ဖာသာရ် Aloysius Nay Myo Swe (မန္တလေး) သာမန်ကာလစတုတ္ထသီတင်းပတ်သောကြာနေ့ဩဝါဒ ၇၊ ၂၊ ၂၀၂၅

တိတ်ဆိတ်စွာ ထားခံလိုက်ရတဲ့ အမှန်တရားတိုင်းဟာ အဆိပ်အတောက်တွေ ဖြစ်လာတယ်။ဒါကတော့၊ Friedrich Nietzsche (ဖရီးဒရစ် နိချ) ရဲ့ “Thus Spoke Zarathustra” (ဇရသုတ္တရ ဤသို့ဟောကြား၏) စာအုပ်ထဲက ကောက်နုတ်ချက်တစ်ခု ဖြစ်ပါတယ်။ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းထဲမှာ အမှန်တရားကို ဖုံးကွယ်ထားခြင်း၊ နှုတ်ဆိတ်နေခြင်းဟာ အန္တရာယ်ရှိတယ်။၁။ အမှန်တရားကို ဖုံးကွယ်ထားတိုင်း တစ်နေ့မှာ ပိုကြီးမားတဲ့ ပြဿနာ ဖြစ်လာတတ်တယ်။၂။ မတရားမှု တွေ့တဲ့အခါ တိတ်ဆိတ်နေခြင်းဟာ ထိုမတရားမှုကို သွယ်ဝိုက်ပြီး အားပေးရာ ရောက်တယ်။၃။ လူမှုအသိုင်းအဝိုင်းမှာ ပွင့်လင်းမြင်သာမှု မရှိခြင်းဟာ လူ့အဖွဲ့အစည်းကို…