
ပေါ်တူဂီနိုင်ငံ၊ ကမ္ဘာ့လူငယ်များနေ့တက်ရောက်သောလူငယ်တစ်ဦးအံ့ဩဖွယ်မျက်စိအလင်းရဟုဆို

ပေါ်တူဂီနိုင်ငံ၊ ကမ္ဘာ့လူငယ်များနေ့တက်ရောက်သောလူငယ်တစ်ဦးအံ့ဩဖွယ်မျက်စိအလင်းရဟုဆို အဖြစ်အပျက်ဖြစ်ခဲ့သည်မှာ ဩဂုတ်လ (၅) ရက်နေ့တွင်ဖြစ်ပြီး အံ့ဖွယ်အာနုဘော်တစ်ခုဖြစ်သွားသည်ဟုယူဆရပါသည်။ ထိုအဖြစ်အပျက်ကိုခံစားရသူမှာ Jimena ဟုခေါ်သည့်သူသည်စပိန်နိုင်ငံကိုယ်စားပြုလူငယ်တစ်ဦးဖြစ်ကာ သူ့အနေဖြင့် ထိုနေ့ဖာတီမာ၌ပူဇော်သောမစ္ဆားတရားအတွင်းကိုယ်တော်မြတ်ပင့်ယူပြီးသည့်နောက် မျက်စိအမြင်ကွယ်နေခဲ့ဟန်ရှိသောသူသည် မျက်စိအလင်းပြန်လည်ရရှိသည်ဟုကြေ ညာခဲ့သည်။ Jimena သည် ယခုကဲ့သို့အံ့ဖွယ်အာနုဘော်ခံစားရခြင်းမှာ Our Lady of the Snows. နှင်းမယ်တော်၏ထပ်ဆင့်ဆုတောင်းပေးခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ သူ၏မိသားစုသည်လည်း သူ၏ မျက်စိအလင်းပြန်လည်ရရှိလာစေရန်ရည်ရွယ်၍ နိုဗေးနာကိုးနေခဲ့ကြကြောင်း သူ၏အဖြစ်အပျက်နှင့်စပ်လျင်း၍ သူ၏ ပြောဆိုချက်အသံဖိုင်လ်သည် လူမှုကွန်ရက်၌စတင်ပျံ့နှံ့စပြုနေသည်။ ‘ကိုယ်တော်မြတ်ပင့်ယူပြီးတဲ့နောက်ပိုင်း ထိုင်ခုံရှိတဲ့နေရာကိုပြန် သွားလိုက်တယ်။ အဲ့ဒီနေ့ဟာ ကျွန်မမိသားစု စုပေါင်းပြီးကျွန်မမျက်စိပြန်မြင်လာဖို့နိုဗေးနာကိုးတဲ့နောက်ဆုံးနေ့ဖြစ်နေတယ်။ ဒါကြောင့်သူ့အနေနဲ့ကိုယ်တော်မြတ်ပင့်ပြီး ထိုင်ခုံဆီကိုပြန်ရောက်သွားတာနဲ့…








