rvamyanmar

rvamyanmar

ဂျူဘီလီနှစ်သည်ပြီးဆုံးသွားမည်ဖြစ်သော်လည်းကျွန်ုပ်တို့သည်ယုံကြည်ခြင်း၏ခရီးသွားများ

အဖြစ်ဆက်လက် ရှင်သန်ကျန်ရစ်ကြရန်ရဟန်းမင်းကြီးတိုက်တွန်း။ ရဟန်းမင်းကြီးလီယို (၁၄) သည် ဂျူဘီလီနှစ်၏နောက်ဆုံးစနေနေ့အဖြစ်ဘုရားဖူးများနှင့် တွေ့ဆုံစဉ် မိန့် ကြားသောဩ၀ါဒ၌ ဂျူဘီလီနှစ်ပြီးဆုံးသွားမည်ဖြစ်သော်လည်း ခရစ်ယာန်များအနေဖြင့်မျှော် လင့်ခြင်း ၏ခရီးသွားများအဖြစ်ဆက်ရှင်သန်ကျင့်ကြံကြရန်၊ ဤတရားတော်သည်အဆုံးသတ်သွားမည်မ ဟုတ် ကြောင်းအသိပေးမိန့်ကြားခဲ့သည်။ ခရစ္စမတ်ပွဲတော်ကြီးသည်လည်းနီးကပ်လာပြီဖြစ်၍ခရစ္စမတ်တရားတော်လည်းဖြစ်သော မျှော်လင့် ခြင်းနှင့်စပ်လျဉ်း၍ဩ၀ါဒအတွင်း၌ထည့်သွင်းမိန့်ကြားခဲ့သည်။ မျှော်လင့်ခြင်းသည်ကြောက်ရွံ့ခြင်း ၌ အတွယ်နေသည်မဟုတ်။ ယေဇူးခရစ္စတူးသခင်အားဖြင့်ဘုရားသခင်နှင့်နီးကပ်စွာရှိနေခြင်း၌တည်ရှိသည်။ ခရစ္စတူးသခင်မပါလျှင် ‘သခင်သည်နီးကပ်လာပြီ’ ဟုကြွေးကြာ်ခြင်းသည်ခြိမ်းခြောက်ခြင်းဖြစ်သည်။ သို့ သော်ခရစ္စတူး သခင်ရှိ နေခြင်းကြောင့် ထိုကြွေးကြော်သံသည်သနားခြင်း၏ကတိတော်ဖြစ်လာသည်။ ခရစ္စ တူးသခင်၌ ခြိမ်း ခြောက်မှုမပါ။ ခွင့်လွှတ်ခြင်းသာရှိသည်။ ယေဇူးသခင်၏လူ့အဖြစ်တော်ကိုခံယူခဲ့သည့်အ ဖြစ်ကို ထောက်ရူခြင်းဖြင့် အသက်ပေးသောဘုရားသခင်ဖြစ်ကြောင်း၊…

ရဟန်းမင်းကြီးလီယို (၁၄) အီတလီလွှတ်တော်သို့အစီအစဉ်မရှိဘဲကြွရောက်သွားခဲ့။ 

ရဟန်းမင်းကြီးသည်ပြီးခဲ့သောကြာသပတေးနေ့က အီတလီနိုင်ငံအစိုးရ၏အထက်လွှတ် တော်သို့ အစီ အစဉ်မရှိဘဲကြွရောက်သွားရာအထက်လွှတ်တော်ဥက္ကဌဖြစ်သူ Ignazio La Russa မှပြာပြာသ လဲထွက် ကြိုခဲ့ရသည်ဟုသိရသည်။ ရဟန်းမင်းကြီးနှင့်အတူဗာတီကန်၏အတွင်းရေးမှူးကာဒီနယ် Pietro Parolin လည်းလိုက်ပါသွားခဲ့သည်။ ရဟန်းမင်းကြီးက လွှတ်တော်၏စာကြည်တိုက်၊ ပြခန်းများကို ကြည်ရူ့ လေ့လာခဲ့သည်။ ရဟန်းမင်းကြီးသည်အထက်လွှတ်တော်အမတ်များနှင့်လည်းတွေ့ဆုံခဲ့သည်။ လွှတ်တော်၌ ပြင်ဆင်ထားသောသူငယ်တော်အိမ်ကိုလည်းဖွင့်လှစ်ပေးခဲ့သည်။ Fr. Clement Ate 

ဖာရ်သာ Aloysius Nay Myo Swe (မန္တလေးကက်သလစ်ဂိုဏ်ချုပ်သာသနာ) အာဒ်ဝင်တူး စတုတ္ထ တနင်္ဂနွေ ၂၁၊ ၁၂၊ ၂၀၂၅

စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း (၇၅) ပြည့် စိန်ရတူဂျူဘီလီပွဲကျင်းပ။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ၊ ၇၅လမ်း၊ ၂၈နှင့်၂၉လမ်းကြားရှိ စိန့်ဖရန်စစ်သာသနာစီရင်စု၊ စိန့်ဖရန်စစ်ဇေးဗီးယား ဘုရား ကျောင်း (၇၅) နှစ်ပြည့် စိန်ရတုဂျူဘီလီပွဲမစ္ဆားတရာတော်ကို (၂၀.၁၂.၂၀၂၅) စနေနေ့နံနက် ၈းဝဝ အချိန်၌ Fr. John Aye Kyaw မှ ဦးဆောင်ပူဇော်ပေးခဲပြီး ဩဝါဒ တရားကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo မှမြွက်ကြားခဲ့ပါသည်။ မစ္ဆားတရားမစမှီ စိန့်ဖရန်စစ်ဇေးဗီးယားဘုရားကျောင်း၏ သမိုင်းမှတ်တမ်းတင် ကမ္ဗည်းကျောက်စာ တိုင်ကို မွန်ဆီညှော် Fr. Peter Sein Hlaing Oo…