rvamyanmar

rvamyanmar

” ရေမကြီးခင် ပြင်ဆင်မှုများ ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတပတ်မှာတော့ ” ရေမကြီးခင် ပြင်ဆင်မှုများ ” ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ တင်ဆက် / တည်းဖြတ် – ဝီလျံဇော်နိုင်ဦး Source : လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန Photos Credit : Google Images

စတုတ္ထ ပညတ်တော်

စတုတ္ထ ပညတ်တော် မိုးစက်ဖြိုင်ဖြိုင် လ ဇူလိုင်ကို ချဉ်းနှင်း ၀င်ရောက်လာပြီဆိုတာနဲ့ ကက်သလစ် ခရစ်ယာန်ဘာသာ၀င်တော်တော်များများက မိဘများပွဲကို သတိရကြပါတယ်။ မိဘတွေကို ဂါရဝြပု ဆုတောင်းကန်တော့တာဟာ ရိုးရာမပျက်တဲ့ မြန်မာ ကက်သလစ်ခရစ်ယာန်တို့ရဲ့ မင်္ဂလာယှက်ဖြာတဲ့ အစဉ်အလာတစ်ရပ်ပါလို့ ဆိုရပါလိမ့်မယ်။ မိဘများပွဲနေ့ ဘယ်ကနေ ဘယ်လို စပြီး ပေါ်ပေါက်လာတယ်ဆိုတဲ့ သမိုင်းကိုတော့ ဂဃ နဏ မသိပါဘူး။ ကျင်းပတဲ့နေရာ ကျင်းပပုံကျင်းနည်းတွေလည်း ကွာကြပါတယ်။ နိုင်ငံတစ်ချို့တွေက အထူးသဖြင့် အမေရိကားမှာ အမေများနေ့ဆိုပြီး စတင်ကျင်းပတဲ့ သမိုင်းကို ဖတ်ဖူးတယ်။ နောက်…

တမန်တော်ကြီးများရဲ့ တမန်တော် မာရီယား မာဒလေနားပွဲနေ့ July 22

တမန်တော်ကြီးများရဲ့ တမန်တော် မာရီယား မာဒလေနားပွဲနေ့ ခရစ်တော်ဘုရားရဲ့အလောင်းတော်ကို ကားတိုင်ပေါ်မှ ချကာ သင်္ချိုင်းဂူထဲမှာ မြှုပ်နှံထားလိုက်ကြပြီ။ ဂျူးလူမျိုးတွေရဲ့ ဥပုဒ်နေ့လည်းပြီးသွားခဲ့ပါပြီ။ အသက်စွန့်တဲ့နေ့မှာ ဥပုဒ်နေ့က ရောက်တော့မှာမို့ ကပျာကယာပဲ အလောင်းတော်ကို သင်္ဂြိုလ် လိုက်ရတယ်။ ပူဆွေးသောကတွေပြည့် နှက်ကာ မျှော်လင့်ချက်မီးစာတွေလည်း မှေးမှိန်ကုန်ကြတယ်။ ဘုရားရှင်ကို မြှုပ်နှံထားတဲ့ သင်္ချိုင်းဂူကို အရင်ဆုံး ရောက်သွားခဲ့သူကတော့ မေရီ မာဒလေးနား။ ယေဇူးဘုရားရှင်က ပရိတ်နိဗ္ဗာန်စံသွားခဲ့ပေမဲ့ ဘုရားရှင်နဲ့ သူမ အကြား တည်ဆောက်ထားတဲ့ အနှောင်အဖွဲ့လေးက ပြတ်တောက်မသွားခဲ့ပါဘူး။ သစ္စာတရားရဲ့ပြယုဂ်လို့ပဲ ဆို ရပါတော့မယ်။…

Quo vadis, Domine? ဘယ်သွားမလို့လဲ၊ အရှင်ဘုရား။

Thursday, July 23, 2020 Quo vadis, Domine? ဘယ်သွားမလို့လဲ၊ အရှင်ဘုရား။ အေဒီ ၆၄ ခုနှစ်၊ ရောမမြို့တော်ကြီးမှာ မီးလောင်မှု့ကြီး ဖြစ်ခဲ့ရာ နေရိုးအင်ပါယာမင်းသည် အများပြည်သူများမှ ၎င်းအားပြစ်တင်စွပ်စွဲကြရာ ထိုချိန်ကာလရှိ အနည်းစုသော ရိုးသားရိုးရှင်းသည့် ခရစ်ယာန်များကို စွပ်စွဲပြီး ကြူပင်ခုပ် ကြူမြစ်ပါ မကျန်ရှင်းပစ်ရန် စတင်ညှင်းပမ်းနှိပ်စက်ပါတော့တယ်။ ခရစ်ယာန်ဆိုလျှင်ပင် သေမိန့်က တပါတည်းတွဲထားသလိုပင် ၎င်းအင်ပါယာမင်း၏စစ်သည်များဟာ ခရစ်ယာန်များကို နေရာအနှံရှာဖွေ သုတ်သင်ရှင်းလင်းပါတော့တယ်။ ထိုအချိန်မှာပဲ အသင်းတော်ကြီး၏ခေါင်းဆောင်အဖြစ် ခရစ်တော်ရွေးချယ်ခဲ့သော သံပေတရူးသည်လည်း အကြောက်တရားတို့လွှမ်းမိုးခံရကာ ထွက်ပြေးတိမ်းရှောင်ပါတော့တယ်။…

