rvamyanmar

rvamyanmar

တရားမျှတမှုရှိတဲ့ဘဝတွေရရှိဖို့

ဒီကနေ့မှာတော့တရားမျှတမှုရှိတဲ့ဘဝတွေဖြစ်လာငြိမ်ချမ်းရေးကိုယူဆောင်ပြီးဖော်ဆောင်ရမယ်ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ငြိမ်းချမ်းရေးဆိုတဲ့ဝေါဟာလူတိုင်းရင်းနှီးပြီးသားဖြစ်မှာပါ။ဒါကြောင့်ငြိမ်းချမ်းရေးအကြောင်းကိုမသွားခင်မှာတိုက်ခိုက်ခြင်းဟာအပြစ်ဖြစ်သလားဦးစွာပထမလေ့လာကြည့်ကြပါစို့။တိုက်ခိုက်ခြင်းဆိုတာဟာအပြစ်ဖြစ်သလားမဖြစ်သလားဆိုတဲ့အဖြေဟာဘာကြောင့်တိုက်ခိုက်ရတယ်ဆိုတဲ့အဆိုပေါ်မှာမူတည်ပါတယ်။

တာဝန်လား ၊အာဏာလား

ဒီကနေ့မှာတော့ တာဝန်လား၊အာဏာလားဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အာဏာဆိုတဲ့ဝေါဟာကိုအဓိပါယ်ဖွင့်ဆိုချက်တွေကများပါတယ်။အသုံးအစွဲလည်းများပါတယ်။ဒီထဲကအများသုံးစွဲကြတဲ့တစ်စုံတစ်ရာနားလည်ထားကြတဲ့တစ်စုံတစ်ရာနားလည်ထားကြတဲ့ရှင်းလင်းချက်တွေကိုဒီလိုပဲတွေ့ရပါတယ်။ပထမဆုံးအာဏာဆိုတာကိုပြဌာန်းသတ်မှတ်ထားတဲ့ဥပဒေ ၊အမိန့်လို့နားလည်နိုင်ပါတယ်။

ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောမယ်တော််သခင်မ

ဒီကနေ့မှာတော့ မယ်တော်သခင်မကောင်းကင်ဘုံသို့ပင့်ဆောင်ခံရခြင်းအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ကက်သလစ်သာသနာတော်ကြီးကမယ်တော်သခင်မခန္တာနဲ့ဝိညာဉ်ကောင်းကင်ဘုံကိုပင့်ဆောင်ခံရခြင်းကိုယုံကြည်ရာအချက်တစ်ခုအဖြစ်သွန်သင်ထားပါတယ်။ဒီပွဲတော်ကိုနှစ်စဉ်ဩဂုတ်လ(၁၅)ရက်နေ့မှာကျင်းပကြပါတယ်။

မာသာထရေဇား

လုပ်စားကိုင်စားပြည်သူတွေ၊ပညာတတ်တွေ၊လူလတ်တန်းစားတွေနဲ့အထက်တန်းလွှာလူတန်းစားတွေထက်လူ့လောကရဲ့အောက်ဆုံးလွှာကဆင်းရဲသားနင်းပြားတွေ၊အစာငတ်မွတ်ခေါင်ပါးနေကြတဲ့သူတွေ၊ကျန်းမာရေးထိခိုက်ပြီးရောဂါဝေဒနာခံစားနေကြရတဲ့သူတွေ၊အရေးပြားရောဂါသည်တွေ၊ခြေပြတ်လက်ပြတ်ဒုက္ခိတဘဝကိုကျရောက်နေကြသူတွေနဲ့အကြောင်းအမျိုးမျိုးကြောင့်ပတ်ဝန်းကျင်အသိုင်းအဝန်းရဲ့စွန့်ပယ်ခြင်းကိုခံစားနေကြတဲ့အပယ်ခံလူတန်းစားတွေရဲ့အားထားရာဖြစ်တဲ့မာသာထရေဇာဟာနိုင်ငံတကာကမရေမတွက်နိုင်အောင်များပြားလှတဲ့အပယ်ခံလူတန်းစားတွေအတွက်အစစအရာရာနှစ်ပေါင်းများစွာကြာအောင်ကိုယ်ဖိရင်ဖိစောင့်ရှောက်ခဲ့တဲ့သူဖြစ်ပါတယ်။

