rvamyanmar

rvamyanmar

ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း

ပုပ်ဖရန်စစ်သည် ဇွဲမလျော့ဘဲကမ္ဘာ့ငြိမ်းချမ်းရေအတွက်ဆုတောင်းရန်ဆက်လက်တိုက်တွန်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရားဖူး (၁၀၀၀၀) တို့နှင့်အတူအန်ဂျေလူးမေတ္တာကိုဆုတောင်းမေတ္တာကိုအတူတကွဆုတောင်းခဲ့သည်။ အမိမယ်တော်ကောင်းကင် ဘုံသို့ဘုန်းတော်ဂုဏ်တော်နှင့်ပင့်ဆောင်ခံရသောပွဲနေ့ကြီး၌ ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရန်အတွက် ရဟန်းမင်းကြီးကအမိမယ်တော်ထံတိုင် တည်အပ်နှံပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးက ငြိမ်းချမ်းရေးအတွက်ဆုတောင်းရာ၌ဆုတောင်းမပြည့်သကဲ့သို့ဖြစ်နေသော်လည်း စိတ်ဓာတ်မကျရန်၊ ခေတ်မှီလူသတ်လက်နက်များ၏အသံဗလံသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကိုလွှမ်းသွားတတ်ကြောင်း၊ ကြီးမားသောခြိမ်း ခြောက်မှုဖိ အားသည် တရားဥပဒေကိုအနိုင်ပိုင်းလိုက်သကဲ့သို့ဖြစ်တတ်ကြောင်း၊ သို့သော်ကျွန်ုပ်တို့သည်စိတ်ဓာတ်မကျဘဲ ဆုတောင်းခြင်း၌မျှော်လင့်ချက်ထား၍ ဆက်လက်ဆုတောင်းကြပါစို့ဟုဘုရားဖူးများအားတိုက်တွန်းခဲ့သည်။ ဗာတီကန်အနေဖြင့် ငြိမ်းချမ်းရေးအတွက်သံတမန်လမ်းကြောင်းဖြင့်ဆက်လက်ကြိုးစားအားထုတ်လုပ်ဆောင်လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်၏တာ၀န်ပေးအပ်ခံထားရသော ကာဒီနယ် Zuppi က ရုရှားနှင့်ယူကရိန်းကြားပေါင်းကူး တံတားတည်ဆောက်နိုင်ရန်အားထုတ်လျှက်ရှိသည်။ ထို့အတူ ဗာတီကန် ၏အတွင်းရေးမှူးသည်လည်း အန်ဂိုလာနှင့်တောင်ဆူဒန်သို့သွားရောက်၍ ဒေသငြိမ်းချမ်းရေးရရှိနိုင်ရေးညှိနှိုင်းဆွေးနွေးပေးလျှက်ရှိသည်။ အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု

အီဂျစ်နိုင်ငံ၌ မယ်တော်၏ဧရာမဆင်းတုတော်ကြီးအားထားရှိခွင့်ကိုအီဂျစ်အစိုးရခွင့်ပြု အီဂျစ်အစိုးရသည် (၉) မီတာရှိသော မယ်တော်မာရီယား၏ဧရာမ ကြေးဆင်းတု တော်ကို Asyut ပြည်နယ်၊ Dronka ဘုရားကျောင်းကြီး၌ထားရှိဖူးမြော်ခွင့်ပြုလိုက်သည်။ ယခုကောင်းချီးပေး၍ထားရှိဖူးမြော် သောမယ်တော်မာရိယာ၏ဆင်းတုတော်သည် အီဂျစ်နိုင်ငံအတွင်း၌အကြီးဆုံးဆင်းတု တော်ဖြစ်ပါသည်။ ဤဆင်းတုတော်ကို ပန်းပုပညာရှင်ပရောဖက်ဆာ Gerges Algawly မှအနုစိပ်၍လက်ရာပြောင်မြောက်စွာထွင်းထုထားသည်။ ပန်းပုပညာရှင်သည် Minia တက္ကသိုလ်၏အနုပညာများဆိုင်ရာအဖွဲ့၏အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ ယခုကဲ့သို့တည်ဆောက်နိုင်ရန် (၂) နှစ်အချိန်ယူခဲ့ရသည်။ ဆင်းတုတော်ကို (၃) နှစ်ကြာထွင်းထုခဲ့ရပြီး မြို့တော်ကိုင်ရိုမှတည်ထားမည့် Asyut မြို့သို့ အပိုင်းလိုက်သယ်ယူပို့ဆောင်ခဲ့ရသည်။ စုံစေ့ပြီးမှသာတစ်ဖန်ပြန်လည်တပ်ဆင်ခဲ့ရသည်။ ယခုကဲ့သို့တည်ထားဖူးမြော်ခွင့်ပြုခြင်းသည် ဘုရားကျောင်သို့လာရောက်ဘုရား ဖူးကြသူများ၊ ဒေသခံများအားကျေနပ်အားရဖွယ်ဖြစ်စေခဲ့သည်။ နှစ်စဉ်…

ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si’’ ဒုတိယပိုင်းကိုရေးသားနေ

ရဟန်းမင်းကြီးဖရန်စစ်သည် ‘Laudato si’’ ဒုတိယပိုင်းကိုရေးသားနေ ‘Laudato si’’ ဟုပြောလိုက်လျှင် ရဟန်း မင်းကြီးဖရန်စစ်၏ ‘သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ’ စာချွန်တော်ဖြစ်သည်ကိုလူတိုင်းနီးပါးသိကြပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် ယခုရက် ပိုင်း၌ မည်သည့်အဖွဲ့အစည်းနှင့်မျှတွေ့ဆုံခြင်းမရှိပေ။ ဤသို့တွေ့ဆုံခြင်းမရှိရသည့်အကြောင်းအရင်းမှာ သူ့အနေ ဖြင့် ‘Laudato si’’ ဒုတိယအပိုင်းရေးသားနေသောကြောင့်ဖြစ်သည်ဟုဥရောပကောင်စီ ၏ရှေ့နေများအဖွဲ့၏ ကိုယ်စားလှယ်နှင့်ခေတ္တတွေ့ဆုံစဉ်မိန့်ကြားခဲ့သည်။ အဆိုပါအဖွဲ့သည်လည်း သဘာ၀ပတ်၀န်းကျင်ထိန်း သိမ်းရေးအတွက်ဥပဒေပြုရေးလုပ်ငန်းစဉ်နှင့်အကြားသောလျှို၀ှက်လုပ်ငန်းစဉ်များကိုလည်းလုပ်ဆောင်နေသောအဖွဲ့အစည်းဖြစ်သည်။ ၄င်းတို့အဖွဲ့အစည်း၏လုပ်ဆောင် ချက်များအတွက်ရဟန်းမင်းကြီးဖရန်စစ်ကချီးကျူးစကားမိန့်ကြားခဲ့ပြီး သာသနာအတွင်း၌လည်းလျှို၀ှက်ချက်များကိုကာကွယ်ရမည့်အရာများလည်းရှိ ကြောင်း ဥပမာအားဖြင့်အာပတ်ဖြေခြင်းစက္ကရာမင်တူးမှရသောအချက်အလက်များသည်ထုတ်ဖော်ပြော၍မ ရဘဲကာကွယ်ရမည်ဖြစ်သည်။ တစ်ဆက်တည်း၌ပင် ရဟန်းမင်းကြီးက လက်ရှိခေတ်ရေစီးကြောင်း၌ လူ့ဂုဏ်သိက္ခာများအားခြိမ်းခြောက်သော အတွေးအခေါ်အယူအဆများလည်းရှိကြောင်း လူ့ဂုဏ်သိက္ခာသည် သူ၏အစမူလဇစ်မြစ် (ဖန်ဆင်းရှင်)…

ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ

ပြန်ပေးဆွဲခံဘုန်းတော်ကြီးနှင့်ရဟန်းလောင်းကိုရင်များပြန်လည်လွတ်မြောက်လာကြ နိုင်ဂျီးရီးယားနိုင်ငံသည် ခရစ်ယာန်များအတွက်အသက်အန္တရယ်လွန်စွာရှိသောနိုင်ငံဖြစ်သည်။ ခရစ်ယာန်ဟုဆိုလိုက်လျှင် ခရစ်ယာန်ဘာသာတူများကိုသာဆိုလိုသည်မဟုတ်။ သာသနာ့အမှုထမ်းများဖြစ်သော ဘုန်းကြီး၊ ရဟန်းလောင်းကိုရင်၊ သီလရှင်များကိုလည်းညွှန်းဆိုလိုပါသည်။ ၄င်းတို့အတွက်လည်းမလုံခြုံပေ။ မကြာခဏသတ်ဖြတ်ခံရ၊ ပြန်ပေးဆွဲခံရ၊ ဖမ်းဆီးထိန်းသိမ်းထားခံရသည့်အဖြစ်မျိုးနှင့်ကြုံနေရသည်။ ဩ ဂုတ်လ (၂) ရက်နေ့ကလည်း နိုင်ဂျီးရီးယားနိုင်ငံ ဂိုဏ်းအုပ်သာသနာတစ်ခုမှကက်သလစ်ဘုန်းတော်ကြီး (၁) ပါးနှင့်ရဟန်းလောင်းကိုရင် (၁) ပါးတို့ပြန်ပေးဆွဲခံခဲ့ရသည်။ သူတို့ (၂) ပါးသည်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသောအဖြစ်ဆိုးနှင့်ကြုံသော်လည်း ကျန်းမာလျှက်ရှိသည်ဟုအာဖရိကသာသနာပြုသတင်းအရင်း အမြစ်ကဆိုပါသည်။ ဖမ်းဆီးခံရသူများမှာ တန်ဇားနီးယားနိုင်ငံမှရဟန်းလောင်းကိုရင် Melchior Mahinini နှင့်မာလီနိုင် ငံသားဖြစ်သော ဖာသာရ် Paul Sanogo တို့ဖြစ်ကြသည်။ ၄င်းတို့သည် လွန်ခဲ့သော…

