rvamyanmar

rvamyanmar

မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ဘယ်လို ကိုင်တွယ် ဖြေရှင်းရမလဲ

Deal ဒီနေ့မှာ မိခင် (သို့) ဖခင် တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းရတဲ့ခါမှာ ကိုင်တွယ် ဖြေရှင်းရတဲ့နည်းလေး မျှဝေပေးရင်း ပြောပြပေးချင်ပါတယ်။ ဒီနေ့ခေတ်မှာ Single Family Home  လို့ခါ်တဲ့  မိခင်(သို့)ဖခင်တစ်ဦးတည်းက သားသမီးကို ထိန်းကျောင်းတဲ့ခါမှာ အပေးအယူတွေလုပ်ရတယ်။ သဘောတူညီမှုတွေ ရယူရတယ်ဆိုတာတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ကြားနေ မြင်နေရပါတယ်။ အိမ်ထောင်စုတစ်စုမှာ မိခင်မရှိတော့လို့ ဖခင်မရှိတော့လို့ မိဘနှစ်ပါးစလုံး ရှိပေမယ့် တစ် ယောက်က အရက်မူးယစ်ဆေးစွဲနေလို့ တစ်ဦးဦးက ရပ်ဝေးမှာ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်နေ ရလို့…

လူတိုင်းမှာရှိသင့်သောအချက်ကလေးများ

ဒီကနေ့အတွက် လူတိုင်းမှာရှိသင့်သောအချက်ကလေးတွေအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လူနှစ်ဦးရဲ့ ဆက်ဆံရေးဟာ ယုံကြည်မှုအပေါ်မှာ အခြေခံတယ်။ဒါကြောင့် တဖက်သားကို လေးစားမှု ပြသောအားဖြင့် လူပီသစွာပြုမှု့ပါ၊မလိမ်ညာပါနဲ့၊ ယုံကြည်မှုဆိုတာ ဆုံးရှုံးပြီးသွားရင် ပြန်ရခဲတယ်။လှည့်စား၊သစ္စာမဖောက်ပါနဲ့အဆိုးရွားဆုံးလုပ်ရပ်ဖြစ်တယ်။လူတစ်ယောက်ရဲ့ ဘ၀ကို ရှင်လျက်နှင့် အသေသတ်သလိုဖြစ်တတ်တယ်။မမုန်းပါနဲ့ခဏတာရှင်သန်ရတဲ့ ဘဝလေးကို အမုန်းတွေနဲ့ မဖန်းတီးပါနဲ့။ချစ်ပါ။ မိမိကိုကိုယ် နှင့် တဖက်သားကို ချစ်ပါ။စိတ်မပူပါနဲ့ကိုယ့်ကိုကိုယ် ညှင်းပန်းတဲ့ နည်းတစ်မျို းဖြစ်တယ်။အကောင်းမြင်တတ်အောင် ကြို းစားပါ။လောကမှာ ရှိတဲ့ ပြသနာတွေ၊ဒုက္ခတွေဟာ ဒုနှင့်ဒေးပါ။ပြသနာ အစိတ်မပိုင်းလေးတစ်ခုအတွက်နဲ့ စိတ်ဆင်းရဲမခံပါနဲ့။အမြင့်ဆုံးမှန်းပါခေါင်းလောက်မှန်းမှ ဒူးလောက်ရောက်တတ်တယ်။အောင်မြင်ခြင်း အညွန့်အဖူးကို စားကြည့်စမ်းပါ။ဒါဟာရှင်သန်ခြင်းအရသာ တစ်မျို းပဲ။လူတွေ ဆီက အနည်းငယ်သာ မျှော်လင့်ပါကိုယ်မျှော်လင့်ထားတဲ့…

” ခေတ်ပျက်သူဌေးများနှင့် သဘာဝပတ်ဝန်းကျင်”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ” ခေတ်ပျက်သူဌေးများနှင့် သဘာဝပတ်ဝန်းကျင်” ဆိုတဲ့ခေါင်းစဉ်နဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – William Zaw Naing Oo ရိုက်ကူး/တည်းဖြတ် – Pinky #rvamyanmar #rvapastoralcare #Environment #ခေတ်ပျက်သူဌေးများ

မည်မျှခက်ခဲသောအခြေအနေမျိုးဖြစ်နေစေကာမူ လက်မြောက်အရှုံးမပေး ရန်သင် ကြားပေးခဲ့သူ မော်နီကား

