rvamyanmar

rvamyanmar

ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့ အတွေးတွေ မရှိစေချင်ပါ

ဒီကနေ့အတွက် ဘဝကိုအဆုံးသတ်ပစ်ချင်တဲ့အတွေးတွေမရှိစေချင်ပါ ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကျွန်တော်တို့တွေရဲ့ စိတ်ဓာတ်သန်မာမှုဟာ တစ်ဦးနဲ့တစ်ဦး မတူကြဘူး။ အကောင်းမြင်စိတ် ပမာဏလည်း မတူကြပါဘူး။ အခက်အခဲတွေကို လက်ခံနိုင်တဲ့အင်အားတွေ မတူကြသလို ထွက်ပေါက်ရှာပုံ နည်းလမ်းတွေလည်း တူမှာ မဟုတ်ပါဘူး။တစ်ယောက်အတွက် ဘာမှမဟုတ်ဘူးဆိုတဲ့ ပြဿနာလေးဟာ တခြားတစ်ယောက်အတွက် ဘဝနဲ့ချီတဲ့ ပြဿနာကြီး ဖြစ်နေတတ်ပါတယ်။တစ်ယောက်အတွက် အလွယ်တကူကျော်လွှားနိုင်တဲ့ အခက်အခဲလေးဟာ တခြားတစ်ယောက်အတွက် ဧဝရတ်တောင်မက မြင့်တဲ့ အခက်အခဲကြီးမျိုး ဖြစ်နေတတ်ပါတယ်။တချို့က ၁၀ နှစ်လောက်အောင်မြင်လာတဲ့လုပ်ငန်းတစ်ခု ဒီနေ့ ရပ်တန့်သွားခဲ့သည့်တိုင် နောက်နေ့မှာ စိတ်သစ် လူသစ် ခွန်အားသစ်နဲ့ အစပြုနိုင်ပေမယ့် တချို့ကတော့…

ကွယ်လွန်သူတွေအတွက် ဆုတောင်းပေးခြင်းနှင့်မစ္ဆားတရားပူဇော်ပေးရခြင်း

ဒီကနေ့အတွက် ကွယ်လွန်သွားကြတဲ့ပုဂ္ဂိုလ်တွေရဲ့ဝိညာဥ်တွေအတွက် ဆုတောင်းပေးခြင်းနှင့်မစ္ဆားတရားပူဇော်ပေးရခြင်းရဲ့ အကြောင်းအရင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

သားသမီးလေးတွေအတွက် စည်းကမ်းတွေချမှတ်တဲ့ခါမှာ ပိုပြီး ထိရောက်စေမယ့် နည်းလေးများ

To discipline ဒီနေ့မှာ သားသမီးလေးတွေအတွက် စည်းကမ်းတွေချမှတ်တဲ့ခါမှာ ပိုပြီး ထိရောက်စေမယ့် နည်းလေးတွေကို တင်ပြပေးသွားချင်ပါတယ်။ တခါတလေမှာ ကလေးတွေက ချမှတ်တဲ့ စည်းကမ်းတွေကို နားမထောင် မလိုက်နာတဲ့ခါမှာ မိဘတွေအတွက် တကယ်ပဲ ခက်ခဲလှပါတယ်။ မိဘတွေရဲ့ အဓိက ရည်ရွယ်ချက်က သူတို့ကို စည်းကမ်းတွေ သင်ပေးဖို့ပဲ မဟုတ်လား။ သား သမီးလေးတွေက ဒီစည်းကမ်းတွေကို မလိုက်နာလို့ မိမိက မကျေနပ်ဘဲ အော်ဟစ်မယ် ဆူပူကြိမ်း မောင်းမယ်။ စိတ်ဆိုးပြီး ဒေါသထွက် ပျာယာခတ်နေရင် ကလေးက ငယ်သေးတယ်။ ဒီစည်းကမ်း…

“မြန်မာ့ဘေးမဲ့တောများ”

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေ အစီအစဉ်မှာ “မြန်မာ့ဘေးမဲ့တောများ” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ တင်ဆက် – ဝီလျံဇော်နိုင်ဦး ရိုက်ကူး/တည်းဖြတ်- ပင်ကီ

အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ

ဒီကနေ့သီရိဂေဟာ အစီအစဥ်ထဲက လူငယ်ကဏ္ဍအနေဖြင့် အဆိပ်ဖြစ်စေတဲ့အရာတွေကို ဖြတ်တောက်ပစ်ပါ ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးထားပါတယ်။လက်ရှိ ကိုယ့်ဘေးနားက သူငယ်ချင်းဟာ Toxic friend ဟုတ် မဟုတ် သိဖို့လိုအပ်ပါတယ် True Friend နဲ့ Toxic Friend ရဲ့ ကွာခြားမှုတွေကတော့ 1. True Friend တွေဟာ လူချင်းမတွေ့ရရင်တောင် သတိရတိုင်း သတိရတိုင်း ကိုယ့်ကို ဆက်သွယ်ပါတယ်။ ဘယ်လောက်ဝေးဝေး၊ ရင်ထဲအမြဲနီးနေတဲ့ သူငယ်ချင်းမျိုး ဖြစ်ပါတယ်။ သူလိုအပ်တိုင်း ကိုယ်ရှိသလို ကိုယ်လိုအပ်တိုင်း သူရှိနေတတ်ပါတယ်။ Toxic Friend…

