
ဘာသာရေးစိတ်အားထက်သန်ခြင်းနှင့် ဘာသာရေးအစွန်းရောက်ခြင်းနှစ်ခုကို ကျွန်ုပ်တို့ ခွဲခြားတတ်နိုင်ရမည်။

ဓမ္မမိတ်ဆွေညီအစ်ကိုမောင်နှမ အပေါင်းတို့ ကမ္ဘာ့ဘာသာကြီးတွေက အကြမ်းဖက်ခြင်းကိုဖြစ်စေသလား ဘာသာရေးကြောင့် လူတွေအကြားမှာ အမုန်းတရားတွေဖြစ်စေသလားဆိုတဲ့ အကြောင်းတွေကိုလေ့လာနေခဲ့ကြတာဖြစ်ပါတယ်။ Mr.Kofianna ကုလသမဂ္ဂ ရဲ့အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ခဲ့စဉ်အချိန်တုန်းက ဒီရှုပ်ထွေးတတ်တဲ့ဘာသာရေး ကိစ္စမှာ လူ့ရဲ့အားနည်းခြင်း အကြောင်းတရားတွေ အင်အားတွေတစ်ခုနဲ့တစ်ခု ရောယှက်တတ်တဲ့ သဘောတရားတွေကို သုံးသပ်ပြီးတော့ ဘာသာရေးနဲ့ဝိညာဉ် ရေးခေါင်းဆောင်ကြီးများရဲ့ ထောင်စုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ထိပ်သီးညီလာခံကြီးမှာ သူအခုလို မိန့်ခွန်းပြောကြားခဲ့ပါတယ် ဘာသာတရားကို အလင်းဖြင့်မကြာခန ခိုင်းနှိုင်းပြောဆိုကြသည်။ သို့သော်ဘာသာတရားကိုကျင့်ကြံရာတွင် ၎င်း၏အမှောင်ထု ဖက်ပိုင်ရှိနိုင်ခြင်းကို ကျွန်ုပ်တို့ အားလုံးသိကြတယ်။ ဘာသာရေးအစွန့်ရောက်သမားတွေက အမျိုးသမီးတွေနဲ့လူနည်းစုတွေအပေါ်မှာဖိနှိပ်တာ ခွဲခြားတာတွေ မကြာခနပြုလုပ်…









