rvamyanmar

rvamyanmar

လူငယ်များရဟန်းမင်းကြီးဖရန်စစ်အားလက်ပတ်လက်ဆောင်ပေးခဲ့ကြ

လူငယ်များရဟန်းမင်းကြီးဖရန်စစ်အားလက်ပတ်လက်ဆောင်ပေးခဲ့ကြ ရဟန်းမင်းကြီးဖရန်စစ်သည် ကမ္ဘာ့လူငယ်များနေ့ဖြစ်မြောက်ရေးအတွက်လုပ်အား ပေးခဲ့ကြသူတို့နှင့်တွေ့ဆုံ၍ကျေးဇူးတင်ခဲ့သည်။ ထိုတွေ့ဆုံမှု၌ ယခုလုပ်အားပေးသူများထဲ၌ပါ၀င်သူများအနေဖြင့် အကူ အညီ၊ အခက်အခဲများလိုအပ်နေသူတစ်ဦးထံသို့သွားရောက်လည်ပတ်စေပြီး မိမိလည်ပတ်ခဲ့သောသူ၏အ မည်ကို ‘လက်ပတ်’ တွင်ရေးထိုးထားခိုင်းပြီး ထိုလက်ပတ်ကိုတစ်ပတ်တိတိ (ကမ္ဘာ့လူငယ်များနေ့ကျင်းပသည့်တစ်လျှောက်) ပတ်ထားရန်တိုက်တွန်းခဲ့ပြီး ပုပ်ရဟန်းမင်းကြီးအားဆက်သခြင်းဖြစ်ကြောင်းရှင်းပြခဲ့သည်။ ထို့နောက်အဆိုပါလုပ်အားပေးလူငယ်က အမျိုး သမီးငယ်နှစ်ဦးအားရှေ့သို့ထွက်လာစေကာ တစ်ဦးကရဟန်း မင်းကြီးအား ‘လက်ပတ်’ တစ်ခုကိုရဟန်းမင်းကြီး ၏လက်ကောက်၀တ်၌ချည်ပေးလိုက်သည်။ ထိုအမျိုးသမီး ငယ်က ‘ကျွန်မတို့ဆေးရုံ၊ အကျဉ်းထောင်၊ သက်ကြီးရွယ်အို၊ မကျန်းမမာသူတွေ၊ မသန်စွမ်းတွေကိုစောင့် ရှောက်တဲ့ဂေဟာတွေကိုသွားရောက်ခဲ့တယ်။ အခုလိုပြုလုပ်ရခြင်းက ကျွန်မတို့လည်ပတ်တွေ့ဆုံခဲ့တဲ့သူတွေကိုလည်း ကျွန်မတို့နဲ့အထူရှိစေချင်လို့ပါ။ ဒါပေမယ့်ကာယအားဖြင့်ရှိနိုင်ဖို့ကမဖြစ်နိုင်တာကြောင့် လက်ပတ်တွေအပေါ် သူတို့ရဲ့နာမည်တွေကိုရေးချစေခဲ့တယ်။ အဲ့ဒီနာမည်ပါတဲ့လက်ပတ်ကိုကျွန်တော်၊…

ပုပ်ဖရန်စစ် ကမ္ဘာ့လူငယ်များနေ့အကြောင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ်ဖောက်သည်ပြန်ချ