မည်မျှခက်ခဲသောအခြေအနေမျိုးဖြစ်နေစေကာမူ လက်မြောက်အရှုံးမပေး ရန်သင် ကြားပေးခဲ့သူ မော်နီကား             လူသားဖြစ်လာလျှင် အခက်အခဲများကြုံတွေ့ရဖန်များလာလျှင် စိတ်ဓာတ်မည်မျှ ကြံ့ခိုင် သည်ဆိုသော်လည်း ပြန်ကုန်းကောက်မရလောက်သည်အထိ စိတ်ဓာတ်လုံး၀ကျသွားသည်မဟုတ် သော်လည်း အနည်းနှင့်အများစိတ် ဓာတ် ကိုရိုက်ခတ်မှု ဖြစ်စေပါသည်။ အချို့အလွန်ရင့်ကျက်သူများ သည် မသိသာသော်လည်း စိတ်ဓာတ်ပျော့ညံ့သူများ သည် ချက်ချင်းသိသာသည်။                ကျွန်မအလွန်စိတ်ဓာတ်ကျနေချိန်၌ စိန့်မော်နီကားအကြောင်းကိုသိရှိခွင့်ရလိုက်သည်။ ထို အချိန်မှစ၍ ကျွန်မဘ၀၌အခက်အခဲများကြောင့် စိတ်အားလျော့နည်းလာတိုင်း သူသည်ကျွန်မ အတွက် တွန်းအားတစ်ခုကဲ့သို့ဖြစ်လာ စေခဲ့သည်။             ကလေးတိုင်းသည် အော်ဟစ်နေကြသည်။ ထို့အတူကျွန်မ၏သားကြီးသည်လည်း မူကြို…

အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး စိန့် ဘာသိုလိုမယ်

အရှင်လတ်လတ် အရေခွံခွာခံရပြီး ဓမ္မအာဇာနည်ဖြစ်ခဲ့သူ ယေဇူးသခင်၏ တပည့်တော်ကြီး စိန့် ဘာသိုလိုမယ် တပည့်တော်ကြီး ဘာသိုလိုမယ်က ယေဇူးသခင်ရဲ့ နောက်လိုက် တပည့်တော်ကြီး ၁၂ ပါးမှာ ပါဝင်တဲ့ တပည့်တော်ကြီး တစ်ပါး ဖြစ်တယ်။ သူဟာ အာမေးနီးယား ဘုရင် Polymius ပိုလီမီးယပ်စ်ကို ခရစ်ယာန် ဘာသာအဖြစ် ကူးပြောင်းနိုင်ခဲ့လို့ သတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ တပည့်တော်ကြီး ဘာသိုလိုမယ်ဟာ အာမေးနီးယားကို သာသနာပြုခဲ့တယ်လို့ ဆိုကြတယ်။ သူဟာ ခရစ်ယာန် ယုံကြည်ခြင်း ပြန့်ပွားရေး အတွက် တရားဟောပြောခြင်းကို ပြုခဲ့လို့…

အတွေးမလွန်စေချင်ပါ

ဒီကနေ့အတွက် အတွေးမလွန်စေချင်ပါဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အကြောင်းအရာတစ်ခုကို မကောင်းတဲ့ဘက်ကနေ ထပ်ခါထပ်ခါ တွေးနေတာကို အတွေးလွန်တယ်လို့ ခေါ်ပါတယ်။ဖြစ်ပြီးသားကိစ္စကနေ မရုန်းထွက်နိုင်ဘဲ အတွေးလွန်နေခြင်းနဲ့ မဖြစ်ရသေးတဲ့ကိစ္စကို ကြိုတင်စိုးရိမ်ပူပန်ပြီး အတွေးလွန်နေခြင်းဆိုပြီး အတွေးလွန်တဲ့ပုံစံ နှစ်မျိုးရှိပါတယ်။အတွေးလွန်ခြင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးပါ။1. စိတ်ဖိစီးမှု အလွန်အမင်း မြင့်တက်လာမယ်။2. မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်း လျော့နည်းလာမယ်။3. မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့လာမယ်။4. အားငယ်စိတ်တွေ ပိုများလာမယ်။ 5. ကိစ္စတိုင်းကို မကောင်းတဲ့ဘက်ကချည်း စဉ်းစားလာမယ်။6. အရာရာကို လွယ်လွယ်ကူကူ အရှုံးပေးလာမယ်။7. အိပ်ပျော်ဖို့ ခက်ခဲလာမယ်။8. အစာစားလိုစိတ် ပျောက်ဆုံးလာမယ်။9. နှလုံးရောဂါ ရလာမယ်။10. စိတ်ရော…

