
ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ်

Teenager Rebelling ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ၊ ဆရာသမားတွေကို ပုန်ကန်ထကြွမှုတွေ ပြုလုပ်တတ်ကြတယ် ဆိုတဲ့ အကြောင်းမျှဝေပေးသွားချင်ပါတယ်။ ဒီဆယ်ကျော်သက်ရွယ်တွေက လူကြီးမိဘ ဆရာသမားတွေကို ဘာကြောင့် ပုန်ကန်ထကြွ တာလဲ? အကြောင်းရင်းတော့ ရှိမှာပါပဲ။ ငယ်စဉ်မှာတုန်းက မိဘတွေက ယဉ်ကျေးလိမ္မာအောင် ကြိုးစားပျိုးထောင်ခဲ့ပေမယ့်လည်း ဆယ်ကျော်သက်ရွယ်ရောက်လာတဲ့ခါမှာ အနည်းနဲ့ အများတော့ ပုန်ကန်ထကြွကြတာပါပဲ။ ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ် လောက်ကို ပြန်လည်ကြည့်လိုက်ရင် သူ့ခေတ်သူ့ခါ ပုံစံမျိုးစုံ နည်းမျိုးစုံနဲ့ ဆယ်ကျော်သက်တွေ ပုန်ကန်ခဲ့ကြတာကို…









