သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲ

Prepare ဒီနေ့မှာ သားသမီးလေးတွေရဲ့ဘဝ အောင်မြင်မှုရဖို့ရာအတွက် မိဘတွေ ဘယ်လိုကြိုတင် ပြင်ဆင်ရင်ကောင်းမလဲဆိုတဲ့အကြောင်း မျှဝေပေးချင်ပါတယ်။ ကျွန်မ ဖတ်ဖူးတဲ့ ပညာပေးစာအုပ်မှာ အမေရိကန်နိုင်ငံသားဖြစ်တဲ့ Max Jude ဆိုသူက ၁၈၈၄ ခုနှစ်မှာ သူ့ရဲ့ ဆွေစဉ်မျိုးဆက် လေးဆက်တိတိကို မှတ်တမ်းတင်ရေးထားတာကို တွေ့ရ ပါတယ်။ သူ့ဆွေမျိုးထဲက ၅၂.၄% မိန်းကလေးတွေက ခန္ဓာကိုယ်ရောင်းစားတဲ့ အလုပ်နဲ့ အသက် မွေးမြူကြတယ်။ အယောက် ၃၀၀ ကတော့ အသက် ၃၀ နှစ်မတိုင်မီ သေဆုံးကြတယ်။ ၁၈၂ ယောက်ကတော့ အရက်စွဲတဲ့…