
ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ

ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ ရဟန်းမင်းကြီးသည်များမကြာမီရက်ပိုင်းအတွင်း အာရှတိုက်ရှိနိုင်ငံငယ်တစ်ခုသို့တမန်တော်ခရီးကြွ ရောက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဤခရီးစဉ်ကိုကြိုတင်၍ အသိပေးထားခဲ့သည်မှာလည်းအတော်ကြာပြီဖြစ်သည်။ ဤရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်စတင်မည့်အကြောင်းနှင့်နေ့ကိုမွန်ဂိုးလီးယားနိုင်ငံ၊ ကက်သလစ်သာသနာ၏တာ၀န်ခံအဖြစ်ရဟန်းမင်းကြီးခန့်အပ်ထားသော ကာဒီနယ် Giorgio Marengo ကကြေငြာထားပြီးဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် မွန်ဂိုးလီးယားသို့ယခုလ (ဩဂုတ် ၃၁) ရက်နေ့၌တမန်တော်ခရီးကြွရောက်မည်ဖြစ်ပြီး စက်တင်ဘာလ (၄) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ မွန်းဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူမိသားစုသည် ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်လာခြင်းကိုစိတ်အားထက်သန်လှုပ်ရှားစွာဖြင့်မျှော်နေကြောင်း၊ ပြင်ဆင်မှုများကိုလည်းပြုလုပ်ထားပြီဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ ယခု ကဲ့သို့ကြွရောက်ခြင်းသည် မွန်ဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူများအား ၄င်းတို့သည်ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်သာသနာတော်ကြီးနှင့်တစ်လုံးတစ်တည်းရှိကြောင်းကိုပိုမိုခံစားသွားစေမည်ဖြစ်ကြောင်း၊ ယခု ကြွရောက်မည့်တမန်တော်ခရီးစဉ်သည် လွန်စွာကြီးမားထူးခြားသောကောင်းချီးတော်တစ်ခုဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည်ကမ္ဘာပေါ်ရှိသိုးစုကြီးငယ်တို့ကိုဂရုစိုက်ကြောင်း၊ ထို့အတူမွန်ဂိုးလီးယားကက်သလစ်သိုးစုများအနေဖြင့်လွန်စွာသေးငယ်သော်လည်းမေ့မထားဟုခံစားရကြောင်း၊ ယခုကြွရောက်ခြင်းသည် သံ တမန်ရေးရာအရလည်းအခရကျကြောင်းဗာတီကန်သတင်းဌာနအားဖြေကြားခဲ့သည်။ မွန်ဂိုးလီးယားနိုင်ငံနှင့်ဗာတီကန်တို့၏…








