
ကြောက်ရွံ့မှုများလွှမ်းမိုးနေသော ကမ္ဘာကြီးတွင် လက်နက်မဲ့ ငြိမ်းချမ်းရေး

ပုပ်ရဟန်းမင်းကြီး လီယို (၁၄) ၏ ၂၀၂၆ ခုနှစ် ကမ္ဘာငြိမ်းချမ်း ရေးနေ့ သဝဏ်လွှာမှ အဓိကအချက်များ ကြောက်ရွံ့မှုနှင့် စစ်အင်အားတိုးချဲ့မှုများ လွှမ်းမိုးနေသော ကမ္ဘာ နိုင်ငံတကာဆက်ဆံရေးသည် ကြောက်ရွံ့ခြင်း၊ လက်နက်တပ်ဆင်ခြင်းနှင့် စစ်ပွဲဖြစ်လာနိုင်ခြေရှိသည်ဟု မျှော်လင့်ခြင်းများအပေါ်တွင် ပိုမိုအခြေခံလာနေကြောင်း ပုပ်ရဟန်းမင်းကြီးက သတိပေးထားသည်။ စစ်ရေးအရ အပြန်အလှန်ဟန့်တားခြင်း (အထူးသဖြင့် နျူကလီးယားဟန့်တားမှု) သည် တရားမျှတမှု၊ ဥပဒေ သို့မဟုတ် ယုံကြည်မှုအပေါ်တွင် အခြေမခံဘဲ ကြောက်ရွံ့မှုနှင့် လွှမ်းမိုးချုပ် ကိုင် လိုမှု အပေါ် တွင် သာ အခြေခံထားသောကြောင့်…





