rvamyanmar

rvamyanmar

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ ဗုဒ္ဓဟူးနေ့ဩဝါဒ ၂၀၊ ၈၊ ၂၀၂၅

Daily Reflection 20.8.2025 Matthew 20:1-16 ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာခဲ့ရတဲ့ဧဝံဂေလိကျမ်းထဲမှာမနက်ခင်းကနေ ညနေထိအလုပ်လုပ်ရသူတွေနှင့် ညနေ့ခင်း၁နာရီလောက်သာ အလုပ်လုပ်ရသူတွေကို အလုပ်ရှင်က လုပ်အားခကို တန်းတူညီမျှပေးတဲ့အကြောင်း၊ တစ်နေကုန်အလုပ်လုပ်ရသူတွေက အလုပ်ရှင်၏ရက်‌ရောသောစေတနာပေါ် မကျေမနပ်ဖြစ်ခဲ့ကြတဲ့အကြောင်းကိုကျွန်တော်တို့ကြားခဲ့ကြရတယ်။ ဒီပုံဥပမာလးက ဘုရားရှင်ရဲ့နှလုံးသားကိုဖော်ပြနေတယ်။ ကောင်းကင်နိုင်ငံဆုကျေးဇူးဟာ လောကလူတွေတွက်ချက်တဲ့အရာနဲ့ တွက်ချက်လို့မရဘူး။ ဘုရားရှင်ရဲ့ရက်ရောမှုမှာ သာ မူတည်တယ်။ ငါဒီလောက်ကောင်းအောင်နေထိုင်ခဲ့တာ၊ ငါဒီလောက်ပေးကမ်းရက်ရောတာ။၊ ငါဒီလောက်ကောင်းအောင်လုပ်ခဲ့တာ၊ ငါ့အချိန်၊ ငါ့အင်အား၊ ငါ့အနစ်နာခံမှုတွေ၊ ငါ့ပေးဆပ်မှုတွေ ငါ့ရဲ့လုပ်ရပ်တွေကြောင့် ငါဟာကောင်းကင်နိုင်ငံရသင့်တယ်လို့ တွေးခေါ်မျှော်မြင်လို့မရပါဘူး။ ကောင်းကင်နိုင်ငံတော်ဟာ ကျနော်တို့လုပ်အားနဲ့ဝယ်ယူလို့ရတဲ့အရာမဟုတ်ဘူး။၊ ဘုရားရှင်ပေးမှသာရတဲ့အရာဖြစ်တယ်။ ဘုရားရှင်ဟာ၊ ပျောက်သောသိုးပုံဥပမာလို ကောင်းမွန်သော…

ဖာသာရ် Peter Kyi Mg (မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာ) (၂၀)ကြိမ်မြောက်သာမန်ကာလ အင်္ဂါနေ့ဩဝါဒ ၁၉၊ ၈၊ ၂၀၂၅

Daily Reflection Matthew 19:23-30 19.8.2025ဓမ္မမိတ်ဆွေတို့ ဒီကနေ့ကြားနာရတဲ့ ရှင်မာတေးဦး ဧဝံဂေလိ ကျမ်း မှာ သခင်ခရစ်တော်က ချမ်းသာတဲ့လူတွေဟာကောင်းကင်နိုင်ငံဝင်ရဖို့ခက်ခဲတယ်ဆိုတဲ့အကြောင်းကို ကြားနာရတယ်။ ဒီနေရာမှာချမ်းသာတယ်ဆိုတာထက် လောကပစ္စည်းဥစ္စာကိုသူ၊ ကောင်းကင်သုခချမ်းသာထက်၊ လောကအရာမှာပဲတွယ်ကပ်နေတဲ့သူတွေကို သတိပေးခြင်းဖြစ်တယ်။ဒီကျမ်းပိုဒ်ရဲ့ရှေ့ကအဖြစ်အပျက်ကလေးက လူငယ်တဦးကသခင်ခရစ်တော်ဆီကိုလာပြီး ဆရာသခင်ကောင်းကင်နိုင်ငံရဖို့ဘာလုပ်ရမလဲ။ ပညတ်ချက်တွေလည်းကျွန်တော်ငယ်ငယ်လေးကတည်းကထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီးပြီ။ သခင် ခရစ်တော်က ကောင်းကင်နိုင်ငံရလိုလျှင် သင့်မှာရှိသမျှကိုရောင်း၍ဆင်းရဲသားတို့အား ဝေမျှ လော၊ ပြီးမှငါနောက်သို့လိုက်လို့ လို့သခင်ခရစ်တော်ပြောလိုက်တဲ့အချိန်မှာလောကပစ္စည်းဥစ္စာမှာတပ်မက်သောလူငယ်လေးဟာ မျက်နှာညှိုးငယ်စွာနဲ့သခင်ခရစ်တော်ထံက ထွက်ခွာသွားခဲ့တယ်။ လောကပစ္စည်းဥစ္စာဆိုတာ၊ အချိန်အတိုင်းသာတစ်ခုထိပဲ လူတစ်ယောက်အတွက်တန်ဖိုးရှိတာပါ။ အမြဲတမ်းတန်ဖိုးရှိမနေဘူး၊ အမြဲတမ်းလည်းလုံခြုံမှုမပေးဘူး။ အမြဲတမ်းလည်းပျော်ရွှင်မှုမပေးဘူး။ အမြဲတမ်းလည်းစိတ်ချမ်းသာမပေးပါဘူး။ မကျန်းမာတော့ရင်၊ အသက်ကြီးရင့်လာလျှင်၊…

