
ဘုန်းတော်ကြီးဂျွန် စိုးတင့် ဘာသာရေးအမေးအဖြေ ကဏ္ဍ



သာမန်ကာလ(၃၂) ကြိုမ်မြောက်ကြာသပတေးနေ့ (ရှင်လုကာ ၁၇း၂၀-၂၅) ခရစ်တော်၌ချစ်လုစွာသောဓမ္မမိတ်ဆွေအပေါင်းတို့မေတ္တာတရားနဲ့မိတ်ဆွေသူငယ်ချင်းများရဲ့သံယောဇဉ်ဟာပညတ် ဥပဒေတွေထက်သာလွန်တယ်။ ဖီလီမွန်ကရေးတဲ့စာထဲ့မှာပေါလုကဖီလီမွန်ကို အချစ်ရဆုံးသောသူငယ်ချင်းလုပ်ဖော် ကိုင်ဘက်တယောက်အဖြစ်ခေါ်ပြီး သူဘုရားသခင်ရဲ့လူတွေအပေါ်မှာထားတဲ့မေတ္တာစေတနာတွေဟာသူတို့ရဲ့နှလုံးသား ကိုလန်းဆန်တက်ကြွစေလို့ ဖီလီမွန်ကိုပေါလုကကျေးဇူးတင်ခဲ့တယ်။ ကျွန်ုပ်တို့လည်းဖီလီမွန်လို့သူတပါးအပေါ်မေတ္တာ တရားပြဖြင်းအားဖြင့်သူတွုရဲ့နှလုံးသားများကိုအသစ်ပြုပြင်ပြောင်းလဲစေကြရမှာဖြစ်တယ်။ ဘုရားသခင်ရဲ့ကျေးဇူးတော် နဲ့လူတိုင်းကိုကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမများအဖြစ်ယူဆကြရမယ်။ အဲလိုဖြစ်နိုင်ရန်အစပိုင်မှာခက်ခဲ့လိပ်မယ်။ အစေခံ ကသူရဲ့သခင်စီကနေထွက်ပြေးချင်သလို့ကျွန်တော်တို့လည်းထိုအကျင်အကြံကိုကျင့်ကြဖို့ထွက်ပြေးချင်ကြလိပ်မယ်။ ဒါပေမဲ့ဘုရားရဲ့ကျေးဇူးတော်တောင်းခံပြီးကြိုးစာကျင်ကြံကြရမယ်။ ဧဝံဂေလိကျမ်းစာထဲ့ကလူတွေလိုကျွန်တော်တို့တတွေ လည်း “ဘုရားခင်ရဲ့နိုင်ငံတော်ကဘယ်အချိန် ရောက်လာမလဲ?”ဆိုတဲ့မေ:ခွန်ကိုမေးချင်ကြမယ်။ လောကမှာကြံတွေရတဲ့ဒုက္ ခအခက်အခဲ၊ မတရာမူတွေကိုရင်ဆိုင်ရချိန်စိတ်မရှည်စွာနဲ့ထိုမေးခွန်းမျိုးမကြာခဏမေးချင်ကြမယ်။ ဒါပေမယ်ခရစ်တော်က “ဘယ်အချိန်ဆိုတဲ့အဖြေကိုမပေးခဲ့ဘူး” ဘုရားသခင်ရဲ့နိုင်ငံတော်ကိုအချိန်နဲ့တိုင်းတာလို့မရသလို၊ တည်နေရာကိုလည်းပြောလို့ မရနိုင်ဘူး။ ကမ္ဘာကုန်တော့မယ်ဘုရားသခင်နိုင်ငံတော်ရောက်တော့မယ်လို့ဟောပြောနေတဲ့သူတွေဒီနေ့ကျမ်ပုဒ်အားဖြင့်သတိ ပေးနေတယ်။ သခင်ခရစ်တော်ကိုယ်တိုင်ပြောတာကဘုရားသခင်ရဲ့နိုင်ငံတော်ဟာကျွန်ုပ်တို့ရဲ့အလယ်မှာရှိနေပြီးသားတဲ့ ခရစ်တော်ကိုကျွန်ုပ်တို့ဘဝထဲ့ကျိန်းအောင်းခွင့်၊ စိုးမိုးခွင့်ပေးခြင်းဟာကောင်းကင်နိုင်ငံတော် ကိုပိုင်ဆိုင်ခြင်းဖြစ်တယ်။ ကဗျာ…

