
ဖာသာရ် Peter ကြည်မောင် (မန္တလေး) သာမန်ကာလအဌမသီတင်းပတ် သောကြာနေ့ ဩဝါဒ ၃၁၊ ၅၊ ၂၀၂၄

ဓမ္မိတ်ဆွေတို့ ဒီကနေ့မှာ ကျွန်တော် ကက်သလစ် ခရစ်ယာန်တွေအတွက် ဝမ်မြောက်ဖွယ်ရာ နက်နဲးရာအချက်ထဲးက ဒုတိယ အချက်ဖြစ်တဲ့ Visitation လို့ခေါ်တဲ့ ဘုရား၏မယ်တော် အမိမယ်တော်သခင်မ သူ၏ အမ ဝမ်းကွဲးတော်စပ်သူ အသက်အရွယ်ကြီးရင်မှ ဘုရားရဲ့ကျေးဇူးတော်ကြောင့် သားရတနာ ကိုယ်ဝန်ကို လွယ်ထားရသူ ဧလိဇဘက် ထံသွားရောက် လည်ပတ်ကူညီ ပေးတဲ့ အကြောင်းအရာကို ရှင်လုကားဧဝံဂေလိကျမ်းမှာ ကြားနာခဲ့ရတယ်။ အမိမယ်တော်ရဲ့နှိမ်ချခြင်းကိုထောက်ရှုကြည်ကြရအောင် ကျွန်တော်တို့လောက လူတွေ ပညာလေးနဲးနဲးတပ်လာရင်၊ ဥစာပစ္စည်းလေး နဲးနဲရှိလာရင်၊ နေရာကောင်းလေးရနေရင်၊ ရာထူးလေးများရနေရင် ကိုယ့်ထက်နိမ့်ပါသူးတွေကို အသိစိတ်နဲ့ပဲဖြစ်ဖြစ် မသိစိတ်နဲ့ပဲ ဖြစ်ဖြစ်…