ပုပ်ဖရန်စစ် ကမ္ဘာ့လူငယ်များနေ့အကြောင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ်ဖောက်သည်ပြန်ချ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသောဘုရားဖူးများနှင့်ဤနေ့ ဩဂုတ်လ ၉ ရက်နေ့၌တွေ့ဆုံခဲ့သည်။ ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ တွေ့ဆုံလေ့ရှိသော်လည်း ဇွန်လ၌အကြီးစားခွဲစိတ်မှုခံယူခဲ့ပြီးနောက် ဇူလိုင်လတစ်လလုံးဤတွေ့ဆုံခြင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့သည်။အဘယ်ကြောင့်ဆိုသော် ကောင်းစွာအနားယူရန်လိုအပ်သကဲ့သို့ ရဟန်း မင်းကြီးသည် နိုင်ငံတကာသို့တမန်တော်ခရီးစဉ်ကြွရန်ဆက်တိုက်ရှိသောကြောင့်လည်းဖြစ်သည်။ ယနေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ရဟန်း မင်းကြီးက ကမ္ဘာ့လူငယ်များနေ့အားသတိတရရှိနေသေး၍ ထိုအကြောင်အရာများကို ကမ္ဘာ့လူငယ်များနေ့သို့ရောက်ခွင့်မကြုံသောဘုရားဖူးများအားပြန်လည်ဖောက် သည် ချပေးခဲ့သည်။ ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပရခြင်းသည် အပျော်သက်သက်၊ ဓာတ်ပုံရိုက်ရုံ၊ ကမ္ဘာ့လူငယ်များနှင့်နေရာသစ်၌တွေ့ဆုံရုံမျှမဟုတ်။ အဓိကရည်ရွယ်ချက်မှာလူငယ်များအနေဖြင့်သာသနာ၏အကျိုးဆောင်ပေးမှုဖြင့် မိမိတို့နှင့်ခရစ္စတူးသခင်တို့တွေ့ထိနိုင်ရန်ဖြစ်ကြောင်းပေါ်တူဂီနိုင်ငံသားများ၏လှိုက်လှဲပျူဌာဖော်ရွေမှုအတွက်လည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးမိန့်ခွန်း၏ကောက်နုတ်ချက်မှာ ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်သည် မကြာမီရက်ပိုင်းကမှ ပေါ်တူဂီသို့တမန်တော်ခရီးကြွသွားပြီး ကမ္ဘာ့လူငယ်များနေ့အခမ်း အနားသို့ပါ၀င်တက်ရောက်ခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏တည်ရှိနေမှု၊ သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်သောခရစ္စတူးသခင်၏၀ိညာဉ်တော်တည်ရှိနေမှုတို့ကိုကျွန်ုပ်၀န်ခံပါသည်။ ထို၀ိညာဉ်တော်သည်…

ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား

ပုပ်ဖရန်စစ်သည်လစ္စဘွန်း၌လူငယ်၊ လူကြီးတို့အား ‘မကြောက်တရား’ ဟောကြား ကမ္ဘာ့လူငယ်များနေ့သည် ဩဂုတ်လ (၁ – ၆) ရက်နေ့အထိကျင်းပခဲ့သည်။ ဤပွဲတော်သို့လာရောက် ကြသော ကမ္ဘာ့နိုင်ငံအသီးသီးမှလူငယ်များသည် လစ္စဘွန်းသို့ကြိုရောက်ရှိနေခဲ့သည်။ ရဟန်းမင်းကြီးဖရန် စစ်မှာမူ ဩဂုတ်လ (၂) ရက်နေ့မှကြွရောက်သွားခဲ့ပြီး (၆) ရက်နေ့မှရောမသို့ပြန်ကြွလာခဲ့ရာ ရဟန်းမင်းကြီးသည် ပေါ်တူဂီနိုင်ငံ၌ (၅) ရက်ကြာသီတင်းသုံးခဲ့ပါသည်။ ရဟန်းမင်းကြီးသည် ထို (၅) ရက်တာအတွင်း ကမ္ဘာအတိုင်းအတာနှင့်ယှဉ်သောဩ၀ါဒများအား လူငယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဆရာတော်များ၊ မကျန်းမာသူများနှင့်အခြားသောအဖွဲ့အစည်းများစွာကိုလည်းမိန့်ကြားခဲ့သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ပေါ်တူဂီသို့ခရီးရောက်မဆိုက် သူ့အားလှိုက်လှဲစွာကြိုဆိုသောအခမ်းအနား၌ ‘အနောက်နိုင်ငံများ မိမိတို့၏မူလဇစ်မြစ်၏တန်ဖိုးဆီသို့ပြန်ဦးလှည့်ကြ’ ဟုတိုက်တွန်းခဲ့သည်။…

ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့

ပုပ်ဖရန်စစ်သည် အစီအစဉ်မရှိဘဲ အသက် (၁၀၆) ရှိအဖွားအိုတစ်ဉီးနှင့်မကျန်းမာ သောအမျိုးသမီးငယ်တစ်ဦးအားတွေ့ဆုံခဲ့ အသက် (၁၀၆) နှစ်ရှိအဖွား၏အမည်ကား Maria da Conceição ဟုခေါ်ပြီး သူ့အနေဖြင့် သူ့ထက်အသက် နှစ် (၂၀) ငယ်ရွယ်သောရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုခဲ့သည်။ သူသည်ပေါ်တူဂီနိုင်ငံလူမျိုးဖြစ်ကာ ဖာတီမာ၌အမိမယ်တော်ထင်ရှားပြသော (၁၉၁၇၊ မေ ၁၃) ရက်နေ့ကမွေးဖွားခဲ့သူဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အဖွား Maria da Conceição အားတွေ့ဆုံပြီးနောက် အသက် (၁၇) နှစ်သာရှိသေးသော Edna အားလည်းတွေ့ဆုံအားပေးခဲ့သည်။ သူမသည်ကျန်းမာရေးအလွန်ဆိုးရွားစွာခံစားနေရသူဖြစ်သည်။ ဇွန်လအကုန်ပိုင်း၌ Edna သည် ရဟန်းမင်းကြီးဖရန်စစ်ထံစာတစ်စောင်‌ရေးသားပေးပို့ခဲ့သည်။…

