ဘုန်းတော်ကြီးဂျွန် စိုးတင့် ဘာသာရေးအမေးအဖြေ ကဏ္ဍ

အခက်အခဲတွေရှိမယ်။ အဆင်မပြေတာတွေရှိမယ်။ ထိခိုက်နာကျင်နေတာတွေရှိမယ်။ ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။ စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။ အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။ နေတတ်အောင်နေပါ။ ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့ မင်းထိပ်တိုက်တိုးတဲ့အခါ မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။ တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။ နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။ မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တယ်ဆိုတာကိုပါပဲ ။ တခြားအရာတွေထက် မင်းကိုယ်မင်း ဦးစားပေးရမယ်။ ကျန်းမာရေးဂရုစိုက်ရမယ်။ နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။ သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။ မင်းကိုယ်မင်း ပိုချစ်ရမယ်။ မင်းကိုယ်မင်း…
ဒီကနေ့မှာတော့ နိုင်ငံတကာနှစ်သစ်ကူးနေ့၊ကမ္ဘာ့ငြိမ်းချမ်းရေးနေ့နှင့် ဘုရား၏မယ်တော်အလွန်သန့်ရှင်းသောကညာမာရီယားပွဲနေ့ “တို့အတွက်တင်ဆက်ပေးလိုက်ပါတယ်။
Handle Teenager ဒီနေ့မှာ ဆယ်ကျော်သက်ရွယ်တွေကို မိဘတွေ ဘယ်လိုကိုင်တွယ်ကြမလဲဆိုတဲ့အကြောင်း မျှဝေပေးသွားချင်ပါတယ်။ သားသမီးက ဆယ်ကျော်သက် ၁၄ နှစ်၊ ၁၅ နှစ်၊ ၁၆ နှစ်လောက်ရောက်နေရင် မိဘက အနည်းဆုံး ၃၄ နှစ်၊ ၃၅ နှစ်ဆိုတဲ့ လူလတ်ပိုင်းတော့ ရောက်လောက်ပြီလို့ ထင်ပါတယ်။ deal လုပ်ရတာ အသက်နဲနဲကြီးလာပြီ။ ခေတ်အဆက်ဆက် ကျောက်ခေတ် ကြေးခေတ် စသဖြင့် ခေတ် အဆက်တွေမှာ ပြဿနာတွေ ရှိခဲ့မှာ ဖြစ်သလို ဒီနေ့ခေတ် Computer…
ဒီကနေ့အတွက် လူရာဝင်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့သိတာနဲ့ မဆိုင်ဘူး၊ သင့်ကိုသိတဲ့သူ ဘယ်လောက်များများရှိတယ်ဆိုတာက ပိုဆိုင်တတ်ပါတယ်။ ပြီးရင် ဒီလူတွေအားလုံးကော သင့်ကို အသိအမှတ်ပြုပါရဲ့လား၊ သင့်ရဲ့ တည်ရှိမူကော သူများအတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းစေလို့လဲ၊ ဒါတွေအားလုံးထည့်တွက်ကြရမှာပါ။ လူရာ၀င်တယ်ဆိုတာ သင်လူဘယ်လောက်များများနဲ့ အဆက်အသွယ်ရှိတယ်၊ ဘယ်သူတွေနဲ့ ထ္မင်းအတူစားဖူးတယ်၊ လ္ဘက်ရည်အတူသောက်ဖူးတယ်၊ ဘယ်လောက်အဆင့်မြင့်တဲ့ ဟိုတယ်ခန်းမစုဝေးပွဲတွေ သွားတက်ရောက်ဖူးတယ်၊ ဘယ်လူကြီး၊ ဘယ်မင်းသားနဲ့ ဓါတ်ပုံအတူတွဲရိုက်ဖူးတယ်၊ အဲဒါတွေအားလုံးနဲ့ သိပ်မသက်ဆိုင်ပါဘူး၊ အဲ…သင့်ကို လူဘယ်လောက်များများ လိုလိုလားလား ဆက်ဆံတယ်၊ သင်ကိုသူတို့က စပြီးလာမိတ်ဖွဲ့တယ်၊ သင်နဲ့ တောက်လျှောက်အဆက်အသွယ်မပျက် ဆက်ဆံနေချင်ကြတယ်။ ဒါတွေပိုအရေးပါပါတယ်။…
ဒီကနေ့အတွက် အပြစ်တင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆိုတဲ့အကြောင်းအရာလေးကို တင်ဆက်ပေးထားပါတယ်။ ကိုယ့်ကိုအပြစ်တွေ ခဏခဏအတင်ခံရတဲ့ ပတ်ဝန်းကျင်မှာ ဘယ်သူမှနေချင်ကြမှာ မဟုတ်ဘူးလေ ။ ငါက သူ့ကို ကောင်းစေချင်လို့ စေတနာနဲ့ပြောနေတာကို မနေချင်လည်း နေပေါ့လို့ ပြောတတ်ကြတယ်။ တကယ်တော့ ဘယ်သူမှ မနေချင်ကြပါဘူး။ သေးသေးလေးကအစ အပြစ်မြင်နေရင် အပြောခံရသူဘက်ကလည်း တွေးလာတော့မှာပဲလေ။ ဘာလို့ အပြစ်မရှိမပြစ်ရှာနေတာလဲပေါ့။ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် ပြောပုံဆိုပုံခြင်းတောင် ကွာတတ်ကြပါတယ်။ ဒီအချိန်မှာ အပြောခံရတာများလာတဲ့လူဟာလည်း တခုခုဆို ပြန်တုံ့ပြန်ဖို့ပြင်နေပါပြီ ။ စိတ်လက်ပေါ့ပါးစွာနဲ့ စကားပြောဖို့တောင် သူ့အတွက်ခက်နေပါပြီ။ သူဘာပြောပြော…
ဒီကနေ့အတွက် ဘုရားရဲ့သားတော် လူ့ဇာတိအဖြစ်ကိုယူရခြင်း အကြောင်းကို တင်ဆက်ပေးထားပါတယ်။
ဒီကနေ့မှာတော့ ” အမိမယ်တော်ရဲ့အပြစ်မဲ့သန္ဓေယူတော်မူခြင်း ” အကြောင်းကို တင်ဆက်ပေးထားပါတယ်။