စိန့်စတန်နီစလော့ကော်စဂါ (November 13)

စိန့်စတန်နီစလော့ကော်စဂါ သင်ဟာ အသင်းဂိုဏ်းတစ်ခုကို၀င်ဖို့ မိုင်ပေါင်း ၃၅၀ ကျော်‌‌‌ဝေးတဲ့ခရီးကို လမ်းလျှောက် သွားနိုင်မယ်ထင်ပါသလား? ပိုလန်နိုင်ငံက ရဲရင့်ပြတ်သားတဲ့ လူငယ်လေး တစ်ယောက် ဟာ ဂျက်ဇွစ်အသင်း ဂိုဏ်းကို ၀င်ဖို့အတွက် မိုင်ပေါင်း (၁၀၀၀) ကျော် လမ်းလျှောက် ခဲ့ပါတယ်။ သူ့နာမည်ကတော့ စိန့်စတန်နီစလော့ ကော်စဂါပဲ St. Stanislaus Kostka, SJ ဖြစ်ပါတယ်။ သူ့ကို ပိုလန်နိုင်ငံက ချမ်းသာကြွယ်၀တဲ့ တော်၀င်မိသားစုကနေ မွေးဖွားပြီး အမိမယ်တော်သခင်မကို အထူးကြည်ညိုသူ ဖြစ်ပါတယ်။ ဒါကြောင့် သူအသည်းအတန် ဖျားနေချိန်မှာ…

မြေယာပိုင်ဆိုင်မှုများနှင့်သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ ကဏ္ဍမှာတော့ ” မြေယာပိုင်ဆိုင်မှုများနှင့်သဘာဝပတ်ဝန်းကျင် ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ် – ပင်ကီ #environment #rvamyanmar #rvapastoralcare #Land

ကက်သလစ်အသင်းတော်၏ မေတ္တာရေ(Holy Water) အကြောင်း

ကက်သလစ်အသင်းတော်၏ မေတ္တာရေ(Holy Water) အကြောင်း မေး။ ။ကက်သလစ်အသင်းတော်ကြီးက အသုံးပြုသည့် “Holy Water” ဟုခေါ်သော“ မေတ္တာရေ” အကြောင်းကျမ်းစာတော်မြတ်မှာပါဝင်သလား။ ထိုအရာကို ဘယ်လို ဖန်တီးရယူကြသနည်း။ထိုအရာလုပ်ဖို ့မည်သည့်အရာများလိုအပ်ပါသည်နည်း။ ဖြေ။ ။ကက်သလစ်ဘာသာတူအနေဖြင့် သူများမေးခွန်းချိန် အဲအတွက် အဖြေလိုချင်ခဲ့ဖူးလား။အခု အဖြေကိုကျမ်းစာနဲ ့ပြောပြမယ်။ ကက်သလစ်အသင်းတော်ကြီးသည် ကျမ်းစာကို အမြဲလိုက်သည့် ဘာသာမို ့ တချို့သော ခရစ်ယာန်ဘာသာများလက်မခံသည့် ထူးခြားစိတ်ဝင်စားစရာကောင်းသည့် ကျင့်စဉ်များကို ကျမ်းစာမှာ ကောက်ယူပြီး အသုံးပြုလေ့ရှိတာဟာ စိတ်ဝင်စားစရာဖြစ်သည်။  ကက်သလစ်များအသုံးပြုသော မေတ္တာရေခေါ်(Holy Water) အကြောင်းကို…

နိုဝင်ဘာလ (၁၁) စိန့်မာတင် (အေဒီ ၃၁၆-၃၉၇)

