rvamyanmar

rvamyanmar

သရက်ပန်းများ ဖူးပွင့်ချိန် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန် သင့်မသင့်

ယခုကာလသည် သရက်ပန်းများ ဖူးပွင့်ချိန်ဖြစ်ပြီး၊ မြန်မာနိုင်ငံအထက်ပိုင်း အောက်ပိုင်း နေရာအနှံ့အပြားတွင် အနည်းနှင့်အများဆိုသလို သရက်ပန်းများ စတင်ဖူးပွင့်နေကြသည်ကို တွေ့မြင်နိုင်ပါသည်။ ပန်းဖူးပွင့်ချိန်မတိုင်မီက ဖြုတ်ပိုး၊ လှေးပိုး အပါအဝင် ပန်းခိုင်ကို ထိခိုက်စေနိုင်သည့် ပိုးမွှားများ မလာနိုင်စေရန် ခြံအများစုသည် ပိုးမွှားရောဂါ ကာကွယ်မှုများ လုပ်ဆောင်ခြင်း၊ ပန်းခိုင်များထွက်ရှိစေရန် အပင်အားဖြည့်ခြင်း လုပ်ငန်းစဉ်များကို ကြိုတင်ဆောင်ရွက်ထားကြပြီး ဖြစ်သည်။သရက်ပန်းဖူးပွင့်နေချိန်တွင် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ အသုံးပြရန် သင့်မသင့်? သရက်ပန်းဖူးပွင့်နေချိန်သည် ပင်ခြားဝတ်မှုန်ကူးခြင်း (ပွင့်ခြားဝတ်မှုန်ကူးခြင်း) လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်မည့် ကာလအပိုင်းအခြားဖြစ်သဖြင့် ပိုးသတ်ဆေးအသုံးပြုခြင်းကို ရှောင်ကြည်သင့်ကြောင်း သရက်စိုက်ပျိုးရေးကျွမ်းကျင်သူ…

ပုပ်ဖရန်စစ်အမြန်ဆုံးပြန်လည်ကျန်းမာလာရန်အကျဉ်းသားများမှဆုတောင်းပေး။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လေပြွန်လမ်ကြောင်းကြောင့် အသက်ရူရာသက်တောင့်သက်သာမရှိ၍ ဖေဖော်၀ါရီလ (၁၄) ရက်နေ့မွန်းလွဲပိုင်း၌ရောမမြို့ရှိ ‘Gemelli’ ဆေးရုံသို့တက်ရောက်၍ဆေး၀ါးကုသမှုကိုအနီးကပ်ခံယူလျှက်ရှိသည်။ ထိုသတင်းကို မီလန်မြို့ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်း သားများလည်းကြားသိရ၍စာရေးသားပေးပို့ဆုတောင်းမေတ္တာပါးခဲ့ကြသည်။ အမှန်ဆိုရသော် ရဟန်းမင်းကြီးဖရန်စစ်သည် ဖေဖော်၀ါရီ (၁၇)၊ တနင်္လာနေ့၌ ‘San Vittore’ အကျဉ်းထောင်မှအကျဉ်းသားများ ရောမမြို့၊ ရုပ်ရှင်မြို့တော် ‘Cinecittà studios’ ၌တင်ဆက်မည့်မြူးစိဖျော်ဖြေရေးကိုရူစားရန်စီစဉ်ထားခဲ့သော်လည်း ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့်ဖျက် သိမ်းလိုက်ရသည်ဟုသိရသည်။ ယခုကဲ့သို့အစီအစဉ်ကိုဖျက်သိမ်းလိုက်ရ၍လည်း လေးဖက်နံရံကာထောင်နန်းသာရှင်သန်နေကြရသောအကျဉ်းသားများအတွက် ပြင်ပမှလေ၊ လွတ်လပ်စွာရှင်သန်သွားလာနေသောလူများကိုတွေ့ဆုံနိုင်မည့်အခွင့်အရေးကြီးဆုံးရှုံးသွားခဲ့ရကြောင်း ဤအစီအစဉ်ဖြစ်မြောက်ရေးအဖွဲ့ ‘the Amici della Nave association’ ထဲမှတစ်ဦးဖြစ်သော…

ဆရာတော်သစ် Most Rev. Msgr. ပီတာ တင်ဝေ ခေါ်တော်မူခြင်း အသက်တာဝေမျှချက် အပိုင်း (၃)

ပြည်ဂိုဏ်းအုပ်သာသနာ၏ ဆရာတော်သစ် Most Rev. Msgr. ပီတာ တင်ဝေ ခေါ်တော်မူခြင်း အသက်တာဝေမျှချက် (၃) (ဆရာတော် အမှတ်တံဆိပ်) Vocation Story of Most Rev. Msgr. Peter Tin Wai Part – 3 New Bishop of the Diocese of Pyay Episcopal Ordination on 22 Feb., 2025 18.2.2025

ဆရာတော်သစ် Most Rev. Msgr. ပီတာ တင်ဝေ ခေါ်တော်မူခြင်း အသက်တာဝေမျှချက် အပိုင်း (၂)