သံတာ ရို့စ်

ဒီကနေ့အတွက် သံတာရို့စ်ရဲ့အကြောင်းကိုတင်ဆက်ပေးထားပါတယ်။သူမဟာ ၁၅၈၆ခုနှစ်၊ တောင်အမေရိကတိုက်မှာရှိတဲ့ ပီးရူး(Peru)နိုင်ငံ၊ လီမာမြို့တွင် နေထိုင်ကြတဲ့ စပိန်မျိုးနွယ်စုကနေ မွေးဖွားခဲ့ပါတယ်။ သူမဟာ မိဘများကို အလွန်ကျိုးနွံသူဖြစ်ပြီး ဆီအယ်နာမြို့သူ စိန့်ကက်သရင်းရဲ့ ဝိညာဉ်ရေးကျင့်စဉ်တွေကို အားကျအတုယူ ခဲ့ပါတယ်။ သခင်ယေဇူးကို ချစ်တဲ့ စိတ်နဲ့ သူမအား ခိုင်းသမျှကို ပြုံးရွှင်စွာ လက်ခံဆောင်ရွက်ခဲ့ပါတယ်။ လူအများအတွက် အမြဲကြိုးစားပြီး ကူညီခဲ့တယ်။ ဒါ‌ကြောင့် သူမရဲ့ ချမ်းသာတဲ့ မိဘဆွေမျိုးတွေက သူမကို လှောင်‌ပြောင် ခဲ့ကြတယ်။ စိန့်ရို့စ်ဟာ အလွန်လှပတဲ့ အမျိုးသမီးတစ်ဦးဖြစ်တာကြောင့် သူမကို မြင်သူတိုင်း ငေးမောကြည့်…

လူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်

၄။ ကျေးဇူးတင်တတ်အောင်ယူပါ။ တကယ်လို့ သက်ကြီးရွယ်အိုတွေဟာ နေရာပေးခံရတယ်၊ အရေးကြီးတဲ့အခမ်းအနားတွေမှာမြင်ရတွေ့ရတယ်ဆို ရင်ဖြင့် အဲ့ဒီလူ့အဖွဲ့အစည်းဟာ အလွှာပေါင်းစုံ၊ အရွယ်ပေါင်းစုံ၊ အခြေအနေပေါင်းစုံပါ၀င်ရှင်သန်နေတဲ့အဖွဲ့အစည်းဖြစ် တယ်ဆိုတာကိုမြင်တွေ့နိုင်ပါတယ်။ လူငယ်၊ လူလတ်ပိုင်း၊ လုပ်နိုင်ကိုင်နိုင်တဲ့သူတွေကဘဲနေရာယူထားတဲ့အဖွဲ့အစည်း မဟုတ်ဘူးဆိုတာကိုသိနိုင်ပါတယ်။ အဲ့လိုဆိုရင် အရမ်းကိုတန်ဖိုးရှိတဲ့ ဘုရားသခင်ကိုကျေးဇူးသိတတ်အမှုကိုပြုဖို့သိလာ မှာဖြစ်တယ်။ ၅။ ကျွန်ုပ်တို့အားလုံးသွားနေသောနေရာဆီသို့ပိုမိုနီးကပ်သွားစေသည်။ အလှအပဟာ ငယ်ရွယ်နုနယ်မှရှိကြတာမဟုတ်။ သက်ကြီးတွေမှာလည်း ဘယ်သူနဲ့မှမတူတဲ့ သူတို့ရဲ့အလှတ ရားရှိတယ်။ ကျွန်တော်တို့အားလုံးက ထာ၀ရ ဆီကိုဦးတည်လျှောက်လှမ်းနေကြတာပါ။ သက်ကြီးရွယ်အိုတွေကတော့ အဲ့ဒီထာ၀ရဆိုတဲ့ ပန်းတိုင်၊ ဘုရားသခင်ဆီကိုကြိုသွားနင့်ကြမှာပေါ့။ သူတို့က ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ဘ၀အတွေ့အ ကြုံတွေရဲ့အသိတရားတွေနဲ့အဲ့ဒီကိုခရီးပြုကြတယ်။ ၆။ သူတစ်ပါးကကူညီတာကိုလက်ခံပါ။…