စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

စိန့်ဂျွန်ဗီအားနေ၏အသက်တာကောင်းကိုစံပြုရှင်သန်ရန်ရဟန်းမင်းကြီးဖရန်စစ်တိုက်တွန်း

အမိသာသနာတော်ကြီးသည် နှစ်စဉ် ဩဂုတ်လ (၄) ရက်၌ စိန့်ဂျွန်ဗီအားနေ၏ပွဲနေ့ကိုအမှတ်ရကျင်းပလေ့ရှိသည်။ သူသည် ပြင်သစ်နိုင်ငံမှ သာသနာပိုင်ရဟန်းတစ်ပါးဖြစ်သည်။ သူ့အားကမ္ဘာ ပေါ်ရှိရဟန်းတော်များစံထားရသောရဟန္တာအဖြစ်လည်းကောင်း၊ ရဟန်းတော်များအားမှိုင်းမသောရဟန္တာအဖြစ်လည်းကောင်း ဂုတ်ပြုထားသည်။
အဆိုပါရဟန္တာ၏ပွဲနေ့မတိုင်မီတစ်ရက်အလို ဩဂုတ်လ (၃) ရက်၊ စနေနေ့၌ ရဟန်းမင်းကြီးဖရန်စစ်သည် စပိန်နိုင်ငံ၊ Getafe ရှိ ‘ Our Lady of the Angels’ (သိကြားတမန်တော်တို့၏သခင်မ) ရဟန်းဖြစ်တက္ကသိုလ်မှရဟန်းလောင်းကိုရင်တို့ကို ဗာတီကန်၌လက္ခံတွေ့ဆုံခဲ့သည်။ ထိုနေ့သည် ၄င်းတို့၏ရဟန်းဖြစ်တက္ကသိုလ်တည်‌ထောင်ခြင်းနှစ် (၃၀) ပြည့်နှစ်ပတ်လည်နေ့လည်းဖြစ်ပြီး ထိုနေ့ကိုအမှတ်ရဂုဏ်ပြုသည့်အနေဖြင့် စိန့်ပီတာနှင့်စိန့်ပေါလ်တို့၏အုတ်ဂူသို့သွားရောက်ဖူးမြှော်ဂါရပြုဆုတောင်းခဲ့ကြသည်။

ရဟန်းတော်တို့အားမှိုင်းမသောရဟန္တာအားနားစွင့်ထောင်ကြလော့ (Heed the example of the patron of parish priests)

ရဟန်းမင်းကြီးဖရန်စစ်သည် အဆိုပါရဟန်းလောင်းကိုရင်များအား လှိုက်လှဲနွေးထွေးစွာကြို ဆိုပြီး ကျေးဇူးတင်ကြောင်း၊ ယခုကဲ့သို့ဘုရားဖူးခရီးစဉ်သည် ရဟန်းလောင်းကိုရင်များအား လာမည့်နှစ် (၂၀၂၅) ခုနှစ်၊ သန့်ရှင်းသောဂျူဗလီနှစ်ကိုကြိုတင်ပြင်ဆင်ရာလည်းရောက်ကြောင်း၊ ရဟန်းဘောင်သို့ခေါ်တော်မူခြင်းသည် လွန်စွာကြီးမားသောလက်ဆောင်မွန်ဖြစ်ကြောင်း၊ သင်တန်းကာလအတွင်း၌ စိန့်ဂျွန်ဗီအားနေ၏အသက်တာကိုစံထားရှင်သန်ရန်မမေ့သင့်ကြောင်း၊ သူသည် ကျောင်းထိုင်ဘုန်းတော်ကြီးများအား မှိုင်းမသောရဟန္တာလည်းဖြစ်ကြောင်း၊ သူသည် ဘုရားသခင်နှင့်သူ၏ဘာသာတူသိုးစုများအတွက်လုံး၀ဥသုန် ဆက်ကပ်အပ်နှံရှင်သန်ခဲ့သည့် လွန်စွာသတင်းကျော်ဇော်ခဲ့သောပြင်သစ်နိုင်ငံမှကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။ သူ့အား ‘theCuré d’Ars’ (အားစ်မြို့၏ကျောင်းထိုင်) ဟုလူသိများ ကင်ပွန်းတပ်ကြသည်။ သူ၏အသက်တာ၌ ယေဇူးသခင်သူ့နောက်လိုက်များအားပြသခဲ့သောချစ်ခြင်းမျိုးကိုကျင်းကြံရှင်သန်ပြခဲ့သူဖြစ်သည်။

