ရဟန်းမင်းကြီးဖရန်စစ်အင်ဒိုနီးရှားသို့ကြွရောက်ခြင်းသည် နိုင်ငံအတွက်ကောင်းချီးတော်ဖြစ်သည်ဟုကာဒီနယ် Suharyo ကပြောကြား

ရဟန်းမင်းကြီးဖရန်စစ်အင်ဒိုနီးရှားသို့ကြွရောက်ခြင်းသည် နိုင်ငံအတွက်ကောင်းချီးတော်ဖြစ်သည်ဟုကာဒီနယ် Suharyo ကပြောကြား

ရဟန်းမင်းကြီးဖရန်စစ်သည် အင်ဒိုနီးရှားနိုင်ငံ၏မြို့တော်၊ ဂျာကာတာ၌ စက်တင်ဘာလ (၃ – ၆) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်အင်ဒိုနီးရှားသို့ကြွရောက်ခြင်းကို ကက်သလစ်ဘာသာ၀င်များကသာ လှိုက်လှဲ၀မ်းသာစွာကြိုဆိုခြင်းမဟုတ်ဘဲ အခြားသောဘာသာ၀င်များမှညီအစ်ကိုမောင်နှမများလည်းစိတ်အားထက်သန်နေကြသည်။
နိုင်ငံတော်အစိုးရနှင့်အင်ဒိုနီးရှားနိုင်ငံမှကက်သလစ်ဆရာတော်ကြီးများက ရဟန်းမင်းကြီးဖရန်စစ်၏တမန်တော်ခရီးကြွရောက်မည့်အကြောင်းကို တရား၀င်မကြေညာမည်ကပင် အင်ဒိုနီးရှားနိုင်ငံရှိ ကမ္ဘာပေါ်၌အကြီးဆုံးဗလီလည်းဖြစ်သော Istiqlal (ဗလီ၏အနက်ကား လွတ်လပ်ခြင်းနှင့်လွတ်မြောက်ခြင်းဟုဖြစ်သည်။) ဗလီမှဘာသာရေးဆရာကြီးအီမန်ကပင်လျှင် ကယ်သီဒရယ်ကျောင်း၀င်းအတွင်းကျင်းပသော ညှိနှိုင်းဆွေးနွေးရေးအစီအစဉ်၌ပင်အသိပေးပြောကြားလိုက်ပြီဖြစ်သည်။

ကယ်သီဒရယ်ဘုရားကျောင်းကြီးသည် Istiqlal ဗလီနှင့်မလှမ်းမကမ်းတွင်တည်ရှိပြီး အင်ဒို နီးရှားနိုင်ငံ၏ သက်၀င်ယုံကြည်မှုမတူသော်လည်း သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်နေသည့်ပြယုဂ်တစ်ခုရေးထိုးထားဘိသကဲ့သို့ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအတွင်း၌ သက်၀င်ယုံကြည်မှုမတူသောဘာသာရေး၊ ယဉ်ကျေးမှု၊ လူမျိုးစု၊ နောက်ခံသမိုင်းကြောင်းများရှိသည်။

ရဟန်းမင်းကြီးဖရန်စစ်၏ နိုင်ငံသို့ကြွရောက်လာခြင်းအတွက်လွန်စွာနှစ်ထောင်းအားရသည်။ ဗာတီကန်၏အကြီးအကဲတစ်ဦးအဖြစ် ရဟန်းမင်းကြီးသည် နိုင်ငံတော်သမ္မတနှင့်လည်းကောင်း၊ ဗာတီကန်နှင့်သံတမန်ဆက်ဆံရေးရှိသည့်နိုင်ငံများ၏သံအမတ်များနှင့်လည်းကောင်း၊ လက်ရှိအစိုးရအဖွဲ့၀င်များနှင့်လည်းကောင်း ရင်းနှီးစွာတွေ့ဆုံမည်ဖြစ်သည်။
ရဟန်းမင်းကြီးသည် အင်ဒိုနီးရှားနိုင်ငံအတွင်း၌ သာသနာပြုနေကြသော ဂျက်ဆွီစ်အသင်း ၀င်များနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ ၄င်းနောက် နိုင်ငံ၏ဗလီကြီးဖြစ်သော Istiqlal သို့လည်းကောင်း၊ ၄င်းနှင့်မလှမ်းမကမ်း၌ရှိသည့် ဂိုဏ်းချုပ်ဆရာတော်သီတင်းသုံးသော ကယ်သီဒရယ်သို့လည်းကောင်း၊ ယနှစ်မှ ရာပြည့်ပွဲဆင်နွှဲထားသော အင်ဒိုနီးရှားကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ရုံးသို့လည်းကောင်းကြွ ရောက်ပြီး ထိုနေရာ၌ မသန်စွမ်းသူများ၊ မကျန်းမမာသူများအား ရဟန်းမင်းကြီးမှကောင်းချီးပေးကာ ရင်းနှီးစွာနှုတ်ဆက်မည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်နိုင်ငံအတွင်း သီတင်းသုံးသောရက်တိုအတွင်း၏ ပြည်သူတို့၏စိတ် ၀င်စားမှုအမြင့်ဆုံးမှာ Bung Karno အားကစားရုံ၌ ဘာသာတူ (၇) သောင်းနှင့်အတူမစ္ဆားတရားပူဇော်ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်၏မစ္ဆားတရားပူဇော်ခြင်း၌ အခြေအနေအမျိုးမျိုးကြောင့် ကိုယ်တိုင်မပါ ၀င်မပူဇော်နိုင်သောသူများအတွက် မိမိတို့၏ကျောင်းထိုင်သီတင်းသုံးသောသာသနာအုပ်စုငယ်ရှိဘုရားကျောင်းများမှ လူမှုကွန်ရက်ဖြင့်လည်းတိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်မည့်အစီအစဉ်ဖြစ်မြောက်ရေးကော်မတီအနေဖြင့် ယခု ကဲ့သို့ကြွရောက်ခြင်းကို သမိုင်းသွင်ကျန်ရစ်နိုင်စေရန်အကောင်းဆုံးစီစဉ်ထားသည်။ ရဟန်းမင်းကြီး၏ကြွရောက်ခြင်းသည် အင်ဒိုနီးရှားနိုင်ငံအတွက်ကောင်းချီးတော်တစ်ပါးဖြစ်သကဲ့သို့ အထူးသဖြင့် အင်ဒိုနီးရှားနိုင် ငံအတွင်းရှိ ကက်သလစ်ဘာသာတူများအဖို့အတိုင်းထက်အလွန်ကြီးမားထူးခြားသောကောင်းချီးပင်ဖြစ် သည်။

