
အာဗီအေနေ့ နှင့် ကျေးဇူးတင်မစ္ဆားတရားပူဇော်ခြင်း။
အာဗီအေမြန်မာဘာသာအစီအစဉ်၏ RVA Day နှင့် ၂၀၂၅ခုနှစ် တစ်နှစ်လုံးအတွက် ကျေးဇူးတင်ခြင်း မစ္ဆားတရားတော်မြတ်ကို မန္တလေးကက်သလစ်သာသနာ၊ ကာသီဒြယ် ရွေနှလုံးတော် ဘုရားကျောင်း၌ (၁၈.၁.၂၀၂၆) တနင်္ဂနွေနေ့၊ နံနက် ၈းဝဝ အချိန်၌ ဆရာတော်ကြီး မာကု ဦးတင်ဝင်းမှ ဦးဆောင်ပူဇော် ပေးခဲ့ပါသည်။ မစ္ဆားတရား၌ဆရာတော်ကြီးမာကုဦးတင်ဝင်း မိန့်ကြားသည်မှာ “လောကမှာ အခက်အခဲတွေအများကြီးရှိပါတယ် မိသားစုတိုင်းမှာလည်း ရုန်းကန်ရတဲ့အခက်အခဲတွေ အများကြီးရှိပါတယ်။ ဒီလိုနဲ့ လောက အခက်အခဲတွေနဲ့ပဲလုံးပန်းနေရပြီး ဘုရားရှင်ထံဝတ်ပြုဆုတောင်း ဖို့ မေ့နေတတ်ကြတယ်။ ဘုရားရှင်သာသင် လျှင်ငါတို့ရဲ့ သောက ကိုလမ်းညွန်ပေးနိုင်တယ် ငါတို့ရဲ့…