ယေဇူးသခင်သည်ကောင်းသောသိုးထိန်းဖြစ်သကဲ့သို့ သင်တို့လည်းအခြားသောပုံစံဖြင့်သိုး ထိန်းဖြစ်နေခြင်းထက် ယေဇူးသခင်ကဲ့သို့ဖြစ်နိုင်ရန်ကြိုးစားရန်၊ နောက်လိုက်ကောင်းဖြစ်ရန်တိုက်တွန်းပြီး ရဟန်းမင်းကြီးမှရဟန်းလောင်းကိုရင်များ ခါး၀တ်ပုဆိုးနှယ်မြဲမြံစွာဆုတ်ကိုင်ထားရမည့်အခြေခံကျလှသည့် ကျင့်စဉ် (၄) ခုကိုလည်းချပြပေးခဲ့သည်။ ထိုအခြေခံအချက် (၄) ချက်ကား (၁) ၀ိညာဉ်ရေးအသက်တာ (၂) ပညာရေး (၃) အသင်းအဖွဲ့နှင့်နေထိုင်သည့်အသက်တာနှင့် (၄) တမန်တော်လုပ်ငန်းနှင့်ဆိုင်သောအမှုတော်များအကြောင်းဖြစ်ပါသည်။

သင်တို့၏ဘ၀တစ်ခုလုံးကို ဘုရားသခင်၊ ချို့တဲ့နွမ်းပါးသူများနှင့်ဖယ်ကျင်ခံများအတွက်ဆက်ကပ်အပ်နှံပါ (Devote yourselves to God, the poor and the excluded)
ရဟန်းလောင်းကိုရင်ဘ၀၌ ဤအချက်‌ (၄) ချက်ကိုသဟဇာတမျှမျှဖြင့်ထိန်းချုပ်လုပ်ဆောင်နိုင်ရန်မှာ အခရာကျကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယေဇူးသခင်နှင့်သာသနာတော်ကြီးသည် သင်တို့အားသို့သော် သိုးထိန်းဖြစ်ရန်ကိုသာမျှော်လင့်နေကြကြောင်း၊ ပထမဦးစွာသမာဓိရှိနှင့်ခေါ်တော်မူခြင်းခံဘ၀ ကိုရက်ရောစွာတုန့်ပြန်ရန်၊ နားထောင်၊ ခွင့်လွှတ်ရန်အသင့်ရှိပြီး၊ ဘုရားသခင်နှင့်သင်တို့၏ညီအစ်ကိုမောင်နှ မများအတွက် ပြည့်၀စွာလုံး၀ဥသုန်ရှင်သန်ရန်၊ အထူးသဖြင့်ဒုက္ခ‌ေ၀ဒနာတွေ့ကြုံခံစားနေရသူများ၊ ချို့တဲ့နွမ်းပါးသူများ၊ လူ့အသိုင်းအ၀ိုင်းမှဖယ်ကျင်ခံထားရသူများအတွက်ရှင်သန်ရန်ပြတ်သားစွာဆုံးဖြတ်ချက်ချ ထားရမည်။

ယေဇူးသခင်သည် သင်တို့တစ်ဦးစီ၏ဘ၀၌ဗဟိုချက်မဖြစ်စေကြပါ။ သင်တို့၏နှလုံးများကိုလည်း သူနှလုံးတော်နှင့်တူနိုင်သမျှတူအောင်ထုဆစ်ပုံဖော်ကြပါ။ သူ၏နှလုံးတော်နှင့်နီးကပ်စွာထားရှိရှင် သန်ကြပါ။ သင်တို့ရဟန်းဖြစ်တက္ကသိုလ်အားမှိုင်းမသော သိကြားတမန်တော်တို့၏မယ်တော်သည်လည်း သင်တို့အဖို့ကြား၀င်ဆုတောင်းပေးပါစေကြောင်းနှင့်သင်တို့၏ရဟန်းဘောင်သို့လျှောက်လှမ်းမည့်ခရီးလမ်း၌ အ‌ဖော်အဖြစ်အတူလျှောက်လှမ်းပါစေကြောင်းရဟန်းမင်းကြီးမှဆုတောင်းပေးရင်းနိဂုံးချုပ်ခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားသယ်

https://bitly.cx/VaE8Y

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *