Christmas Homily 2020 Bishop John Saw Yaw Han 2020

Christmas Homily 2020 Bishop John Saw Yaw Han 2020 ချစ်ခင်လေးစားရတဲ့ ဘာသာသူညီအစ်ကိုမောင်နှမအပေါင်းတို့.. ခရစ်တော်ဘုရားရှင်သယ်ဆောင်လာတဲ့ ငြိမ်းချမ်းခြင်းမင်္ဂလာဟာ သင်တို့အားလုံးအပေါ်သို့သက်ရောက်ပါစေလို့ ရှေးဦးစွာမေတ္တာပို့သပါတယ်။ “အမိုက်မှောင်ထဲ၌သွားလာနေထိုင်သော လူမျိုးသည် ဧရာမအလင်းကြီးကိုမြင်ရ၏။ ကိုယ်တော်သည် ဝမ်းမြောက်ခြင်းများကို များပြားစေတော်မူ၍ သူတို့၏ပျော်ရွှင်ခြင်းကိုလည်းကြီးမားစေသည်။”လို့ ပရောဖက် အီဇာအီယအနာဂတ္တိကျမ်းမှာတွေ့ရပါတယ်။ အလင်းဟာ ဝမ်းမြောက်စရာအဖြစ်တွေ့ရပြီး၊ အမှောင်ကတော့ စိတ်အားငယ်စရာ၊ စိုးကြောက်စရာအဖြစ် ကျွန်ုပ်တို့တွေ့မြင်ရပါတယ်။ ဖြောင့်မတ်တဲ့၊ ရိုးသားတဲ့၊ ဖြူစင်တဲ့၊ နိမ့်ချတဲ့၊ နားထောင်ခြင်းရှိတဲ့ခရစ်တော်ကို အလင်းနဲ့နှိုင်းထားတာဖြစ်ပါတယ်။ ဖြောင့်မတ်ခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ကောက်ကျစ်မှု၊ နိမ့်ချခြင်းနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ မာနထောင်လွှားမှု၊…