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက်

(၂၀၂၇) ကမ္ဘာ့လူငယ်များနေ့နှင့်အတူကိုးရီးယားယဉ်ကျေးမှုကိုထိတွေ့ခံစားရန်ကိုးရီးယားဆရာတော်ဖိတ်ခေါ်လိုက် ဩဂုတ်လ (၁ မှ ၆) ရက်နေ့အထိ ပေါ်တူဂီနိုင်ငံ၊ လစ်ဘွန်း၌ကျင်းပသော ကမ္ဘာ့လူငယ်များနေ့၏ ပိတ်ပွဲနေ့၌ ရဟန်းမင်းကြီးဖရန်စစ်မှ လာမည့်တစ်ကြိမ်၌ကမ္ဘာ့လူငယ်များနေ့ကိုလက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံမှာ တောင်ကိုးရီးယားမြို့တော်၊ ဆိုးလ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဆိုးလ်ဂိုဏ်းချုပ်သာသနာ၏သာ သနာပိုင်ဆရာတော် Peter Chung Soon-taek ကလည်း ထိုသတင်းအတွက်၀မ်းသာကြိုဆိုကြောင်းဗာတီကန်သတင်းသို့ဖြေကြားခဲ့သည်။ ဆရာတော်အနေဖြင့် ကမ္ဘာ့လူငယ်များနေ့အား နိုင်ငံသားအားလုံးအ တွက်အခွင့်အရေးကောင်းကြီးတစ်ခုအဖြစ်မြင်ကြောင်း၊ ဘာသာစကားနှင့်ယဉ်ကျေးမှုသည်အနည်းငယ်ကွဲ လွဲ၍ခက်ခဲကောင်းခက်ခဲပေမည်။ သခင်၌၊ ယုံကြည်ခြင်း၌၊ ဆေးကြောခြင်း၌အားလုံသည်ဘုရားသခင်၏ လူမျိုးတော်အတူတူပင်ဖြစ်ကြကြောင်း၊ ကိုးရီးယားနိုင်ငံအနေဖြင့် ကမ္ဘာ့လူငယ်များနေ့သို့ရောက်ရှိလာကြမည့်လူငယ်များအား ကိုးရီးယားလူမျိုး၏ယဉ်ကျေးမှုကိုမတူညီသောအထိအတွေ့များကိုပေးရင်း ခရစ္စတူးသခင်၌တစ်စည်းတစ်လုံးတည်းရှိကြောင်းခံစားမိစေမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။ အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည်

အမေရိကားတွင်ကိုယ်တော်မြတ်စက္ကရာမင်တူးအား လှေဖြင့်ပင့်ဆောင်လှည့်လည်မည် အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်အလယ်ပိုင်း၌ နှစ်စဉ် ဩဂုတ်လ (၁၅) ရက်နေ့၌ ကိုယ်တော်မြတ်စက္ကရာမင်တူးကို လှေငယ်ဖြင့်ပင့်ဆောင်၍ စီတန်းလှည့်လည်ရင်း အမိမယ်တော်အားဂုတ်ပြုလေ့ရှိသည်။ အဆိုပါစီတန်းလှည့်လည်ခြင်းကို Fête-Dieu du Teche ဟုခေါ်ကြသည်။ ယခုနှစ်သည် Louisiana ပြည်နယ်သို့ ပြင်သစ်စကားပြောသောကနေဒါဒေသခံများ Acadiana သို့ရွေ့ပြောင်းခဲ့သည့် (၂၅၈) နှစ်ပြည့်နှစ်ပတ်လည်လည်းဖြစ်သည်။ အမိမယ်တော်သည် Acadiana ဒေသအားမှိုင်းမသောအမိအဖြစ်ဂုတ်ပြုအပ်နှံထား သည်။ ပွဲနေ့မစ္ဆာအား Lafayette သာသနာ ပိုင်ဆရာတော် Douglas Deshotel မှ မယ်တော်ကောင်းကင်ဘုံသို့ပင့်ဆောင်ခံဘွဲ့ခံယူထားသောဘုရားကျောင်းတွင်ပူဇော်မည်ဖြစ်သည်။ လှေငယ်ဖြင့်ကိုယ်တော်မြတ်ပင့်ဆောင်ကြွချီမည့်ရေမိုင်ခရီးသည် (၄၀)…