rvamyanmar

rvamyanmar

မိမိကို ပျော်ရွှင်စေမဲ့ ကိုယ်ပိုင် နည်းလမ်းကို ပြောင်းနိုင်ရမယ်

Marriage Without Tears ဒီနေ့မှာ အိမ်ထောင်တစ်ခုတည်ဆောက်ကြတဲ့ခါ ပျော်ရွှင်မှုတွေ ဆိတ်သုန်းပြီး ဝမ်းနည်း ပက်လက်နဲ့ ငိုကြွေးစရာတွေဖြစ်လာရတဲ့ အကြောင်းရင်းလေးတွေကို ကျွန်မသိထား၊ မြင်ထား၊ တွေ့ကြုံထားတာလေးတွေနဲ့ မျှဝေပေးသွားချင်ပါတယ်။ အိမ်ထောင်တစ်ခုတည်ဆောက်တဲ့ခါ တချို့က ကံတရားနဲ့လဲဆိုင်တယ်လို့ ဆိုကြပါတယ်။ အိမ်ထောင်များစွာအတွက် မတူတဲ့အကြောင်းရင်းခံတွေလည်း အများကြီးရှိတာပါ။ တချို့သော သူတွေအတွက် ဆိုးယုတ်တဲ့ အိမ်ထောင်ရေးဖြစ်လာသလို တချို့ကျတော့ အိမ်ထောင်ရှိတယ်ဆိုရုံ သက်သက်တွေလဲ မြင်တွေ့ရတယ်။ တချို့ကျတော့ အိမ်ထောင်တစ်ခုကို စာချုပ်စာတမ်းတွေနဲ့ အခိုင်အမာတည်ဆောက် ကြတယ်။ တချို့ကျတော့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ အယူသီးမှုတွေနဲ့ အိမ်ထောင်ကို တည်ဆောက်ကြတယ်။…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ သြဝါဒ ၁၄၊ ၉၊ ၂၀၂၂

ခရစ္စတူးကားတိုင်၏အောင်နိုင်ခြင်းပွဲဘုရားဘယ်ရောက်နေလဲ  လူ့ဘဝရဲ့ထိတ်လန့်ဖို့ကောင်းတဲ့အခြေအနေကို ဝတ္ထုရေးဆရာကြီး ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Elie Wiesel က အခုလိုရေးထားပါတယ်။ Elie Wiesel က ဒုတိယကမ္ဘာစစ်ကြီးအတွင်းကလာ ဂျူးတွေ အစုလိုက်အပြုံ လိုက်သတ်ခံရခြင်း Holocaust ကနေ အသက်မသေလွတ်မြောက်ခဲ့သူတစ်ဦးဖြစ်တယ်။ Holocaust ထဲမှာ သူ့အဖေ၊ အမေ နဲ့ ညီမလေး သေသွားခဲ့ကြတယ်။ အဲဒီလိုဆိုးဝါးလွန်းတဲ့ဝေဒနာတွေရှိနေရခြင်းအတွက် ဘာ့ကြောင့်ဆိုပြီး အလွယ်တစ်ကူအဖြေတွေနဲ့ပြီးဆုံးမသွားစေဖို့ Elie ပြောခဲ့တယ်။ သူ့အမေ နဲ့ သူ့ညီမလေး တို့ ထည့်ပြီး အသတ်ခံရတဲ့ မီးဖိုအိမ်ကြီးထဲကနေ ကောင်းကင်ကိုတက်နေတဲ့ အနက်ရောင်မီးခိုးတွေကို သူ့…

ရင့်ကျက်သန်မာသူ

ဒီကနေ့အတွက်ရင့်ကျက်သန်မာသူဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးချင်ပါတယ်။လူတိုင်းမှာ … အားနည်းချက် ကိုယ်စီရှိကြတယ်။ ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့ပိုင်ဆိုင်မှုနဲ့ ကိုယ့်ရဲ့ တစ်ခြားသော အားနည်းချက်တွေကြောင့် ကိုယ့်ကိုကိုယ် မလုံမလဲ စိတ်တွေဝင်လာကြတယ်။ ကိုယ့်ရဲ့အားနည်းချက်တွေကို လက်မခံနိုင်ဘဲ ဖုံးကွယ်ဖို့ကြိုးစားရင်းကနေ သိမ်ငယ်စိတ်တွေပါ ဝင်လာကြတယ်။ ကြာလာတော့ ဘဝကို ရင်မဆိုင် ရဲကြတော့ဘဲ ကြောက်ရွံ့လာကြပါတယ်။ လွယ်လွယ်နဲ့ အရူံးပေးချင်လာကြပါတယ်။ ဒါက လုံးဝကြောက်စရာကောင်းတဲ့ ရှင်သန်မှုပဲလို့ ကျွန်တော်ထင်တယ် ။ တကယ်လဲ ရှိပါတယ် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ တချို့ဆိုရင် သိမ်ငယ်စိတ်တွေကို တမလွန်အထိ ယူဆောင်သွားကြတယ် ။ တော်တော်စိတ်မကောင်း ဖြစ်မိတယ်…

ဖာသာရ် Richard လှမင်းဦး (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် အင်္ဂါနေ့ သြဝါဒ ၁၃၊ ၉၊ ၂၀၂၂

