ်ထွေးတဲ့မေးခွန်းတွေ အများအပြား ပါဝင်နေတာဖြစ်တယ်။ ဒီအရာတွေအားလုံးက ဘုရားဆီကိုဦးတည်တဲ့ အရာတွေဖြစ်တယ်။ ရန်သူတွေက ပြုလုပ်ကြတာမဟုတ်ပါဘူး၊ ဘုရားကိုချစ်မြတ်နိုးကြတဲ့၊ ဘုရားကိုအယုံကြည် ဆုံးဖြစ်ကြတဲ့ သူတွေကပြုလုပ်ကြတာဖြစ်ပါတယ်။ .ဘုရားနဲ့အနီးကပ်ဆုံး၊ အရင်းနှီးဆုံးဆက်ဆံရေးရှိတဲ့သူတွေက အပြစ်တင်ခံရမှာ စိုးရိမ်စရာမလိုပဲ ဒုက္ခတွေအတွက်…







