rvamyanmar

rvamyanmar

July (1) စိန့်ဂျိုနီပယ်ရိုစဲရာ ပွဲနေ့ (St. Junípero Serra)

July (1) #စိန့်ဂျိုနီပယ်ရိုစဲရာ ပွဲနေ့ (St. Junípero Serra) စိန့် ဂျိုနီပယ်ရို စဲရာသည် (၁၇၁၃)ခုနှစ်၊ နိုဝင်ဘာလ၊ (၂၄) ရက်နေ့တွင် စပိန်နိုင်ငံ၊ မာဂျိုကာကျွန်း၌ မွေးဖွားခဲ့သည်။ ပါဒရေ စဲရာဟု ချစ်စနိုးခေါ်ခဲ့ကြသည်။ ဖရန့်စစ်ကင်အသင်းဂိုဏ်းကို (၁၇၃၀)ခုနှစ်တွင် ဝင်ရောက်ခဲ့ပြီး၊ ထူးချွန်ထက်မြက်သော ကျောင်းသားတစ်ဦးဖြစ်ခဲ့သည်။ သူသည် ရဟန်းသိက္ခာ မခံယူခင်ကပင် ဒဿနိကဘာသာရပ်၏ စာချပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံရသည်။ ပညာပါရမီပြည့်ဝသူ တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် မျှော်လင့်အားထားရသောသူ တစ်ယောက်လည်း ဖြစ်သည်။ PhD ဘွဲ့ကို ရရှိသည့်နောက်ပိုင်းတွင် သူသည် စာများကို…

ဇွန်လ (၃၀) သန့်ရှင်းသောပထမဓမ္မအာဇာနည်များနေ့

Wednesday, July 01, 2020 အေဒီ ၆၄ ခန့်က နီရိုဘုရင်လက်ထက်မှာ ခရစယာန်တွေကို မဟုတ်မမှန် အမျိုးမျိုးစွပ်စွဲပြီး ရက်စက်စွာ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ခဲ့ကြတယ်။ ဘုရားရှင်၊ သခင်ယေဇူးကိုယ်တိုင် တည်ထောင်ခဲ့တဲ့ အမိအသင်းတော်ကြီးကတော့ ဘယ်လောက်ပဲ လူတွေဖျက်စီးပစ်ဖို့ အမျိုးမျိုးကြိုးစားနေကြပေမယ့် ယနေ့တိုင် ယုံကြည်ခြင်းအပြည့်နဲ့ မားမားမတ်မတ် ရပ်တည်နေဆဲပါ။ ယုံကြည်သူ ဓမ္မအာဇာနည်တွေရဲ့ သွေးစက်တွေက အမိအသင်းတော်ကြီးရဲ့ မျိုးစေ့သဖွယ် ဖြစ်တာကြောင့်နှိပ်စက်ညှဉ်းပန်းမှုများလာလေအသင်းတော်ရဲ့ယုံကြည်ခြင်းခိုင်မာလာလေ ဖြစ်ပါတယ်။ ဒီအချက်က အခြားဘာသာတွေကြားမှာ လူနည်းစု ဘာသာအဖြစ် တည်ရှိနေတဲ့ ခရစ်ယာန်မိသားစုတွေအတွက် သူတို့ရဲ့ ယုံကြည်ခြင်းမှာ ခွန်အားတွေ…

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့  (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁) 

စိန့်အလွိုင်ရှပ်စ်ဂွန်ဇာဂါပွဲနေ့  (St. Aloysius Gonzaga, SJ) ဇွန်လ (၂၁)  စိန့်အလွိုက်ရှပ်စ်ဂွန်ဇာဂါသည် လူငယ်များ၊ ကျောင်းသူ/သားများနှင့် ရောဂါသည်များကို စောင့်ရှောက်သည့် ရဟန္တာဖြစ်သည်။ သူသည် ၁၅၆၈ခုနှစ်၊ အီတလီနိုင်ငံမြောက်ပိုင်းရှိ မင်းမျိုးမင်းနွယ် မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ငယ်နာမည်မှာ လွီဂျီဖြစ်သည်။ ဖခင်စစ်ဗိုလ်ကြီး၏ အလိုအရ ၅နှစ်အရွယ်ကပင် စစ်ပညာကို စတင်သင်ယူခဲ့ရပြီး စစ်သားများ၏ ကြမ်းတမ်းသည့် စရိုက်ကို အတုယူခဲ့သော်လည်း ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသည့် မိခင်ကြောင့် ဖြူစင်သည့် ဘ၀ကို အလွိုင်ရှပ်စ် ပိုမြတ်နိူးခဲ့သည်။ ထို့ကြောင့် အစာရှောင် ဆုတောင်းခြင်း၊…

ဇွန်လ (၂၀)#စိန်အာဗန်ပွဲနေ့ (St. Alban)

ဇွန်လ (၂၀)#စိန်အာဗန်ပွဲနေ့ (St. Alban) စိန့်အာဗန်သည် ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံး ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ သူ့ဘဝအစောပိုင်းတွင် ပညာတတ်သော်လည်း ဘုရားသခင်ကို မယုံကြည်သည့် ဒိဋ္ဌိတစ်ယောက်ဖြစ်သည်။ သူ၏ ယုံကြည်ခြင်း သမိုင်းမှာ အလွန်စိတ်ဝင်စားဖွယ် ကောင်း၏။ ထို့အပြင် သူ့ကို ဘာသာပြောင်းသူများနှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသူတို့၏ အားကိုးရသော ရဟန္တာတစ်ပါးအဖြစ်လည်း လူသိများသည်။ အာဗန်ငယ်စဥ်က ရောမမြို့သို့ သွားလည်ပတ်ပြီး ရိုမများထံမှ ပညာမျိုးစုံကို သင်ယူခဲ့သည်။ သူသည် အလွန် ဖော်ရွေကာ ဆက်ဆံရေးကောင်းသူဖြစ်သောကြောင့် သူ့ကိုယုံကြည်၊ ချစ်ခင်သူပေါများခဲ့သည်။ သူ၌ရှိသည့်…

ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့ Blessed Thomas Woodhouse, SJ ( 1535- 1573)

ဇွန်လ (၁၉) #သူတော်စင်_သောမတ်စ်၀ူးဟောက်စ်ပွဲနေ့Blessed Thomas Woodhouse, SJ ( 1535- 1573) *သူတော်စင် သောမတ်စ်၀ူးဟောက်စ် သည် အင်္ဂလန်ဘုရင်မနှင့် ကက်သလစ်အသင်းတော်အကြား ပဋိပက္ခ ပထမဦးဆုံး အသတ်ခံရသည့် ဓမ္မအာဇာနည် တစ်ပါးဖြစ်သည်။ အင်္ဂလန်တွင် ဘုရင်မ အဲလစ်ဇဘက် မတိုင်မီက ၀ူးဟောက်စ်၏ ဘ၀အကြောင်း အနည်းငယ်သာ သိရ၏။သူသည် အင်္ဂလန်နိုင်ငံသား ဖြစ်ပြီး ၁၅၅၈ခုနှစ်ခန့်တွင် ကက်သလစ် ရဟန်းသိက္ခကို ခံယူခဲ့သည်။ ထို့အချိန်၌ အင်္ဂလန်နိုင်ငံကို ကက်သလစ်ဘုရင်မ မေရီတူသော် အုပ်ချုပ်ခဲ့သည်။ သို့သော် ပထမကြိမ်မြောက် ဘုရင်မ…