ဝင်ဘာလ (၁၁) စိန့်မာတင် (အေဒီ ၃၁၆-၃၉၇) စိန့် မာတင်( St. Martin of Tours)သည် အေဒီ (၃၁၆)မှာ နတ်ကိုးကွယ်သော မိဘများမှ မွေးဖွားခဲ့သည်။ သူသည် ရောမအင်ယာအတွက် စစ်ဗိုလ်ချုပ်ဖြစ်ခဲ့သည်။ တစ်နေ့ သူစစ်တိုက်ဖို့ သွားရင်း ဆင်းရဲသားတစ်ယောက်ဟာ စုပ်ပြတ်နေသော အဝတ်အစားနှင့် အအေးဒဏ်တွေကို မခံနိုင်ဖြစ်ကာ တုန်ရီ နေတာကိုမြင်ပြီး သနားကရုဏာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် မာတင် ဝတ်လာခဲ့သော ကြီးကျယ်ခန်းနားသည့် စစ်ဗိုလ်ကြီး ဝတ်ရုံကို တစ်ဝက်ဖြတ်ပြီး ထိုဆင်းရဲသားအား ပေးလှူခဲ့သည်။ ထိုသို့ကူညီပေးခဲ့ပြီးနောက် ညတစ်ညမှာ…

စိန့် ဧလိဇဘက်နှင့် စိန့် ဇာခရိ(ယ)

စိန့် ဧလိဇဘက်နှင့် စိန့် ဇာခရိ(ယ) နိုဝင်ဘာလ၊ ၅ရက် “စိန့် ဧလိဇဘက်”နှင့် “စိန့် ဇာခရိ”တို့ဟာ နောက်ဆုံးပရောဖက်လို့ တင်စားထားတဲ့ ဆေးကြောခြင်းကိုပေးတဲ့ “သံယောဟန် ဗတ္တီးစ်တား”ရဲ့ မိဘများဖြစ်ပါတယ်။ “စိန့် ဧလိဇဘက်” က မယ်တော်သခင်မနဲ့ ဆွေမျိုး တော်စပ်တယ်လို့ ဆိုပေမယ့်လည်း မည်သူတစ်ဦး တစ်ယောက်ကမှ သူတို့အကြား မျိုးရိုးဗီဇဆိုင်ရာ ဆက်နွယ်မှုကို အတိအကျ မသိရပေမယ့် အစဉ်အလာအရ သူတို့နှစ်ဦးဟာ ဝမ်းကွဲ‌တော်ကြတယ်လို့ ဆိုကြပါတယ်။ “ရှင် လုကာ ဧဝံ‌ဂေလိကျမ်းစာ” ထဲမှာ “ဧလိဇဘက် (Elizabeth)”…

“Halloween” အကြောင်းနှင့်နောက်ခံသမိုင်း အကျဉ်းလေ့လာခြင်း

“Halloween” အကြောင်းနှင့်နောက်ခံသမိုင်း အကျဉ်းလေ့လာခြင်း အနောက်တိုင်း အမေရိကန်ဖက်မှာ အောက်တိုဘာလ ကုန်ခါနီးပြီဆိုရင် “Halloween” အကြောင်း ပတ်ဝန်းကျင်မှာ စတင်ကြားနေရပြီ။ “Halloween” ကို ကြိုဆိုသည့်အနေနှင့် အမျိုးမျိုး အဖုံဖုံဝတ်စား ဆင်မြန်းကြသည်။ တခါတလေ ကြောက်စရာ လိုလိုဖြစ်တတ်သည်။ အဲတာတွေက မှန်ကန်သလား။ တကယ့် “Halloween” ၏ မူရင်း အနက်အဓိပ္ပာယ်ကား အဘယ်သို့နည်း။ အဲတာတွေက ဘယ်ကနေလာသလဲ။ ဘာကိုရည်ရွယ်သလဲဆိုတာ အတူ လေ့လာကြဖို့ လိုအပ်သည်။ ဆိုလိုရင်းအမှန်းကို သိထားမှသာ လျှင် ဆောင်ရွက်ရခြင်း၏အကျိုးကိုသိကြမည်ဖြစ်၏။ တကယ်တော့ “Hallow”…