
ဖာရ်သာ Patrck Aye Shine Aung (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) အာဒ်ဝင်တူးတတိယတနင်္လာနေ့ ၁၅၊ ၁၂၊၂၀၂၅



အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ’ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ Pope Francis ရေးသားခဲ့တယ့် Laudato Si စာအုပ်မှ ” သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ” ဆိုတယ့်အကြောင်းကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ တင်ဆက် — ဝီလျံ ဇော်နိုင်ဦး တည်းဖြတ် — စတီဗင်
ယမန်နေ့ (ဒီဇင်ဘာ ၁၀) သည်ဗုဒ္ဓဟူးနေ့ဖြစ်သည်။ ရဟန်းမင်းကြီးသည်ခရီးထွက်ခြင်း၊ မကျန်း မမာဖြစ် ခြင်းမှလွဲ၍ ဗုဒ္ဓဟူးနေ့တိုင်း၌စိန့်ပီတာရင်ပြင် (သို့) ရဟန်းမင်းကြီးပေါလ် (၆) ခမ်းမကြီးထဲ ၌နိုင်ငံတကာ မှဘုရားဖူးများအားလက်ခံတွေ့ဆုံကာဩ၀ါဒမြွတ်ကြားခြင်း၊ အတူဆုတောင်းခြင်းကိုပုံမှန်ပြု လုပ်လေ့ ရှိသည်။ အကယ်၍ပြင်ပရာသီဥတုသည် ဘုရားဖူးတို့၏ကျန်းမာရေးကိုဆိုး၀ါးစွာ ထိခိုက်စေနိုင်သောမိုးရွာ သွန်း ခြင်း၊ နေပူပြင်းလွန်းခြင်း၊ အအေးလွန်ကဲခြင်း၊ မုန်တိုင်းအန္တာရယ်စသောအခြေအနေမျိုး ၌မူ မိုးလုံ လေလုံသောရဟန်းမင်းကြီးပေါလ် (၆) ၏ခမ်းမထဲ၌ကျင်းပလေ့ရှိသည်။ ယမန်နေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ်၌ နောက်တဖန်ပြန်လည်ဖြစ်ပွားလာသောနယ်စပ်ပဋိပက္ခ အခြေ အနေယခုထက်ပို၍ကြီးထွားဆိုး၀ါးမလာစေရန်၊ အမြန်ဆုံးချုပ်ငြိမ်းအဆုံးသတ်ကြရန်ပန် ကြားခဲ့သည်။ ဒေသမငြိမ်မသက်ဖြစ်ခြင်း၊ မလုံခြုံသောကြောင့်နှစ်ဖက်မှပြည်သူများသည် မိမိတို့၏အိုး…

ဘုရားသခင်၌ လေးစားချစ်ခင်ရပါသော သောတရှင် ဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ ယနေ့ဧဝံဂေလိ ကျမ်းစာမှာ လူတွေက ခရစ်တော်ဆီက ကောင်းကင်ကလက္ခဏာ ကို တောင်းတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ ခရစ်တော် က ယောန ရဲ့ နိမိတ်လက္ခဏာ က လွဲပြီး မည်သည့် နိမိတ် လက္ခဏာ မျှ ပေးခြင်းမခံရဘူးလို့ ခရစ်တော်က မိန့်ကြားခဲ့ပါတယ်။ဒါက ဘာကို ပြောချင်တာလဲဆိုတော့ ယောန က နီနေဝေးမြို့သားတွေ ပြောင်းလဲဖို့ ဟောကြားခဲ့တယ်။ သူတို့ဟာ နားထောင်ပြီး သူတို့ရဲ့ဘဝ တွေကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့…

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဘုန်းတော်ကြီးများ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို မန္တလေးသာသနာ ပြင်ဦးလွင်မြို့ ၊ အနီးစခန်း ဒွန်ဘော့စကို ဓမ္မရိပ်သာ၌ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၂ရက် နေ့ အထိ ပြုလုပ်ခဲ့ပါသည်။ ဝတ်စောင့်ခြင်းအစီအစဉ်၌ ပြင်သစ်နိုင်ငံမှ ဘုန်းတော်ကြီး Fr. Vincent Senechal (MEP) နှင့် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကုဦးတင်ဝင်းမှဦးဆောင်ပြီး ၅ ရက်တာ ဝတ်စောင့် ခြင်းပြုလုပ်ခဲ့ပါသည်။ ဝတ်စောင့်ခြင်း၌ မန္တလေးသာသနာမှ ဘုန်းတော်ကြီးများ ၅၇ ပါးပါဝင်ခဲ့ပါသည်။ ဝတ်စောင့်ခြင်း၌ Fr.…

သူ၏အမည်ကား Elgin-born Aidan Matheson ဖြစ်ပါသည်။ သူ့အကြောင်းကိုမေးမြန်း တွေ့ဆုံ သော အခါသူကလက်ရှိ၌စကော့တလန်နိုင်ငံရှိကက်သလစ်ဘုန်းတော်ကြီးများအနက်သက်တော်အ ငယ်ဆုံး ရဟန်းတစ်ပါးဖြစ်ကြောင်းသိရပါသည်။ လက်ရှိ၌သူသည် သက်တော် (၂၇) နှစ်ဖြစ်ပါသည်။ သူ သည်ယ ခုနှစ်ဇွန်လကထာ၀ရရဟန်းသိက္ခာကိုခံယူခဲ့သည်။ သူသည်ရဟန်းတစ်ပါးဖြစ်လာရန်အတွက်သင် ကြား ရမည့်ပညာရပ်များကို အီတလီနိုင်ငံ၊ ရောမမြို့၌သင်ကြားပြီးစီးခဲ့ခြင်းဖြစ်သည်။ ရဟန်းသိက္ခာမခံယူမီ ဦးပဥ္စင်းအဖြစ် Inverness မြို့ရှိ စိန့်မေရီဘုရားကျောင်း၌တစ်နှစ်တာအမှုတော်ထမ်းဆောင်ခဲ့သည်။ သူသည်ရုပ်ရည်သန့်ပြန့်ပြီး၊ နွေးထွေးဖော်ရွေသော၊ အတွေးအခေါ်ရှိသော၊ ပြုပြင်တည် ဆောက်မှု ကိုရည်သန်သောခရစ်ယာန်လူငယ်တစ်ဦးဖြစ်သည်။ သူ၏ခရစ်ယာန်ဘ၀ကိုအကောင်းဆုံးရှင် သန်လို ကြောင်း၊ သူသည်ငယ်စဉ်ကစမိဘ၊ ညီအစ်များနှင့်အတူမစ္ဆားတရားကိုကြည်ညိုစွာဖြင့်ပုံမှန်ပါ၀င်ပူ ဇော်ခဲ့ကြောင်း၊…

ရဟန်းမင်းကြီးလီယို (၁၄) ရဟန်းမင်းကြီးအမှုတော်စတင်ထမ်းဆောင်သည်မှစ၍ယူက ရိန်းသမ္မတနှင့် တွေ့ဆုံခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆိုလျှင် (၃) ကြိမ်ရှိပြီဖြစ်သည်။ ရဟန်းမင်းကြီးသည် ယူကရိန်း သမ္မတအား ‘ကစတယ်ဂန်ဒေါလ်ဖို’ ကျောင်းတိုက်၌လက်ခံတွေ့ဆုံခဲ့သည်။ ရဟန်းမင်းကြီးကငြိမ်း ချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးအဖြေရှာရေးကိုလက်ကိုင်၍ထမ်မံတိုက်တွန်းခဲ့သည်။ ၄င်းအပြင် စစ်ပွဲ၌ ဖမ်းဆီးခံရသောအကျဉ်းသားများအရေးနှင့်ယူကရိန်း ကလေးများအားမိသားစုနှင့် အမြန်ဆုံး ပြန် လည်အပ်နှံပေးရေး၊ သံခင်းတမန်ခင်းနည်းလမ်းများအားဖြင့်တရားမျှတခြင်းနှင့် အဓွန့် ရှည်တည်တံ့ သောငြိမ်းချမ်းရေး ကိုတည်ဆောက်ဆွေးနွေးခဲ့ကြသည်။ ယူကရိန်းသမ္မတသည် လွန်ခဲ့ သော (၅) လခန့် ကလည်းယခုတစ်ကြိမ် တွေ့ဆုံသောနေရာ၌ပင်ရဟန်းမင်းကြီးလီယို (၁၄) နှင့်သီးသန့် တွေ့ဆုံခဲ့ပြီး ယခုဆွေးနွေးသောအကြောင်း အရာများကိုဆွေးနွေးပြောဆိုခဲ့ဖူးသည်။ ရဟန်းမင်းကြီးအမှု…