၁၃ စက်တင်ဘာ ၂၀၂၂   နာအိမ်လို့ခေါ်တဲ့မြို့လေးမှာ သူမရဲ့တစ်ဦးတည်းသောသားလေးကိုသဂြိုလ်ဖို့ သင်းချိုင်းကိုသွားနေတဲ့ ရင်ထဲနာကျဥ်မှုကို သူမကိုယ်တိုင်ကလွဲလို့ ဘယ်သူကမှအပြည့်အဝခံစားနားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ နာအိမ်မြို့ကလူအမြောက်အများ စျာပနကိုလိုက်ပို့နေကြတယ်လို့ ရှင်လုကာကဆိုထားတယ်။ ဒါပေမဲ့လဲ သူမဘေးနားမှာ ဘယ်လောက်ပဲလူတွေအများကြီးရှိနေပါစေ လောကကြီးထဲမှာ သူမှတစ်ယောက်တည်း ဖြစ်နေသလိုဖြစ်တယ်။ နာအိမ်လို့ခေါ်တဲ့လှပတဲ့မြို့လေးမှာ သူမတစ်ခြားဘာကိုမှမမြင်နိုင်တော့ပါဘူး။ အုတ်ဂူနှစ်ခုကိုပဲ သူမမြင်တွေ့နေရတယ်။ တစ်ခုက သူမခင်ပွန်းရဲ့ဂူနဲ့ အခုသူမသားလေးရဲ့ဂူ။ ဒီလိုအဖြစ် ဆိုးတွေကြောင့် တစ်ခြားဘာကိုမှမမြင်နိုင်၊ မလုပ်နိုင် မကိုင်နိုင်ဖြစ်နေတော့ပဲ ရင်ထဲမှာ ဝမ်းနဲမှုတွေနဲ့ပဲ ပြည့်နှက်နေတဲ့အဖြစ်မျိုးက နာအိမ်မြို့ကမုဆိုးမတစ်ဦးတည်းရဲ့ဘဝမှာပဲဖြစ်တာလားဆိုရင် လူတိုင်းရဲ့ ဘဝမှာ ကြုံကြရတဲ့အရာဖြစ်တာကို ကျွန်တော်တို့သိကြပါတယ်။ စီတန်းလာနေတဲ့…

ဖာသာရ် Alphonse အောင်ကိုလတ် (မန္တလေး) သာမန်ကာလ (၂၄) ကြိမ်မြောက် တနင်္လာနေ့ သြဝါဒ ၁၂၊ ၉၊ ၂၀၂၂

သခင်ယေဇူကလူအများကိုသွန်သင်တော်မူပြီးတဲအခါ ကပေရနောင်မြို့သို့ ဝင်တော်မူ၏။ တပ်မှူး၏ ကျွန်တစ်ဦးသည် ဖျားနာ၍သေရန် အသင့်ဖြစ်နေပြီ၊ ယေရှုသည် လုကာ ၆ တွင် အဆုံးအမများ ပြီးဆုံ းခဲ့ပြီး ယခု ဂါလိလဲပင်လယ်အနီးရှိ တံငါရွာလေးတစ်ရွာဖြစ်သော ကပေရနောင်မြို့သို့ ရောက်ရှိလာ သည်။ ဤနေရာ၌ သခင်ယေရှုသည် သူ၏အချိန်များစွာကို ကုန်ဆုံးခဲ့ပြီး အံ့ဖွယ်အမှုများများစွာကို လုပ်ဆောင်ခဲ့သည်။  တပ်မှူးများသည် ယေဘူယျအားဖြင့် စစ်သည် ၁၀၀ ကို ကွပ်ကဲသော ရောမစစ် တပ်အရာရှိများဖြစ်သည်။ အများစုမှာ တစ်ပါးအမျိုးသားများဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ဂျူ းတစ်ဝက်-ရှမာရိလူမျိုးများဖြစ်သောကြောင့် ဂျူးလူမျိုးများသည် တပ်မှူးများကို…

” သဘာဝတရား ယုတ်လျေ့ာလာမှုများ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ ” သဘာဝတရား ယုတ်လျေ့လာမှုများ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ် – ပင်ကီ #rvamyanmar #rvapastoralcare #environment Visit our website at  Like Us on Facebook:  Follow Us On Twitter:  Follow Us On Instagram  Subscribe to our YouTube Channel: 

ဖာသာရ် Paschal သီကိုရှင်း(စလေးရှင်း) သာမန်ကာလ (၂၃) ကြိမ်မြောက် သောကြာနေ့ သြဝါဒ ၉၊ ၉၊ ၂၀၂၂

စက်တင်ဘာလ (၁၀) ရက် ၊    အဆိုလေးတစ်ခုရှိပါတယ်။ ကိုယ့်မှာမရှိတဲ့အရာ ကိုယ်မပေးနိုင် ။ လူတွေက ကိုယ့်မှာ ရှိတဲ့အရာကိုပဲ ကိုယ်ပေးနိုင်တာပါ။ ပညာတတ်တဲ့ဆရာက ပညာပေးနိုင်တယ်။ တရားရှိတဲ့သူက တရားပြနိုင်တယ်။ မေတ္တာရှိတဲ့သူက မေတ္တာကိုပေးတယ်။ အလင်းကို ပိုင်ဆိုင်တဲ့သူက အလင်းကို ပေးနိုင်တယ်။ ဆိုလိုချင် တာက မိမိမှာ မရှိတဲ့အရာကို ပေးဖို့ဆိုတာ ခက်ပါတယ်။ မျက်ကန်းက မျက်ကန်းကို ဘယ်လိုလုပ်လမ်း ပြမှာလဲ။ သူကိုယ်တိုင်က မမြင်နိုင်တဲ့ ဒုက္ခိတသမား။ ဒါကို ဘယ်လိုလုပ်ပြီး ဟိုဖက်ကိုသွား ဒီဖက်ကို…