
Shanshan တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့်ဂျပန်ပြည်သူများစွာဘေးကင်းရာသို့ရွေ့ပြောင်းခိုလုံနေကြရ
Shanshan တိုင်ဖုန်းမုန်တိုင်းဒဏ်ကြောင့်ဂျပန်ပြည်သူများစွာဘေးကင်းရာသို့ရွေ့ပြောင်းခိုလုံနေကြရ ရဟန်းမင်းကြီးဖရန်စစ်၏ အာရှ-ကမ်းရိုးတန်းဒေသခရီးစဉ်မစတင်မီရက်ပိုင်းအလို၌ ဂျပန်ပြည်သူများသည် Shanshan တိုင်ဖုန်းမုန်တိုင်း၏ဒဏ်ကိုအလူးအလဲခံနေကြရသည်။ ဤမုန်တိုင်းသည် မုန်တိုင်းဒဏ်ခံရသောဒေသအတွက် ကြုံခဲ့သမျှသောမုန်းတိုင်းအနက် အလွန်ပြင်းထန်အားကောင်းသောမုန် တိုင်းဖြစ်သည်ဟုဒေသခံများကပြောသည်။ ရိုက်တာသတင်းဌာန၏ထုတ်ပြန်ချက်အရ ပြည်သူသန်းနှင့်ချီ၍ဘေးလွတ်ရာသို့ရွေ့ပြောင်းထားရကြောင်း၊ ဤမုန်တိုင်းကျရောက်သောဒေသမှာ Kyushu ကျွန်း၌ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏သ တင်းထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံအနှံ့ ၌အဆိုပါမုန်တိုင်းကြောင့်ဘေးလွတ်ရာသို့ရွေ့ပြောင်းထားသောပြည်သူဦးရေအတိအကျမှာ (၅.၂) သန်းပင်ကျော်လွန်သည်ဟုဖြစ်ပါသည်။ မုန်တိုင်းသည် ကြာသပတေးနေ့ကစတင်တိုက်ခိုက်ခဲ့ရာ လေတိုက်နှုန်းပြင်းထန်မှုနှင့်အတူအလွန်သည်းထန်သောမိုးသည်လည်းပါလာခဲ့သည်။ အကြီးစားစက်ရုံများ၊ လေကြောင်းလိုင်းများကိုပင်ပိတ်ထားလိုက်ရသည့်အခြေအနေသို့ဆိုက်ရောက်ခဲ့သည်။ အပျက်အစီးစာရင်း (Death and disruptions) မုန်တိုင်းကြောင့် အနည်းဆုံးလူ (၃) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိသည်။ အကြီးစားကားထုတ်လုပ်သောစက်ရုံတစ်ခု၏ဒေသအလုပ်ရုံများအားလုံးလည်းပိတ်ထားခဲ့ရပြီး၊ အခြားသောထုတ်ကုန်များကိုထုတ်လုပ်ပေးသည့်စက်ရုံများကိုလည်းခေတ္တပိတ်ထားရသည်။ လေကြောင်း…