ကောင်းသောအမှုအရာပြုခြင်း၌ ဇွဲလုံးလရှိကြဖို့ ရဟန်းမင်းကြီးလီယို ၁၄ ဖိတ်ခေါ်။

ဒီတစ်ပတ်မှာတော့ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ သည် Castel Gandalfo မှာရောက်ရှိနေပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း လူထုတွေ့ဆုံခြင်းနှင့် နေ့ခင်းမေတ္တာရွတ်ဆိုခြင်း မတိုင်မှီ လူထုနဲ့ စကား ပြောခြင်းတွင် လိမ်ညာပြောဆိုမှုတွေနှင့်သာ ပြည့်နက်နေသောဒီကမ္ဘာကြီးမှာ အမှန်တရား ပြောဆိုလုပ် ကိုင်ခြင်းဟာတန်ဖိုးကြီးတယ်။ အမြက်ဒေါသကိုမတုံ့ပြန်ကြဖို့၊ ဓမ္မအာဇာနည်များကဲ့သို့ မတူညီသော၊ ဘယ်လိုအခက်အခဲမျိုးအခြေအနေမြို့မှာပဲဖြစ်ဖြစ် အမှန်တရား၌ တည်ရှိသောချစ်ခြင်းမေတ္တာကို သစ္စာ ရှိကြဖို့ သခင်ခရစ်တော်တိုက်တွန်းထားတာကိုသတိရကြရမယ်။ ဘုရားဖူး၂၅၀၀ကျော် လာရောက်စုရုံးနေသော Castle Gandalfo မနက်ခင်း မစ္ဆာတရား ပူဇော်ပြီး လူထုနဲ့ တွေ့ဆုံခြင်းတွင် သခင်ခရစ်တော်၏…

အကြွေးများနှင့် သဘာဝပတ်ဝန်းကျင်

“အားလုံးပဲ မင်္ဂလာပါ။ဒီတစ်ပတ် ‘ထိန်းသိမ်းကြစေ သဘာဝအမွေ‘ အစီအစဉ်လေးမှာ ပြောပြသွားမယ့် အကြောင်းအရာလေးကတော့ ‘အကြွေးများနှင့် သဘာဝပတ်ဝန်းကျင်‘ ဆိုတဲ့အကြောင်းအရာကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ အကြွေးဆိုတာ ကျွန်တော်တို့ လူသားတွေနဲ့ ကင်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒီအကြွေးဆိုတဲ့အရာနဲ့ ကျွန်တော်တို့ရဲ့ သဘာဝပတ်ဝန်းကျင် ဘယ်လိုသက်ဆိုင်ပြီး ဘယ်လိုဆိုးကျိုးတွေ ပေးနေသလဲဆိုတာ ဒီဗီဒီယိုလေးထဲမှာ ဗဟုသုတရအောင် တင်ဆက်ပေးလိုက်ပါတယ်။ ဤဗီဒီယိုထဲက အကြောင်းအရာအားလုံးသည် “Pope Francis” ထုတ်ပြန်ထားတဲ့ “Laudato Si” စာချုပ်စာတမ်းမှ ကောက်နုတ်ထားခြင်း ဖြစ်ပါတယ်။ တင်ဆက် – ဇော်နိုင်ဦးတည်းဖြတ် – စတီဗင်“

အမျိုးသားတွေရဲ့ ချစ်မေတ္တာကို အမျိုးသမီးတွေ ဘယ်လိုမြင်နိုင် မလဲ။

ဒီနေ့မှာ အမျိုးသားတွေက သူတို့ရင်ထဲမှာ အမှန်တကယ်ချစ်တဲ့ အမျိုးသမီးကို အခုလို အပြုအမူလေးတွေ ပြုမူတတ်တယ်ဆိုတဲ့ အကြောင်း relationship ကို စတင်ထူထောင်နေတဲ့သူ (ဝါ) relationship တစ်ခုအတွက် မိမိအမှန်အကန် အမျိုးသားကို စောင့်နေတဲ့သူတွေအတွက် ပြောပြ ပေးသွားချင်ပါတယ်။             ဒါဆိုရင် အဓိကကတော့ အမျိုးသားတွေရဲ့ ချစ်မေတ္တာကို အမျိုးသမီးတွေ ဘယ်လိုမြင်နိုင် မလဲ။  အမျိုးသားတစ်ယောက်အနေနဲ့ သူ့နှလုံးသားကနေ တဆင့် ထွက်ပေါ်လာတဲ့ အပြုအမူတွေ ကနေ မကြာခဏ ထုတ်ဖော်ပြတတ်တာကို သူအစစ်အမှန်ချစ်တဲ့ အမျိုးသမီးကို သီးသန့်ပြုမူလေ့ ရှိပါတယ်။…