အကောင်းမြင်ပါ

ဒီကနေ့အတွက် ” အကောင်းမြင်ပါ ” ဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်လူတစ်ယောက်ရဲ့ ဘဝမှာအဆင်ပြေတာ 80% ရှိပြီးအဆင်မပြေတာ 20% ရှိပါတယ်တဲ့။ဒါပေမယ့် လူတိုင်းလိုလိုဟာ အဆင်မပြေတဲ့ 20% ကို အချိန် 80% လောက် ခံစားပြီးအဆင်ပြေတဲ့ 80% ကိုတော့ အချိန် 20% လောက်သာ ခံစားပါတယ်။ဒီလိုကနေ လူတိုင်းဟာ သူတို့ရဲ့ဘဝမှာ အဆင်မပြေတာက များတယ်အဆင်ပြေတာက နည်းတယ်လို့ ထင်ပြီးပိုပြီး ပင်ပန်းပူလောင်ကြရပါတယ်။ဒါကတော့ ဆရာတော်ရဲ့ 80/20 theory ဖြစ်ပါတယ်။ ဒါလေးသိရပြီး ကျွန်တော်ကတော့ အတွေးအမြင်တွေ တော်တော်ပြောင်းသွားတာပါပဲ။အရင်ကဆို…

မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်

ထိန်းသိမ်းကြစေ သဘာဝအမွေ ဒီတစ်ပတ် ထိန်းသိမ်းကြစေ သဘာဝအမွေအစီအစဉ်မှာ ကောင်းသော သိုးထိန်းသီလရှင်များအသင်းဂိုဏ်းမှ စစ္စတာရ် ဧလိဇဘတ်ရဲ့ ” A First Aid Guide on Suicide Prevention (မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှကာကွယ်ရန် ရှေ့ဦးသူနာပြုစုနည်း လမ်းညွှန်) ဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ****** ကိုယ့်မိသားစုထဲမှာ ကိုယ့်သူငယ်ချင်းတွေထဲမှာ ဒီဗီဒီယိုထဲကလို လက္ခဏာလေးတွေကိုတွေ့နေရပြီဆိုရင် သူတို့ကို အားပေးနှစ်သိမ့်ပေးပါ။အမြဲဆက်သွယ်ပေးနေကြပါလို့လည်း အကြံပြုချင်ပါတယ်။ တကယ်လို့ ကိုယ်တိုင်က ဒီလိုစိတ်ဝေဒနာတွေကို ခံစားနေရတယ်ဆိုရင်လဲ စိတ်ကျန်းမာရေးအကူအညီပေးနေတဲ့နေရာတွေကို ဆက်သွယ်ပါ။ ကောင်းသောသိုးထိန်းသီလရှင်တွေဆီမှာလည်း စိတ်ကျန်းမာရေးအကူအညီရယူလို့ရပါတယ်။…

မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲ

Save Marriage ဒီနေ့ခေတ် အိမ်ထောင်ရေးတွေမှာ ဇနီးမောင်နှံတွေကြား relationship တွေက သေသွား နေသလို မြင်တွေ့နေရတဲ့အတွက် မိမိအိမ်ထောင်ရေးကို ဘယ်လိုထိန်းသိမ်းရင်ဖြင့် ဆက်လက်ရှင် သန်နိုင်မလဲဆိုတဲ့ အကြောင်းအရာကို မျှဝေပေးချင်ပါတယ်။ ခုခါမှာ ကျွန်မ ဝန်းကျင်မှာ အိမ်ထောင်ကွဲသွားဖို့ ရည်ရွယ်ချက်မရှိပေမဲ့ relationship အဆုံးသတ်သွားတဲ့ခါ နောင်တကြီးစွာ ရနေတာကို တွေ့နေရတယ်။ တချို့ကျပြန်တော့ အိမ်ထောင်မကွဲပေမဲ့ အဆုံးသတ်ချင်နေကြတယ်။ ဘာဖြစ်လို့ အဆုံးသတ်သွားကြတာလဲ? တချို့ကျတော့ divorce မလုပ်ဘူး။ ဒါပေမယ့် အပေး အယူတွေလုပ်ပြီး မပျော်မရွှင်နဲ့ relationship ကို…