နိုဝင်ဘာလ (၉) ရက် (ဗုဒ္ဓဟူးနေ့) ဒီယနေ့ ကျွန်ုပ်တို့ကျင်းပနေတဲ့ပွဲနေ့ဟာ လူပုဂ္ဂိုလ် ရဟန္တာရဲ့ ပွဲနေ့မဟုတ်ဘဲနဲ့ ဘုရားကျောင်းတော်ကြီးရဲ့ ပွဲနေ့ကို ကျင်းပနေခြင်းဖြစ်ပါတယ်။ လက်သရမ်း ဘာစီလိကား ကျောင်းတော်ကြီးကို အပ်နှံပူဇော်ထားတဲ့ပွဲနေ့ကို ကျွန်ုပ်တို့ ကျင်းပ တဲ့ပွဲနေ့ဖြစ်ပါတယ်။ ဘာကြောင့် ကျင်းပရလဲဆိုတဲ့အကြောင်းရင်းလည်းရှိပါတယ်။ ဘုရားရှိခိုးကျောင်းတွေ ဆိုတာ ဘာသာတိုင်းရဲ့ အထွတ်အမြတ်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက်ဆို ပိုလို တောင် အရေးကြီးသေးတယ်။ လူတွေစုဝေးပြိး ဘုရားရှိခိုးကြတယ်။ ဆုတောင်းကြတယ်။ မစ္ဆားတရားပူဇော်ကြ တယ်။ ဒီလို ဝတ်ပြုဆုတောင်းတာတွေ လုပ်နိုင်ဖို့အတွက် ဘုရားရှိခိုးကျောင်းတွေဆိုတာ လိုအပ်လာပါတယ်။ ရှေးဦး…

ဒီကနေ့အတွက် ရဟန္တာလေအိုရဲ့အကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

နိုဝင်ဘာလ (၈) ရက် (အင်္ဂါနေ့) ဒီယနေ့ကြားနာထောက်ရှုရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ သခင်ပြန်အလာကို ခရီးဦးကြိုပြုပြီး တည်ခင်းကျွေးမွေးဖို့ စောင့်ဆိုင်းနေတဲ့ အစေခံတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ စိတ်နေစိတ်ထားတွေကို သတိပေးထားတယ်။ အစေခံက သူ့သခင် ပြန်လာတဲ့အခါ သခင်နဲ့ တစ်ပါးတည်း အတူမစားဘူး။ သခင်အတွက် လိုအပ်ရာကို ဆောင်ရွက်ဖို့က အဓိကပဲ။ ဒီလိုလုပ်ပေးတဲ့ အစေခံကို ကျေးဇူးတင်ကြောင်းပြောချင်မှပြောမှာ မပြောလည်း ကိစ္စမရှိဘူး။ ဒီလိုမျိုး ကြားလိုက်ရတဲ့အခါ မှာ ဖာသာရ်အနေနဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ဘယ်လိုလဲပေါ့။ သခင်က မောက်မာ လိုက်တာ၊ ကျေးဇူးတင်တယ်…

နိုဝင်ဘာလ (၇) ရက် (တနင်္လာနေ့) ဒီယနေ့ဖတ်ရှုကြားနာရတဲ့ ဧဝံဂေလိကျမ်းစာထဲမှာ ယေဇူးခရစ်တော်ဘုရားရှင်က မကောင်းလမ်းပြတဲ့ သူဟာ ကြိတ်ဆုံကျောက်ကို လည်ပင်းမှာဆွဲပြီး ပင်လယ်ထဲမှာ ပစ်ချခံလိုက်တာက ပိုကောင်းဦးမယ်လို့ မိန့်တော်မူပါ တယ်။ အင်္ဂလိပ်လိုဆိုရင်မကောင်းလမ်းပြခြင်းကို Scandal လို့ ပြောတယ်။ အဓိပ္ပါယ်ကသူများကိုအပြစ်ရောက် အောင် ဖြစ်စေတဲ့ မကောင်းလမ်းပြခြင်းလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ ဘယ်သူမှ ကိုယ့်အတွက်ကို ရှင်သန်ကြ တဲ့သူတစ်ယောက်မှမရှိပါဘူး။ ကိုယ့်ရဲ့ ရှင်သန် ခြင်းက သူတစ်ပါးကိုလည်း အနည်းနဲ့အများ ထိပါးသက်ရောက်မှုရှိ ပါတယ်။ ကိုယ်ကသာ ကိုယ် ဘယ်လိုနေလဲ ဆိုတာကို…



