
ဖာသာရ် Anthony Vallence (SDB) ပါစကားကာတတိယ စနေနေ့ဩဝါဒ ၂၀၊ ၄၊ ၂၀၂၄









ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့ ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ “ကိုယ့်အမှိုက်ကိုယ်သယ် ချစ်စဖွယ်ဓလေ့” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်နေသဘောထားကို လေ့လာအကဲခတ်ချင်ရင် သူ့ရဲ့ပြုအမူ၊ အနေအထိုင် စတဲ့ အမူအကျင့် တွေကို စောင့်ကြည့်တာနဲ့ ခန့်မှန်းသိရှိ နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အတွေးအခေါ်၊ အမြော်အမြင်ရှိမှု မရှိမှု၊ စာပေ ဗဟုသုတရှိမှု မရှိမှုနဲ့ အတ္တကြီးမှု၊ ပရဟိတစိတ်ရှိမှု စတာတွေကို သိချင်ရင် အဲဒီလူရဲ့ အမှိုက်သိမ်းဆည်းမှု၊ အမှိုက်စွန့်ပစ်မှုကို လေ့လာတာနဲ့ သိနိုင်တယ် ဆိုရင် ယုံနိုင်ပါ့မလား။ “အမှိုက်ဆိုတာ အသေးအဖွဲပြဿနာပါ”…

