rvamyanmar

rvamyanmar

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။

ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါအမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိပါသလော။ ‘ဘုရားသခင်ကို ကျွန်ုပ်တို့ရှာဖွေသည့်အခါ အမှန်တကယ်ကျွန်ုပ်တို့၏ရှေ့၌ရှိသလော။ သို့မဟုတ် ကျွန်ုပ်တို့၏ နောက်၌ရှိနေပါသလော’ ဟုဆွီစ်လူမျိုးဓမ္မတွေးခေါ်ပညာရှင် Hans Urs von Balthasar က ဘုရားသခင်နှင့်စပ်လျင်း၍ အလေးအနက်ထားတွေးတောရန်မေးခွန်းမေးလာပါသည်။ သာသနာပြုခြင်းနှင့်စပ်လျင်း၍ ဤမေးခွန်းကိုထုတ်လိုက် ခြင်းဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် သာသနာတော်ကြီးကသွန်သင်ညွှန်ကြားသည့်အတိုင်း အဘယ်မျှ ပြည့်ပြည့် ၀၀ဖြည့်ဆည်းလုပ်ဆောင်လေ့ရှိသနည်း။ မိမိတို့တတ်စွမ်းသလောက်ကြိုးစား၍ ဧ၀ံဂေလိတရားကိုဟောကြားလေ့ရှိသနည်း။ ယနေ့ (အာဒ်၀င်တူးကာလပထမပတ် တနင်္ဂနွေနေ့ ) ဖတ်ကြားထောက်ရူသော သံလုကာ (၂၁း၅-၂၈, ၃၄-၃၆) ၌ ယေဇူးသခင်နှင့်သူ၏တပည့်တော်ကြီးများ၏ အမေးအဖြေကိုကြားရ သည်။ ယေဇူးသခင်က တပည်တော်ကြီး တို့အား…

