rvamyanmar

rvamyanmar

ဘယ်အရာက အရေးကြီးဆုံးလဲ

အိမ်ကို တီဗီဝယ်လာတော့ စာအုပ်တွေ ဘယ်လိုဖတ်ရလဲ မေ့ကုန်တယ် မော်တော်ကား ဝယ်လိုက်တော့ လမ်းဘယ်လိုလျှောက်ရလဲ မမှတ်မိတော့ဘူး။ လက်ထဲမှာ မိုဘိုင်းဖုန်း ကိုင်နိုင်တော့ ပေးစာ မရေးတတ်တော့ဘူး ကွန်ပြူတာ ဆင်လိုက်တော့ စာလုံးပေါင်းသတ်ပုံတွေ မေ့ကုန်တယ်။ အဲယာကွန်း တပ်လိုက်တော့ သစ်ပင်အောက် လေညှင်းခံဖို့ မသွားဖြစ်တော့ဘူး မြို့ထဲမှာ အနေကြာတော့ ရွှံ့ရနံ့ကို မေ့သွားတယ်။ ဘဏ်တွေ၊ စမတ်ကဒ်တွေ သုံးနေရတော့ ငွေရဲ့တန်ဖိုးကို သတိမရဖြစ်ဘူး ရေမွှေးနံ့တွေနဲ့ ရင်းနှီးနေတော့ ပန်းရနံ့သင်းသင်းကို မေ့နေခဲ့တယ်။ အသင့်စား Fast Food စနစ်နဲ့…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) အလွန်မွန်မြတ်သောကိုယ်တော်၏ အသားတော်နှင့် အသွေးတော်ပွဲနေ့ တနင်္ဂနွေနေ့ ဩဝါဒ  ၁၊ ၆၊ ၂၀၂၄

မိုးရာသီမှာ အိမ်တွင်းစိုက် အပင်ပြုစုနည်း

မိုးရာသီမှာ အပူချိန်နဲ့စိုထိုင်းစက နွေရာသီထက်နိမ့်ကျနေတဲ့အတွက် ပန်းပင်လေးများ စိုက်ပျိုးဖို့ သင့်တော်တဲ့ရာသီဥတုလို့လည်း ဆိုနိုင်သလို ပိုမိုဂရုစိုက်ဖို့ လိုအပ်တဲ့အချိန်လည်း ဖြစ်ပါတယ်။ ရေလောင်းခြင်းအစ မြေဩဇာထည့်ခြင်းအပြင် အိုးနဲ့စိုက်ပျိုးထားတဲ့ အပင်လေးများကို မိုးရေထဲပစ်ထားမိတဲ့အခါ အပင်ကိုသေစေနိုင်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းတဲ့အခါ အိုးနဲ့စိုက်ပျိုးထားတဲ့အပင်တွေက ရေကို လိုတာထက်ပိုရတဲ့အခါ ရေဝပ်ပြီး အမြစ်ပုပ်ခြင်းကို ဖြစ်စေနိုင်တဲ့အတွက် succulent ပင်များ ဥပမာ-ရှားစောင်းကဲ့သို့သော ရေငတ်ဒဏ်ခံနိုင်ရည်ရှိတဲ့အပင်များကို အမိုးအောက်သို့ ရွှေ့ထားသင့်ပါတယ်။     မုတ်သုန်မတိုင်ခင်ထဲက ကိုင်းချိုင်ထားခြင်းက အပင်အစိတ်အပိုင်းအားလုံးကို နေရောင်ခြည်ပိုရစေပြီး အပင်များကို လျင်လျင်မြန်မြန်နဲ့ ပိုမိုကြီးထွားစေနိုင်ပါတယ်။ အလင်းဖောက်နိုင်တဲ့မိုးကာကိုလည်း အပင်ပေါ်မှာ မိုးထားလို့ရပါတယ်။…