
ခရစ်ယာန်တရားတော်က ငြိမ်းချမ်းရေးအကြောင်းကို ဘယ်လိုသွန်သင်သလဲ။

ဓမ္မမိတ်ဆွေညီကိုမောင်နှမတို့ယခင်တစ်ပတ်ကကမ္ဘာ့ဘာသာကြီးများအသီးသီးကသွန်သင်သည်ရွှေဥပဒေသအကြောင်းကိုကျွန်တော်တို့လေ့လာခဲ့ကြပြီးဖြစ်ပါတယ်။လူသားတွေသိကြသည့်ဘာသာတရားတွေကငြိမ်းချမ်းရေးအကြောင်းကိုရှင်းရှင်းလင်းလင်းပြောဆိုကြပါတယ်၊ငြိမ်းချမ်းရေးကိုချီးမွမ်းထောပနာပြုကြပါယ်၊ငြိမ်းချမ်းရေး၏အရေးကြီးမှုကိုအလေးပေးပြီးပြောကြတာဖြစ်ပါတယ်။ဒီနေ့မှာကမ္ဘာ့လူဦးရေအများစုကခရစ်ယာန်တွေဖြစ်ကြတာကြောင့်ခရစ်ယာန်တရားတော်ကငြိမ်းချမ်းရေးအကြောင်းဘယ်လိုသွန်သင်လဲဆိုတာကိုပထမဦးဆုံးကြည့်ကြရအောင်။အဲ့ဒီနောက်မှာအခြားကမ္ဘာ့ဘာသာကြီးတွေကငြိမ်းချမ်းရေးအကြောင်းဘယ်လိုသွန်သင်ကြလဲဆိုတာကို ဆက်ပြီးတော့ကျွန်တော်တို့လေ့လာကြမှာဖြစ်ပါတယ်။ ယေရှု့ခရစ်တော်ဘုရားရှင်တည်ထောင်တော်မှုတဲ့ဘာသာတရားမှာငြိမ်းချမ်းရေးကအဓိကနေရာမှာပါဝင်ပါတယ်။ဘုရားရှင်၏နိုင်ငံတော်အကြောင်းဖြစ်တဲ့မင်္ဂလာတရားရှစ်ပါးမှာယေရှုခရစ်တော်ကငြိမ်းချမ်းရေးအကြောင်းကိုအစပြုခဲ့တယ်ငြိမ်းချမ်းရေးတွက်လုပ်ဆောင်သူတွေကိုချီးမြှောက်ခဲ့တယ်ရှင်မာတေဦး၅း၉ မှာငြိမ်းချမ်းရေးတွက် ကြိုးပန်းဆောင်ရွက်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားသူတို့သည်ဘုရားသခင်၏သားများဟုအခေါ်ခံကြရလိမ့်မည်။ဧဝံဂေလိ တရားတော်ကိုလိုက်လံဟောကြားရန်တပည့်တော်ကြီး တို့ကိုစေလွတ်တဲ့ အချိန်၌ လူတွေပေါ်၌ငြိမ်းချမ်းခြင်းကိုတတ်ရောက်ဖို့မိန့်ဆိုခဲ့ပါတယ်။ ရှင်လုကာ ၁၀း၆ မည်သည့်အိမ်သို့မဆိုသင်တို့ဝင်ကြတဲ့အခါမှာဤ အိမ်၌ငြိမ်းချမ်းသာယာခြင်းရှိပါစေ ဟုဦး စွာ နှုတ်ဆက်ကြလော့ငြိမ်းချမ်းသာယာခြင်းကိုလိုလားသောသူသည်ထိုနေရာ၌ရှိလျှင်သင်တို့၏ငြိမ်းချမ်းသာယာြခင်းသည်သူ့အပေါ်သက်ရောက်လိမ့်မည်သို့မဟုတ်လျှင်၎င်းသည်သင့်ထံသို့ပြန်လာလိမ့်မည်။နောက်ဆုံးခွဲခြမ်းစိတ်ဖြာလေ့လာတဲ့အခါမှာယေရှုခရစ်တော်ဘုရားရှင်ကတိထားတော်မူတဲ့ငြိမ်းချမ်းရေးကဘုရား၏ကျေးဇူးတော်တစ်ပါး”Grace”ဖြစ်ပါတယ်။ ရှင်ယောဟန် ၁၄း၂၇ ငြိမ်းချမ်းသာယာခြင်းကိုသင်တို့၌ငါထားခဲ့၏ငါ၏ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါ ပေး၏ဤလောကပေးသကဲ့သို့သင်တို့အားငါပေးသည်မဟုတ်လူတွေရဲ့နားလည်နိုင်မှုအားလုံးထပ်ကျော်လွန်တဲ့ဘုရား၏ငြိမ်းချမ်းခြင်းအကြောင်းကိုရှင်ပေါလ်လုက ဖိလပိ ဩဝါဒ စာ၄း၇မှာ ရေးသား ထားပါတယ်။ နောက်ပြီးဂါလာစီးယားဩဝါဒစာ ၅း၂၂ မှာငြိမ်းချမ်းခြင်း၊စိတ်ရှည်ခြင်း၊ကြင်နာခြင်း၊သည်းခံခြင်းတို့ပါ ဝင်တဲ့သန့် ရှင်းသောဝိညာဥ်မြတ်ဆောင်ကျင်းပေးတဲ့ဝိဉာာဥ်တော်၏အသီးပွင့်များအကြောင်းကိုရေးသားခဲ့ပါတယ်။ ရှင်ယောဟန် ၁၄း၂၇၊ ၁၆း၃၃၊ ၂၀း၁၉၊ ၂၁း၂၆၊ ရှင်လုကာ ၁၀း၅ အဲဒီမှာယေရှုခရစ်တော်ဘုရားသခင် ကိုယ်…