ဖာသာရ် Peter ကြည်မောင် (မန္တလေး)  (၂၁) ကြိမ်မြောက်သာမန်သီတင်းပတ် တနင်္လာနေ့ ဩဝါဒ ၂၈၊ ၈၊ ၂၀၂၃

ဩဂုတ်လ ၂၈ .၂၀၂၃ (ရှင်မာတေဦး ၂၃ဂ၁၃-၂၂) ဓမ္မမိတ်ဆွေတို ဒီကနေ့ကြားနာခဲ့ရသော ရှင်မာတေဦး  ဧဝံဂေလိ ကျမ်း အခန်းကြီ ၂၃:၁၃-၂၂ မှာ သခင်ခရစ်တော်ကက  “လျှို့ဝှက် ဟန်ဆောင်သော၊ ကျမ်းပြုဆရာ၊ ဖာရိ‌ဇေဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” သင်သည် လူသားများရှေ့တွင် ကောင်းကင်နိုင်ငံတော်ကို သော့ခတ်ထားကြတယ်။ သင်ကိုယ်တိုင်လဲမဝင်၊ ဝင်ရန်ကြိုးစားသူများကို ဝင်ခွင့်မပြုကြ။ လျှို့ဝှက်သော ဟန်ဆောင်သော ကျမ်းပြုဆရာ၊ ဖာရိ ဇေဦးတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ သင်တို့သည် လူအများကို မိမိတို့ကိုးကွယ်ယုံကြည်ရာထဲးသို့ ပြောင်းလဲဝင် ရောက်လာစေခြင်းငှာ ပင်လယ်နှင့် ကုန်းမြေကို ဖြတ်ကျော်ကာ၊ သွားယောက်ဟောပြောကြသောလဲး…

ဖာသာရ် Augustine တင်မောင်ထွန်း (မန္တလေး) ၂၁ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့ ဩဝါဒ ၂၇၊ ၈၊ ၂၀၂၃

သာမန်ကာလ (၂၁)ကြိမ်မြောက်တနင်္ဂနွေနေ့ရှင်မာတေဦး ၁၆း၁၃ – ၂၀ယေဇူးဘုရားက သူ့ရဲ့တရားတော်ကို ကမ္ဘာမြေကြီးပေါ်မှာ အစဉ်အမြဲတည်တံ့ခိုင်မြဲစေဖို့သူ့ရဲ့အသင်းတော်ကို တည်ထောင်တော်မူပါတယ်။ လူတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းတော်အတွက်ဘုရားသခင်ရဲ့တရားတော်အတိုင်း တည်မြဲစေဖို့ စိတ်ချရတဲ့ ခေါင်းဆောင်ကောင်းကိုခန့်အပ်တော်မူပါတယ်။ အဲဒီ ခေါင်းဆောင်ကတော့ ယုံကြည်ခြင်းထက်သန်တဲ့ တပည့်တော်ကြီးရှင်ပေတရူးဖြစ်ပါတယ်။ အသင်းတော်မှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံမှာပဲ ဖြစ်ဖြစ်ခေါင်းဆောင်ကောင်းက အရေးကြီးလှပတယ်။ နိုင်ငံတစ်နိုင်ငံမှာ အုပ်ချုပ်သူခေါင်းဆောင် ကောင်းရင်အဲဒီ နိုင်ငံကလူတွေ စားဝတ်နေရေး အဆင်ပြေမယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမယ်။ပညာတတ်တွေ ပေါများပြီး အနာဂတ်နိုင်ငံတော်အတွက် စိတ်အေးရမယ်။ ငြိမ်းချမ်းသာယာမယ်။ဥပမာ စင်္ကာပူနိုင်ငံကို ဆင်းရဲတဲ့နိုင်ငံမှ ချမ်းသာတဲ့နိုင်ငံဖြစ်အောင် (၅)…