မာရီးယားကို ကိုးကွယ်သူဟူ၍  ကက်သလစ်ဘာသာဝင်များကို စွပ်စွဲပြောဆိုခြင်းမပြုမီ  သင် လျစ်လျူရှုခဲ့မိသော အကြောင်းအရာ ၅ ခု

Thursday, July 23, 2020 မာရီးယားကို ကိုးကွယ်သူဟူ၍  ကက်သလစ်ဘာသာဝင်များကို စွပ်စွဲပြောဆိုခြင်းမပြုမီ  သင် လျစ်လျူရှုခဲ့မိသော အကြောင်းအရာ ၅ ခု ၁။ ဘုရားသခင်က မာရီးယားအားဖြင့် ကယ်တင်ရှင်ကို စေလွှတ်ခဲ့တယ်။ (God Sent The Saviour Through Mary.) အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့  မက်ဆီးယားကယ်တင်ရှင်ဟာ အမျိုးသမီးတစ်ဦးကနေ ဖွားမြင်ခြင်း အားဖြင့် ဒီလောကကမ္ဘာကို ရောက်ရှိလာခဲ့တယ်။ အဲဒီအမျိုးသမီးဟာ မာရီးယားပဲဖြစ်တယ်။ “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေဇူးဟူ၍ မှည့်ခေါ်ရမည်”(ရှင်လုကာ ၁:၃၁)။ ယေဇူးခရစ်တော်ဟာ…

” မိခင်တွေ အဖွားတွေရဲ့ တန်ဖိုး ”

” မိခင်တွေ အဖွားတွေရဲ့ တန်ဖိုး ”             ဒီနေ့မှာ မိခင်တွေ အဖွားတွေရဲ့ တန်ဖိုးအကြောင်း မျှဝေပေးချင်ပါတယ်။             မိခင်တွေ အဖွားတွေရဲ့ တန်ဖိုးကို ကမ္ဘာပေါ်မှာ ဘယ်သူတိုင်းတာရေတွက်ပြနိုင်သလဲ?             မာတာမိခင် တုနှိုင်းမမီဆိုသလို မိခင်တွေရဲ့ တန်ဖိုးဟာ တုနှိုင်းလို့လဲ မမှီပါဘူး။             မိခင်ဘဝဆိုတာက ပဋိသန္ဓေတည်တဲ့ အချိန်ကနေ စခဲ့တာပါ။             ကမ္ဘာပေါ်မှာ ပေါ်လွင်ထင်ရှားတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါက ဘယ်ယဉ်ကျေးမှု ဘယ်လူမှုအသိုင်းအဝိုင်းကမဆို မွေးဖွားလာတဲ့ သားသမီးကို ဒီမိခင်က ဘယ်လိုပုံဖော်ပေးတယ်…

” ဘုရားရှာခြင်း – အပိုင်း- ၁၈ “

အသီးတရာအညှာတစ်ခု အစီအစဉ်အနေနဲ့ ဘုန်းဘုန်း ဒေါမိနစ် ဂြိုလ်တု မှ ” ဘုရားရှာခြင်း – အပိုင်း- ၁၈ ” ကိုတင်ဆက်ပေးသွားမှာပါ။

ကာဒီနယ် ချားစ်ဘို ၏ (၁၆)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့တရားတော်

ကာဒီနယ် ချားစ်ဘို ၏ (၁၆)ကြိမ်မြောက် သာမန်တနင်္ဂနွေနေ့တရားတော် ခရစ်တော်၌ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့၊           ဘုရားရှင်ရဲ့ကျေးဇူးတော်နဲ့ ငြိမ်းချမ်းခြင်းဟာ သင်တို့အားလုံးနဲ့အတူ ရှိပါစေ။ ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးဟာ ကိုဗစ်ကပ်ရောဂါရဲ့စိန်ခေါ်မှုတွေကို ကြိုးစားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကပ်ဘေးရဲ့ သက်ရောက်မှုဒဏ်ခံခဲ့ရသူအားလုံးကို ဘုရားရှင် ဆက်လက်စောင်မတော်မူပါစေ။ ကမ္ဘာလောက တစ်ခုလုံးလည်း နေကောင်းကျန်းမာလာပါစေ။           ဒီနေ့ဖတ်ရှုရတဲ့ကျမ်းတွေထဲမှာ လယ်ကွက်တစ်ခုထဲက ဂျုံစပါးနဲ့ ပေါင်းမြက်တွေအကြောင်း၊ အကောင်းနဲ့အဆိုးကြားက အားပြိုင်မှုတွေအကြောင်းကို ဖော်ပြထားပါတယ်။ ဒီတစ်ခါမှာတော့ မျိုး ကြဲတဲ့သူက နှစ်ဦးဖြစ်လာပါတယ်။ ပထမမျိုးကြဲသူက ကောင်းကင်နိုင်ငံတော်မှာ ဘုရားသားသမီး တွေဖြစ်လာမယ့်သူတွေမွေးထုတ်ပေးမယ့် မျိုးစေ့ကို…

” အာဇာနည်တို့၏ မျှော်မှန်းချက် ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” အာဇာနည်တို့၏ မျှော်မှန်းချက် ” ခေါင်းစဉ်ဖြင့် တင်ဆက်ပေးသွားမှာဖြစ်ပါတယ် ။ Camera – Pinky Edit – Zaw Naing Oo Photos Credit : Google Images