ချစ်သူရည်စားဘ၀မှာ

အားလုံးဘဲမင်္ဂလာပါ အာဗီအေမြန်မာဘာသာအစီအစဥ်ကနေကြိုဆိုပါတယ်ရှင်။ဒီတစ်ပတ်တင်ဆက်ပေးမဲ့အကြောင်းအရာလေးကတော့“ချစ်သူရည်စားဘ၀မှာ“တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်ထားရှိသင့်တဲ့အချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။    မိတ်ဆွေလူငယ်များရှင်  ကျွန်မတို့တတွေတစ်ယောက်နဲ့တစ်ယောက်ပေါင်းသင်းဆက်ဆံရေးတွေမှာဖြစ်ဖြစ်၊ အဖွဲ့အစည်းအချင်းချင်း၊စီးပွားရေးသမားတွေဘဲဖြစ်စေ၊အလုပ်ရှင်နဲ့အလုပ်သမားတွေမှာဖြစ်ဖြစ်အပြန်ထားရှိရမဲ့အရာတွေ၊စောင့်စည်းရမယ့်စည်းကမ်းတွေ၊လေးစားမှုတွေ၊လျှို၀ှက်ချက်တွေ၊ယဥ်ကျေးမှုတွေသိသင့်သိအပ်တဲ့အချက်တွေရှိကြပါတယ်။        မိတ်ဆွေများရှင်ဒီလိုပါဘဲ ချစ်သူရည်းစားဘ၀မှာလည်းတစ်ယောက်နဲ့တစ်ယောက်ချစ်သူရည်းစားဖြစ်သွားတဲ့အခါအပြန်အလှန်လိုက်နာရမဲ့အချက်တွေလည်းရှိပါတယ်။ပြောပြတင်ဆက်ပေးပါရစေ။ အဲဒါတွေကတော့ နံပါတ် (၁) သစ္စာရှိဖို့     -ရာသက်ပန်းဘ၀ကြင်ဖော်အဖြစ်လက်တွဲကြမဲ့သင့်တို့တစ်ဦးနဲ့တစ်ဦးဟာ  သစ္စာရှိဖို့လိုအပ်ပါတယ်နော်။ ဆယ်ကျော်သက်လူငယ်တွေဟာမိမိကိုယ်ကိုအမှားအမှန်မသိဘဲအဖော်သူငယ်ချင်းတွေအားပေးအားမြှောက်လို၊အပျော်သဘောနဲ့၊တချိုကျတော့မခံခြင်းစိတ်ကြောင်း၊တချို့ကျတော့လည်းရည်းစားထားရခြင်းရဲ့အနှစ်သာရကို မြည်းစမ်းခြင်းလိုထားကြည်ချင်လို့ဆိုပြီးတော့ခေတ်လူငယ်လေးတွေဟာမိမိကိုယ့်ကိုဘာမှာမသိ၊ရှေ့ရေးကိုမ ကြည့်တက်၊ရင့်ကျက်မှုမရှိအပူအပင်ကင်းစွာနဲ့စိတ်အလိုလိုက်မိပြီးတော့သမီးရည်းစားတွေထားတက်ကြပါ တယ်။အဲလိုမဖြစ်သင့်ပါဘူး။ချစ်သောလူငယ်တို့မိမိကိုယ့်ကိုကောင်းကောင်းသုံးသပ်ကြည့်ပါ။တကယ်ဆိုရင်ဖြစ်သင့်တဲ့အရာကချစ်သူအဖြစ်နှစ်ဦးသဘောတူလက်တွဲလိုက်ပြီဆိုတာနဲ့ပတ်၀န်းကျင်ကသိသည်ဖြစ်စေ၊သူငယ် ချင်းအပေါင်းအဖော်တွေသိသည်ဖြစ်စေ၊အကြောင်းအမျိုးမျိုးတွေကြောင်းမိဘတွေကိုအသိမပေးသေးတာဖြစ် စေ၊အဓိကတော့သင့်တို့နှစ်ဦးဟာတစ်ယောက်နဲ့တစ်ယောက်သစ္စာရှိကြဖို့ကအရေးကြီးတာပါ။တချိန်ထဲမှာဘဲတဦးနဲ့တဦးစိတ်ထား၊ခံယူချက်တွေ၊အကြိုက်ခြင်းတူ/မတူ၊ထာ၀ရလက်တွဲနိုင်၊လက်မတွဲနိုင်ဆိုတာတွေကိုလေ့ လာထားရမှာဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေလည်းလိုအပ်ပါတယ်။အဲဒီအချက်တွေကိုအလေးအနက်ထားစဥ်းစားထားမှာသာလျှင်နောင်အိမ်ထောင်ရေးဘ၀မှာလဲပျှော်ရွှင်ဘွယ်အိမ်ထောင်ရေးဖြစ်လာမှာဖြစ်ပါတယ်နော်။မိမိမှာချစ်သူရည်စား၊လက်ထပ်မဲ့သူရှိပါ လျက်နဲ့တခြားတစ်ယောက်ကိုမျက်စိကျတာ၊တခြားသူတွေနဲ့ဘာလိုလိုညာလိုလိုအခြေအနေတွေဖန်းတီးတာမျိုးတွေကိုမလုပ်သင့်ပါဘူးနော်။သစ္စာရှိကြပါနော်။အဲ့ဒီအချက်တွေကိုလည်းသိရှိနားလည်းပြီးသာလိုလည်းယုံကြည်ပါတယ်။သစ္စာရှိခြင်းဆိုတာ-တသက်လုံးလက်တွဲသွားရမယ့်ဆိုတာထက် ချစ်သူဖြစ်နေတဲ့ကာလ အတောအတွင်းမှာတစ်ယောက်နဲ့တစ်ယောက်သစ္စာရှိဖို့ကိုဆိုလိုတာပါ။ စာဆိုတစ်ခုရှိပါတယ်။ သစ္စာတည်ကြည်သောအခါနွယ်မြစ်သစ်ပင်ဆေးဘက်၀င်၏ဆိုရိုစကားရှိပါတယ်။ ၂။ ရိုးသားခြင်း          ချစ်သူရည်စားဘ၀မှာ တစ်ယောက်နဲ့တစ်ယောက်  ရိုးသားဖို့လည်းလိုအပ်တဲ့အရာတစ်ခုပါ။တချို့သမီးရည်းစားအတွဲတွေဆိုရင်ရိုးသားမှုမရှိ၊ပွင့်လင်းမှုမရှိခြင်းတွေကြောင်းတဖြေးဖြေးယုံကြည်မှုတွေမရှိတော့နားလည်မှုတွေလွှဲသွားတက်ပါတယ်။တချို့ကျပြန်တော့၊ဥပမာပြေရမယ်ဆိုရင်ကလဲ့စားချေခြင်းတဲ့စိတ်ကြောင့်၊တဖက်သားကိုနစ်နာစေတဲ့မကောင်းတဲ့စိတ်ဓာတ်တွေ၊မရိုးသား၊မ မှန်ကန်တဲ့စိတ်ဓာတ်တွေနဲ့ချစ်သူရည်စားထားတက်ကြပါတယ်။အဲလိုမဖြစ်သင့်သလိုအဲလိုစိတ်ထားတွေလည်းမထားသင့်ပါဘူး။ချစ်သူရည်စားဖြစ်တယ်ဆိုတာတစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေဖြစ်မိပြီးချစ်မိကြလို့(ဖူးစာပါလိုပြောရမလား)ချစ်သူဖြစ်လက်တွဲဖြစ်လာကြတာပါ။တကယ်လို့ချစ်သူဖြစ်ပြီးမှမိမိတကယ်မချစ်မှန်းသိရရင် လည်းပွင့်ပွင့်လင်းလင်းပြောပြပြီးစိတ်ကျေနပ်တဲ့အထိတဖက်သူကိုတောင်းပန်သင့်ပါတယ်။မိမိကသူအပေါ်မှာ ဘာခံစားချက်မှာမရှိနိုင်တော့ဘူးဆက်ပြီးလည်းမချစ်နိုင်တော့ဘူးဆိုရင်ရိုးရိုးသားသားနဲ့ပွင့်ပြောလိုက်ပါ။တဖက်သူခံစားသွားရအောင်မလုပ်ပါနဲ့၊မလှည့်ဖြားနဲ့၊မျှော်လင့်ချက်တွေခံစားချက်တွေလည်းမပေးမိပါစေနဲ့။အဖြစ်ကိုအဖြစ်တိုင်းအရှိကိုအရှိတိုင်းပွင့်ပွင့်လင်းလင်းပြောပြဖို့လိုအပ်ပါတယ်။ဒါမှာအပြန်အလှန်နားလည်ပေးနိုင်မယ်၊ရှေ့ဆက်အဆင်ပြေမယ်ဖြစ်ပါတယ်။သမီးရည်စားဘ၀မှာဘာသာတရားကလည်းအရေးကြီးပါတယ်။မိမိတို့လည်းယုံကြည်ကိုးကွယ်တဲ့ဘာသာတရားကိုလွတ်လပ်စွာကိုးကွယ်စေခြင်းပါတယ်။သမီးရည်စားဘ၀မှာဘာသာတရားနဲ့ပက်သက်ပြီးကျွန်မရဲ့အတွေ့အကြုံလေးကိုအနည်းငယ်ပြောပြပေးပါမယ်။နှစ်ယောက်စလုံးဟာအရမ်းကိုချစ် ကြတဲ့သူတွေပေါ့၊ဆယ်နှစ်လောက်သမီးရည်စားဖြစ်ခဲ့ကြတာပေါ့။နောက်ပိုင်းမှာညှိလိုမရတဲ့အရာတစ်ခုကတော့ဘာသာတရားကြောင်းတဖြေးဖြေးနဲ့လမ်းခွဲလိုက်ရတော့၊နားလည်မှုတွေလွဲသွားရပါတယ်။ဒါကြောင့်သမီးရည် စားဘ၀မှာလည်းအချစ်တစ်ခုတဲ့မဟုတ်ပဲ့ဘက်စုံစဥ်စားထားရမှာဖြစ်ပါတယ်။အဲဒါမှာရှေ့ဆက်အိမ်ထောင်ရေး မှာအဆင်ပြေမှာဖြစ်ပါတယ်။ဘာသာတရားနဲ့ပက်သက်ပြီရိုးရိုးသားသားပြောပြဖို့လိုအပ်ပါတယ်နော်။ ဘုရားတရာ၊စိတ်ထားမွန်မြတ်ခြင်းတွေနဲ့ပြည့်၀မယ်ဆိုရင်အရာရာတိုင်းကိုအကောင်းဆုံးလက်ခံနိုင်မှာဖြစ်ပါ တယ်ရှင်။ဒါအပြင်တစ်ဦးနဲ့တစ်ဦးလည်းတန်ဖိုးထားလေးစားလာမယ်ပတ်၀န်းကျင်ကိုလည်းလေးစားတန်ဖိုးထားတက်မှာဖြစ်ပါတယ်လိုပြောချင်ပါတယ်။ရိုးသားတဲ့စိတ်ထားဟာဖြူစင်ပါတယ်။ရိုးရိုးရင်ရင်လေးဟာမြင်ရ၊ကြည်နေရသူတွေအတွက်ကြည်နူးစရာပါ။ ၃။နားလည်ပေးခြင်း…

အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ

အာဒ်ဝင်တူးဖယောင်းတိုင်များအကြောင်း သိကောင်းစရာ ကက်သလစ်ဘုရားကျောင်းများနှင့် မိသားစုအချို့သည် ခရစ်တော်၏မွေးဖွားခြင်းကို စောင့်မျှော်ရာတွင် ဖယောင်းတိုင် (၅)တိုင် ပါဝင်သောပန်းခွေကို အသုံးပြုကြသည်။ ယင်းတို့ထဲမှ (၄)တိုင်မှာ ခရစ္စမတ်မတိုင်မီ တနင်္ဂနွေနေ့များတွင် ထွန်းညှိရန်ဖြစ်ပြီး ကျန်တစ်တိုင်မှာ ခရစ္စမတ်နေ့တွင် ထွန်းညှိရန်ဖြစ်သည်။ အာဒ်ဝင်တူးကာလအတွင်း ထွန်းညှိသော ဖယောင်းတိုင်များကို အရောင်အမျိုးမျိုးခြယ်သကြသော်လည်း များသောအားဖြင့် ပထမသုံးတိုင်ကို ခရမ်းရောင်ခြယ်သကြပြီး စတုတ္ထတိုင်ကို ပန်းရောင်ခြယ်သကြသည်။ ရံဖန်ရံခါ ဆိုသကဲ့သို့ ဖယောင်းတိုင်လေးတိုင်းစလုံးကို ခရမ်းရောင်ခြယ်သကြသည်လည်းရှိသည်။ ခရစ္စမတ်ဖယောင်းတိုင်ကြီးမှာမူ အဖြူရောင်ဖြစ် သည်။ အာဒ်ဝင်တူးဖယောင်းတိုင်များ၏အရောင်နှင့်ပတ်သက်၍ ဆိုရလျှင် ခရမ်းရောင်သည် နောင်တစွဲယူခြင်းကို ကိုယ်စားပြုသည်။ ပန်းရောင်သည်…

ဖာသာရ် ဩဂတ်စတင်း တင်မောင်ထွန်း (၃၄) ကြိမ်မြောက် တနဂ်နွေနေ့ (ယေဇူး ဘုရင်ပွဲတော်နေကြီး) ဩဝါဒ နိုဝင်ဘာလ ၂၁၊ ၂၀၂၁

မိမိနိုင်ငံကိုချစ်ပါ မိမိတိုင်းပြည်ရဲ့မျက်နှာကိုပဲကြည့်ပါ

ဘယ်သူ့မျက်နှာကိုကြည့်မလဲလို့မေးလာတဲ့လူများရှိခဲ့ရင်အင်မတန်တိုတောင်းထိရောက်ပြီးအဓိပ္ပါယ်ရှိတဲ့အဖြေတစ်ခုကိုပဲပေးချင်ပါတယ်။တိုင်းပြည်မျက်နှာကိုပဲကြည့်ပါလို့ပါပဲ။ဟုတ်ပါတယ် ဘယ်နိုင်ငံဘယ်လူမျိုးမဆိုသူတို့လေးစားတန်ဘိုးထားဆုံးအရာဟာသူတို့တိုင်းပြည်ပဲဖြစ်ပါလိမ့်မယ်။အဲဒါကနံပါတ်တစ်ဖြစ်ပြီးအဲဒီနံပါတ်တစ်ရဲ့နောက်မှာမှနံပါတ်နှစ်၊နံပါတ်သုံး၊နံပါတ်လေးကိစ္စတွေကတန်းစီပြီးလိုက်လာပါလိမ့်မယ်။ကိုယ်ကျိုးတစ်ခုတည်းကိုပဲကြည့်တာ၊အဲဒီကိုယ်ကျိုးနဲ့ယှက်နွယ်ပါဝင်လာတဲ့ကိစ္စအသေးလေးတွေကိုပဲကြည့်တာဟာနောင်တစ်ချိန်မှာအင်မတန်အန္တရာယ်များတတ်ပါတယ်။လူတစ်ဦး၊လူတစ်စုမဟုတ်တာလုပ်ခဲ့တဲ့အတွက်မဝေးကွာလှတဲ့အနာဂတ်မှာလူမျိုးပျောက်မတတ်၊တိုင်းပြည်ပျောက်မတတ်ဖြစ်ခဲ့ရတဲ့တိုင်းနိုင်ငံတော်တော်များများကိုသမိုင်းဟောင်းတွေမှာရာ၊သမိုင်းသစ်တွေမှာပါ တွေ့ရပါလိမ့်မယ်။

စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂)

စိန့်စီစီလျား St. Cecilia (နိုဝင်ဘာလ ၂၂) စိန့်စီစီလျားသည် ဂီတသမားများ ကိုးစားရာ ရဟန္တာမ တစ်ဦးအဖြစ် ယေဘူယျအားဖြင့် မှတ်သားထားနိုင်သည်။ သူမအကြောင်း ရေးသားသည့် အခါတိုင်းတွင် သူမ၏ မင်္ဂလာဆောင်ပွဲတွင် ဂီတပညာရှင်များ တီးခတ်ဆိုမှုတ်နေချိန်၌ သူမသည် ဘုရားသခင်အား စိတ်နှလုံးသားအတွင်းမှ သီချင်းသီဆိုရင်း ဆုတောင်းသည်ဟု ရေးသားလေ့ရှိသည်။ စိန့်စီစီလျားအား ကက်သလစ် ခရစ်ယာန်အသင်းတော်၊ အရှေ့ပိုင်း ကက်သလစ် အသင်းတော်၊ အင်္ဂလိကန် အသင်းတော်၊ အရှေ့တိုင်း သြသိုဒေ့ါအသင်းတော်များက အသိအမှတ်ပြု လက်ခံကြကာ သူမ၏ ပွဲနေ့အား နိုဝင်ဘာလ ၂၂…

နိုဝင်ဘာ (၂၁) ခရစ္စတူးဘုရင်ပွဲနေ့

နိုဝင်ဘာ (၂၁) ခရစ္စတူးဘုရင်ပွဲနေ့ ×××××××××××××××××××××××× ကက်သလစ် အသင်းတော်မှာ သခင်ယေဇူးဟာ ဘုရင်တကာတို့ရဲ့ အရှင်ဘုရင်ဖြစ်ခြင်း စကြဝဠာ ခရစ္စတူးဘုရင်ပွဲနေ့ ကို ကျင်းပပြီး သာမန်ဝတ်ပြု ကိုးကွယ်ခြင်းနှစ်ကို အဆုံးသတ်တာ ဖြစ်ပါတယ်။ ဒီပွဲပြီးလို့ နောက်တစ်ပတ်ဆိုရင် သာမာန် ဝတ်ပြုခြင်းကာလ မဟုတ်တော့ဘဲ အာဝင်တူး ခရစ္စမတ် သူငယ်တော်ယေဇူးကို ကြိဆိုဖို့ ကြိုတင်ပြင်ဆင်တဲ့ ကာလကို စတင်ကျင်းပခြင်း ဖြစ်ပါတယ်။ ခရစ္စတူးဘုရင်ပွဲနေ့ ကျင်းပပြီး ခရစ်တော် နောက်လိုက်တွေ ဖြစ်ကြတဲ့ ခရစ်ယာန်တိုင်းက သခင်ယေဇူး၊ ခရစ်တော်ရဲ့ စစ်မှန်တဲ့ ဘုရင်ဖြစ်ကာ…

#အမေး_အဖြေ ။ စိပ်ပုတီး ဆိုတာ ဘယ်ကစတင်ပြီးဘယ်လို အသုံးပြု လာခဲ့တယ်ဆိုတာ ရှင်းပြပေးပါ။

#အမေး_အဖြေ ။ စိပ်ပုတီး ဆိုတာ ဘယ်ကစတင်ပြီးဘယ်လို အသုံးပြု လာခဲ့တယ်ဆိုတာ ရှင်းပြပေးပါ။ မေး။ ။ ကျမ်းစာထဲမှာ သခင်ယေဇူး ကိုယ်တိုင်မကြာခဏ ဆုတောင်းတယ်ဆိုတာ ဖတ်ရပါတယ်။စိပ်ပုတီး စိပ်တာကိုတော့ တစ်ခါမှမတွေ့ရဘူး။ ဒါကြောင့် စိပ်ပုတီး (Rosray) ဆိုတာ ဘယ်က၊ ဘယ်လို စပြီးအသုံးပြုလာခဲ့တယ် ဆိုတာ ရှင်းပြပေးပါ ခင်ဗျာ။ #အဖြေ။ ။ ကျမ်းစာထဲမှာ သခင်ယေဇူးကိုယ်တိုင် မကြာခဏ ဆုတောင်းတယ်ဆိုတာ မှန်ပါတယ်။ သူစိပ်ပုတီး မစိပ်ခဲ့ရခြင်း အကြောင်းကတော့ သူဟာ ခမည်းတော် ဘုရားနဲ့ တိုက်ရိုက်စကား…

” သဘာဝကျကျ ပျိုးထောင်ပါ “

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာတော့ ” သဘာဝကျကျ ပျိုးထောင်ပါ ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါ်တယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ် – ပင်ကီ #rvamyanmar #rvapastoralcare #Environment