rvamyanmar

rvamyanmar

သရက်ရွက်ဖုပြဿနာ ဘယ်လိုဖြေရှင်းမလဲ

သရက်ရွက်ဖုပြဿနာ ဘယ်လိုဖြေရှင်းမလဲ သရက်ရွက်ဖုပိုးသည် ကမ္ဘာတစ်ဝန်းကသရက်ခင်းများတွင် တွေ့ရများသော ယင်အငယ်စားလေးတွေဖြစ်ပါသည်။ ရွက်ဖုပိုးသားလောင်းအဆင့်သည် အပင်ရဲ့တစ်ရှူးများအတွင်းစားသောက်သောကြောင့် အရွက်၊ ပန်းပွင့်၊ အညွှန့်များနှင့် အသီးများပေါ်တွင် မူမမှန် အဖုပုံစံလေးများကိုတွေ့ရပါမည်။ ဘဝစက်ဝန်းအမများသည် အရွက်၏အောက်မျက်နှာပြင်တွင် ဥများ ချသည်။ ဥချပြီး ၂-၃ ရက်တွင်အကောင်ပေါက်ပါသည်။ အကောင်ပေါက်ပြီး သားလောင်းများသည် အရွက်သားများကိုစားသောက်ဖျက်စီးသည်။ သားလောင်းအဆင့်တွင် အဝါရောင်ဖြစ်ပြီး ၁-၁.၂ မီလီမီတာရှည်လျားပါသည်။ အရွယ်ရောက်သားလောင်းများသည် ရုပ်ဖုံးအဆင့်အတွက် မြေထဲသို့ဆင်းသက်ပါသည်။ သားလောင်းအဆင့်တွင် ၇-၁၀ ကြာပြီး ရုပ်ဖုံးအဆင့်တွင် ၅-၆ ရက်ကြာပါသည်။အကောင်ကြီးများသည် အလွန်သေးငယ်ပါသည် အရှည်အားဖြင့် ၁-၂…

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ

ပုပ်ဖရန်စစ်အမြန်ဆုံးကျန်းမာလာစေရန်ကမ္ဘာတစ်၀ှမ်းမှကက်သလစ်ဘာသာတူများဆုတောင်းပေးနေကြ ဗာတီကန်သတင်းဌာန၏ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးအခြေအနေသည် တနင်္လာနေ့ကသတိရှိကြီးစွာဖြင့်စောင့်ကြည့်ရသောအခြေအနေဖြစ်နေခဲ့သော်လည်း ညပိုင်းတစ်ညလုံးကောင်းမွန်စွာအနားယူနိုင်ခဲ့သည်ဟုအင်္ဂါနေ့နံနက်ပိုင်းကသတင်းထုတ်ပြန်ခဲ့သည်။ ထို့အတူ ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန် ကက်သလစ်ဘာသာတူရာနှင့်ချီ၍ ‌တနင်္လာနေ့ညပိုင်း(ဒေသစံတော်ချိန် ၉) နာရီကရောမမြို့၊ စိန့်ပီတာရင်ပြင်၌ စုရုံး၍ စိပ်ပုတီးစိပ်ခဲ့ကြသည်။ အဆိုပါအစီအစဉ်ကို ဗာတီကန်၏ အတွင်း ရေးမှူး ကာဒီနယ် Pietro Parolin မှဦးဆောင်ခဲ့သည်။ အမေရိကန်သမ္မတထရမ့်နှင့်ပြင်သစ်သမ္မတ တို့ကလည်း ရဟန်းမင်းကြီးအမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်စူး၍ ‘we wish him well …. it’s a very serious situation’ (အမြန်ကျန်းမာပါစေ။ လက်ရှိ၌အလွန်အသည်းအသန်ဖြစ်နေသည်) ဟုဗွီဒီယိုဖိုင်လ်ဖြင့်ဆုတောင်းချက်ကိုပူးတွဲပြုလုပ်ပေးပို့ခဲ့သည်ဟုဆိုသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း ရဟန်းမင်းကြီးဖရန်စစ်အမြန်ဆုံးသက်သာကျန်းမာလာစေရန်ရည်…

ပုပ်ရန်စစ်၏အခြေအနေအနည်းငယ်တိုးတက်လာဟုဗာတီကန်သတင်းဌာနထုတ်ပြန်

ပုပ်ရန်စစ်၏အခြေအနေအနည်းငယ်တိုးတက်လာဟုဗာတီကန်သတင်းဌာနထုတ်ပြန် ဗာတီကန်သတင်းဌာန ၏ထုတ်ပြန်အသိပေးချက်အရပုပ်ရဟန်းမင်းကြီး ၏အခြေအနေမှာဆိုးရွားသည်ဟုဆိုမည်ဖြစ်သော်လည်း အနည်းငယ်တိုးတက်လာသည်ကိုတွေ့ရှိရကြောင်း၊ အသက်ရှုရာ၌ခက်ခက်ခဲခဲရှုရှိုက်ရခြင်းမရှိတော့ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရတိုးတက်မှုကိုပြသနေကြောင်း၊ ကျောက်ကပ်အနည်းငယ်အားနည်းနေသည်ကိုတွေ့ရှိရသော်လည်း စိုးရိမ်ဖွယ်အခြေအနေမျိုးမဟုတ်ကြောင်း၊ အောက်စီဂျင်အနည်း ငယ်ကျသွားခဲ့၍အောက်စီဂျင်ကိုဆက်လက်ပေးထားရကြောင်း၊ ကြပ်မတ်ကုသပေးနေကြသောဆရာ၀န်များလည်း သတိကြီးစွာဖြင့်အခြေအနေကိုမျက်ခြေမပြတ်စောင့်ကြည့်ကုသပေးနေကြောင်း၊ တနင်္ဂနွေနေ့နံနက်ပိုင်း၌ ကိုယ်တော်မြတ်ကိုပင့်ယူခဲ့ကြောင်း၊ နေ့လယ်ပိုင်း၌မူပုံမှန်အတိုင်းပင်ဖြတ်သန်းခဲ့ကြောင်း၊ ညနေပိုင်း၌လည်း ဂါဇာဒေသ “သန့်ရှင်းသောအိမ်ထောင်စု” သာသနာအုပ်စုငယ်၌ အမှုထမ်းနေသောဘုန်းတော်ကြီးနှင့်၄င်းကြည့်ရူစောင့်ရှောက်ထားသောဘုရားသခင်၏လူမျိုးတော်(ဂါဇာသည်စစ်မီးသင့်ဇုံဖြစ်နေ၍ အဆိုပါဘုန်းတော်ကြီးသည် ဘာသာတူ၊ ဘာသာမတူသူများအားစောင့်ရှောက်ပေးလျှက်ရှိသည်)တို့အား သူ၏ကျန်းမာခြင်းအတွက်၄င်းတို့၏ဒုက္ခကြားမှမပြတ်ဆုတောင်းပေးလျှက်ရှိသောကြောင့် ဗွီဒီယိုဖိုင်လ်တစ်ခုပေးပို့၍ကျေးဇူးတင်ခဲ့ကြောင်း၊ ပြင်သစ်သတင်းဌာနတစ်ခုမှဖြန့်ချီခဲ့သော ရဟန်းမင်းကြီးအားအခန်းတစ်ခုသို့ပြောင်းရွေ့လိုက်ရပြီဖြစ်​သည် ဆိုသည့် သတင်းသည်လည်းမဟုတ်မမှန်သောသတင်းသာဖြစ်​သည်ဟုဆိုသည်။ အာဗီအေဘာသာပြန် ဖာသာရ်ကလဲမင့်အားတယ်