ရဟန်းမင်းကြီးအင်ဒိုနီးရှားသို့ကြွရောက်မည့်သတင်းကိုတရား၀င်ကြေညာပြီးနောက် နိုင်ငံတစ်၀ှမ်းရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းများ၌ ရဟန်းမင်းကြီး၏ ဤ (၄) နိုင်ငံခရီးစဉ် အစ၊ အလယ်၊ အ ဆုံး ကျန်းမာမာစွာဖြင့်ပြီးဆုံးနိုင်စေရန်ဆုတောင်းခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဗာတီကန်မှအင်ဒိုနီးရှားသို့အရောက်လေကြောင်းခရီးသည် လွန်စွာ‌ေ၀းလံလှသည်။ ရဟန်းမင်းကြီးသည်အသက်အရွယ်လည်းရနေပြီဖြစ်သည်။ ဒေသအချိန်များကွာဟမှုများလည်းများစွာရှိသည်။

ရဟန်းမင်းကြီးဖရန်စစ် အင်ဒိုနီးရှားနိုင်ငံသို့ကြွရောက်မည့်အကြောင်းတရား၀င်ကြေညာရန် အတွက် အင်ဒိုနီးရှားနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက္ကဌဖြစ်သော ဆရာတော် Antonius Subanto Bunyamin နှင့်အတူစိတ်လှုပ်ရှားစွာကြေညာခဲ့ပါသည်။ ထိုကြေညာချက်နှင့်အတူ ကျွန်ုပ်အနေဖြင့် သတင်းစကား (၂) ခုပါးခဲ့သည်။ ပထမဦးဆုံးသတင်းစကားမှာ ရဟန်းမင်းကြီးကျွန်ုပ်တို့နိုင် ငံသို့ကြွရောက်ခြင်းသည် အမှန်တကယ်အရေးကြီးသည်။ ထိုအချက်နှင့်တစ်ဆက်တစ်စပ်တည်းအရေးသည် မှာ သူမိန့်ကြားမည့်ဩ၀ါဒကိုအလေးအနက်ထားဆင်ခြင်ရန်နှင့်သူ၏အသက်တာကိုစံပြုကြရန်ဖြစ်ပါသည်။
ရဟန်းမင်းကြီး၏ကြွရောက်ခြင်းကိုကြိုဆိုသောအားဖြင့် သူနှင့်ပတ်သက်သောအကြောင်းအ ရာများကိုရေးသားထုတ်‌ေ၀မှုများလည်းရှိကြောင်း၊ အချို့ပုံနှိပ်ထုတ်‌ေ၀မှုများသည် ဘာသာပြန်များဖြစ်ကြသည်။ အချို့သည်သူ၏ဘ၀အကြောင်းတစ်စေ့တစ်စောင်း၊ အချို့သည် သူ၏ဩ၀ါဒအချုပ်ကိုပုံနှိပ်ထုတ် ‌ေ၀မှုများရှိသကဲ့သို့ လူတန်းစားအလွှာအသီးသီးမှရဟန်းမင်းကြီးထံရေးသားပေးပို့ထားသောစာ အစောင် (၅၀၀) ကျော်လည်းလက္ခံရရှိထားသည်။ ဤစာများကိုရေးသားထုတ်‌ေ၀သူများ၊ ရေးသားပေးပို့သောသူများအနေဖြင့် ၄င်းတို့၏ရင်ထဲမှအကြောင်းအရာ၊ ခံစားချက်များကိုရဟန်းမင်းကြီး၏နှလုံးသားထဲ၌လည်းကျန်ရှိ နေစေရန်နှင့်ရဟန်းမင်းကြီးမှ၄င်းတို့၏ရင်ဖွင့်သံ၊ အခက်အခဲ၊ ပြဿနာ၊ ရုန်းကန်နေရမှုများအတွက်ဆု တောင်းပေးစေရန်လည်းