မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသာ ဘုန်းတော်ကြီးများ၏ နှစ်ပတ်လည် ဝတ်စောင့်ပြုလုပ်ခြင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ဘုန်းတော်ကြီးများ၏ နှစ်ပတ်လည် ဝတ်စောင့်ခြင်းကို မန္တလေးသာသနာ ပြင်ဦးလွင်မြို့ ၊ အနီးစခန်း ဒွန်ဘော့စကို ဓမ္မရိပ်သာ၌ ဒီဇင်ဘာလ ၈ ရက်ကနေ ၁၂ရက် နေ့ အထိ ပြုလုပ်ခဲ့ပါသည်။

ဝတ်စောင့်ခြင်းအစီအစဉ်၌ ပြင်သစ်နိုင်ငံမှ ဘုန်းတော်ကြီး Fr. Vincent Senechal (MEP) နှင့် မန္တလေး ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ ဆရာတော်ကြီး မာကုဦးတင်ဝင်းမှဦးဆောင်ပြီး ၅ ရက်တာ ဝတ်စောင့် ခြင်းပြုလုပ်ခဲ့ပါသည်။ ဝတ်စောင့်ခြင်း၌ မန္တလေးသာသနာမှ ဘုန်းတော်ကြီးများ ၅၇ ပါးပါဝင်ခဲ့ပါသည်။

ဝတ်စောင့်ခြင်း၌ Fr. Vincent Senechal (MEP) မှအဓိကထားပြောကြားသည်မှာ

ငြိမ်းချမ်းခြင်း၊ အစေခံခြင်း၊ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် ယုံကြည်ခြင်းဆိုတဲ့ ခေါင်းစဉ်လေးခုကို တစ်ရက်စီဩဝါဒမြွက်ကြားခဲ့ပါတယ်။ Fr. Vincent Senechal (MEP) မှအဓိကထားပြောကြားသည်မှာ အတွင်းစိတ်ငြိမ်းချမ်းရေး၊ အစေခံခြင်းအသက်တာကို နက်နဲစွာနားလည်နိုင်ရေး ၊ အတူတကွ စည်းလုံးစွာနေထိုင်နိုင်ရေးနှင့် ယုံကြည်ခြင်း၏ နက်နဲရာတို့ကို ထောက်ရှု့ဝေမျှရန် ပြောကြားခဲ့ပါသည်။

Fr. John Paul Kyaw Thu Win

ကျွန်ုပ်တို့ဘုန်းတော်ကြီးတွေ ဒီမှာအတူတကွ ဆုတောင်းရတာ၊အတူတကွ တစ်ယောက်နဲ့တစ်ယောက် တွေကြုံရတဲ့ အားသာချက်၊အားနည်းချက်တွေကိုအချင်းချင်း ဝေမျှနိုင်တယ်။ ဒါတွေကတကယ် အကျိုးဖြစ်ထွန်းစေပါတယ်။ ဘုန်းကြီးတွေ အတူတကွဆုံရတယ်၊ အတူတကွဆုတောင်းရခြင်းသည်။ ကျွန်ုပ်တို့ဘုန်းတော်ကြီးများအတွက် ခွန်အားလည်းဖြစ်စေပါတယ်။

ဘုန်းကြီးတစ်ပါးအတွက် ဝတ်စောင့်ခြင်းက မရှိလို့မရပါဘူး။ တစ်ခါတစ်ရံမှာ မိမိတို့သည် ကိုယ်တာဝန် ကျတဲ့သာသနာနယ်မှာ လူမှုရေး၊ ကျန်းမာရေး၊ဂရုဏာလုပ်ငန်းများ စသည်ဖြင့် လုပ်ရမဲ့အရာတွေ များလို့ ကိုယ်က အဲအလုပ်တွေတွေမှာပဲ မျှောနေလို့ ဘုရားနဲ့ပြန်ပြီးပေါင်းစပ်ဖို့ ပျက်ကွက်တာတွေ ရှိတယ်။

ဝတ်စောင့်ခြင်းဆိုတာကနောက်ကိုခြေတစ်လှမ်းပြန်ဆုတ်ပြီး ကိုယ်နောက်မှာလုပ်ခဲ့တဲ့ အရာတွေမှာ ဘယ်အရာတွေမှာ ငါမှားနေလဲ၊ ဘယ်နေရာတွေမှာ အားနည်းနေလဲ၊ အားသာချက်ကဘာလဲ၊ ငါဘယ်လို ပြင်ဆင်ရမလဲ ဆိုတာတွေကို ဘုန်းတော်ကြီး တစ်ပါးစီတိုင်း အတွက်ပြန်လည်သုံးသပ်နိုင်ဖို့ ဒီလိုအချိန် တွေလိုအပ်ပါတယ်။

မွန်ဆီညှော် Fr. Peter Sein Hlaing Oo (Vicar General Mandalay)

နှစ်ပါတ်လည်ဥပုတ်စောင့်ဖို့ရာ အသင်းတော်ရဲ့ဥပဒေမှာပြဌါန်းထားတာရှိပါတယ်။ ဒါ့အပြင် ရပ်ဝေးမှာ တစ်ပါးတည်းတာဝန်ထမ်းဆောင်နေရတဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးများအတွက် ဒီလိုဥပုတ် စောင့် ခြင်းကနေ ဝိညာဉ်ခွန်အားပြန်လည်ဖြည့်တင်းရုံသာမက ဆရာတော်၊ ညီ/နောင်ရဟန်းတော်များနဲ့ ပြန် လည်ဆုံတွေ့ရတဲ့အတွက် စိတ်ဓါတ်ခွန်အားလည်းရစေပါတယ်။ အတွေ့အကြုံတွေဖလှယ်ရင်း အခက် အခဲတွေကိုဖြေရှင်းဖို့ အကြံကောင်း၊ နည်းလမ်းကောင်းများကိုလည်း ရရှိစေပါတယ်။ 

Fr.Leo

ရဟန်းဘုန်းကြီးတစ်ပါး အနေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ရေးကို Retreate လုပ်ခြင်းအားဖြင့် နောက်နှစ် ဆက်လုပ် ဆောင်မည့် သာသနာ လုပ်ငန်းတွေအတွက် ဝိညာဉ်ခွန်အားတွေ ပြန်ပြီးရရှိစေတယ်။

rvamyanmar
rvamyanmar
Articles: 3921

Leave a Reply

Your email address will not be published. Required fields are marked *