ပြည်ဂိုဏ်းအုပ်သာသနာ၏ ဆရာတော်သစ် Most Rev. Msgr. ပီတာ တင်ဝေ ခေါ်တော်မူခြင်း အသက်တာဝေမျှချက် (၂) (ခေါ်​တော်မူခြင်းမျိုးစေ့ ရှင်သန်ကြီးထွားလာခြင်း) Vocation Story of Most Rev. Msgr. Peter Tin Wai Part – 2 New Bishop of the Diocese of Pyay Episcopal Ordination on 22 Feb., 2025 18.2.2025

ပုပ်ဖရန်စစ်၏ ကျန်းမာရေးအခြေအနေ ဗာတီကန်ထုတ်ပြန်။

ဗာတီကန်သတင်းဌာန၏ထုတ်ပြန်အသိပေးချက်အရ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏အဆုပ်နှစ်ဖက်လုံးမှာယောင်နေ၍ ဆက်လက်ပြီးဆေးရုံ၌သာသီတင်းသုံးကာအနီးကပ်စောင့်ရှောက်မှုကိုခံယူရဦးမည်ဖြစ်သည်ဟုဆိုသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုကဲ့သို့ဆေးရုံ၌ရောက်ရှိပြီး ‌ဆေး၀ါးကုသမှုကိုအနီးကပ်ခံယူနေသော်လည်း ပြီးခဲ့သည့်သောကြာနှင့်စနေနေ့က ဂါဇာဒေသမှ သန့်ရှင်းသောအိမ်ထောင်စုသာသနာအုပ်စုရှိဘာသာတူများအား ၄င်းတို့၏ကျောင်းထိုင် အာဂျင်တီးနားနိုင်ငံသား သာသနာပြုဖာသာရ် Gabriel Romanelli နှင့်သူ၏လက်ထောက်အီဂျစ်နိုင်ငံသားဖာသာရ် Yusuf Asad တို့မှတဆင့်ဖုန်းလိုင်းမှတဆင့်စကားပြော၍အားပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ဂါဇာဒေသ၌စစ်ဖြစ်ပွားလျှက်ရှိသော (၁၅) လကြာကာ လအတွင်း အဆိုပါကျောင်းထိုင်များနှင့်မကြာခဏဖုန်းခေါ်ဆို၍စကားပြောဆိုအားပေးသကဲ့သို့ မြေပြင်အ ခြေအနေကိုလည်းမေးမြန်းလေ့ရှိသည်။ ၄င်းတို့အားရဟန်းမင်းကြီးဖုန်းခေါ်လာစဉ်ကမီးပြတ်နေခဲ့ကြောင်း၊ သို့သော်လည်း မရမကဗွီဒီယိုဖုန်းခေါ်ဆိုမှုဖြင့်အခြေအနေကိုမေးမြန်းခဲ့ကြောင်း၊ ဘာသာတူများနှင့်စကား ပြောဆိုပြီးနောက် ကောင်းချီးပေးပြီး၊ အားပေးခဲ့ကြောင်း၊ သူနှင့်စကားပြောဆိုရာ၌ သူသည်လွန်စွာမောဟိုက် နေသည့်အသံကိုကြားရကြောင်း၊ ရဟန်းမင်းကြီးသည် ဘာသာတူများ၏စကားများကိုဂရုတစိုက်နားထောင်ခဲ့ကြောင်း၊ ထို့နောက်ရဟန်းမင်းကြီးကိုယ်တိုင်ကလည်းကျန်းမာရေးဂရုစိုက်နေရကြောင်းကို မိန့်ကြားခဲ့ကြောင်း၊…

ဖာသာရ် Peter Kyi Mg (မန္တလေး) သာမန်ကာလဆဌမ ကြာသပတေးနေ့ဩဝါဒ ၂၀၊ ၂၊ ၂၀၂၅

ဓမ္မိတ်ဆွေတို့ဒီကနေ့ကြားနာရတဲ့ ရှင်မာကု ၈:၂၇-၃၃ မှာ သခင်ခရစ်တော်က သူနဲ့အတူ ခရီးသွာ နေတဲ့ တပည့်တော်ကြီးတွေကိုမေးတယ် ပထမမေးခွန်းက လူတွေက ငါ့ကို ဘယ်သူလ်ု့ထင်ကြလည်း ဒုတိယမေးခွန်းက မင်းတို့က ငါ့ကိုဘယ်သူလို့ထင်ကြလည်း ဆိုတဲ့မေးခွန်းကို မေးခဲ့တယ်။ ဒုတိယမေးခွန်းကို သူနောက်လိုက်တပည့်တော်ကြီး ရှင်ပေတရုက ကိုယ်တော် အသက်ရှင်တော်မူသောထာဝရဘုရား၏သားတော် ခရစ်တော်ဖြစ်ပါ၏လို့ဖြေခဲ့တယ်။ အဖြေက မှန်ကန်ခဲ့ပေးမဲ့ ပေတရု မျော်မှန်းတဲ့ကယ်တင်ရှင် က ဘုရားစီစဉ်တဲ့ကယ်တင်ရှင်ကို လက်ခံဖို့မဟုတ်ပဲ လူတို့လိုခြင်တဲ့ အာဏာ၊ ပါဝါတွေနဲ့ အီဇရာအဲလ် လူမျိုးကို အုပ်ချုပ် ကယ်တင်မည့် အာဏာရှင်မက်ဆီးယားကို မျော်လင်နေတာဖြစ်တယ်။…