
ဖာသာရ် John ထွန်းထွန်းနိုင် (မန္တလေး) (၁၈) ကြိမ်မြောက်သာမန်သီတင်းပတ် ဗုဒ္ဓဟူးနေ့ ဩဝါဒ ၉၊ ၈၊ ၂၀၂၃





သြဂုတ်လ (၆) ရက်နေ့ယေဇူးဘုရားရှင်၏အဆင်းသဏ္ဍာန်ပြောင်းလဲခြင်းယနေ့ ဖတ်ရတဲ့ကျမ်းစာမှာ ယေဇူးဘုရားရှင်က လက်ရွေးစင် တပည့်တော်ကြီး (၃)ပါး-သံပေတရူး၊ သံယောဟန်နဲ့ သံယာကုပ်တို့ကို တောင်ပေါ်မှာ ဆုတောင်းဖို့ ခေါ်သွားရင်းသူတို့ရှေ့မှာပဲ ယေဇူးဘုရားရှင်က အဆင်းသဏ္ဍာန်ပြောင်းလဲတော်မူပါတယ်။ ဆိုလိုတာကလူ့ကိုယ်ကာယ အသွေးအသားနဲ့ ရှိနေတဲ့ ယေဇူးဘုရားရှင်က သူ့တပည့်တော်ကြီး (၃)ပါးကိုသူ့ရဲ့ဘုရားဇာတိကို ခဏလောက် ပြသလိုက်တာပါပဲ။ ဘုရားဇာတိရဲ့ ဘုန်းဂုဏ်တော်ရောင်ဝါတွေကိုမြင်လိုက်ရတဲ့ တပည့်တော်ကြီးတွေက ဘယ်လောက်တောင် ပျော်မြူးသွားသလဲဆိုတော့ အဲဒီလိုဘုရားရိပ်တရားရိပ် ရှိတဲ့နေရာမှာပဲ အပြီးနေချင်စိတ်ပေါက်သွားတာပဲ။ “ကိုယ်တော့်အဖို့တဲတစ်ဆောင်၊ မိုးဇယ်အဖို့ တဲတစ်ဆောင်၊ ဧလိယအဖို့ တဲတစ်ဆောင် ဆောက်လုပ်ပြီး အပြီးနေကြစို့”လို့ ယောင်ရမ်း ပြောခဲ့ပါတယ်။…


Prove ဒီနေ့မှာ မိန်းကလေးတစ်ယောက်အတွက် မိမိကိုအချစ်၏ အချစ်မှန်နဲ့ အမှန်တကယ် ချစ်တယ်။ မချစ်ဖူး ဆိုတာကို သူ့ချစ်သူ boy friend ရဲ့ ပြုမူဆက်ဆံပုံတွေကနေ သက်သေအဖြစ် မြင်တွေ့နိုင်ပါတယ်ဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ လူတစ်ယောက်အတွက် အချိန်ဆိုတာ အင်မတန်တန်ဘိုးရှိလှပါတယ်။ မိမိနဲ့သင့်တော်မယ့် သူနဲ့ သေချာပေါက် အချိန်ဖြုန်းရင်ဖြင့် ဘဝအတွက် တန်ဘိုးရှိတဲ့ အချိန်တွေဖြစ်လာမှာပါ။ Boy Friend ဆီကနေ သိသာစေတဲ့ အချက်တွေထဲမှာ မိမိချစ်သူကို စဉ်ဆက်မပြတ် checking လုပ်တာပဲဖြစ်တယ်။ Phone…

ဒီကနေ့အတွက်ကက်သလစ်ရဟန်းတော်ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ “ရဟန်းသိက္ခာမင်္ဂလာ” ကို ဖန်ဆင်းပေးထားခဲ့ခြင်းဟာ လူသားတွေအတွက် ဘုရားရဲ့ အကြီးမားဆုံး ကျေးဇူးတော်တွေထဲက တစ်ခုပါပဲ။ “ကက်သလစ်ရဟန်းတော်” ဆိုတာ အားနည်းတတ်တဲ့ အပြစ်သား လူသားတွေအတွက် ပြန်ကုစားဖို့ အသက်သွေးကြောတစ်ခုဖြစ်တယ်လို့ပြောရင် မှားမယ်မထင်ပါဘူး။ ကက်သလစ်ရဟန်းတစ်ပါးဟာ ရဟန်းဝိနည်းတွေအတိုင်းနေထိုင်ကျင့်ကြံမယ်ဆိုရင် ဝိညာဉ်ရေးပိုင်း မှာရော၊ ပညာ၊ ဗဟုသုတအပြင်၊ ပါရမီပိုင်းတွေမှာပါ သာမန်လူဝတ်ကြောင်တွေထက် သာကိုသာနေရမှာ ဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ သူက ဝိညာဉ်ရေးရာနဲ့ပတ်သက်လာရင် ဆရာဝန်တစ်ယောက်ပဲလေ။ စိတ်ဒဏ်ရာရနေတဲ့သူတွေ၊ ဝန်လေးပြီးပင်ပန်းနေတဲ့သူတွေ၊ အပြစ်သည်တွေ၊ အားငယ်တတ်သူတွေ၊ ပစ်ပယ်ခံရသူတွေ၊ အသိမ်ငယ်ဆုံးသောသူတွေ၊ မတရားစွပ်စွဲခံရသူတွေ စသဖြင့်ပေါ့လေ၊…
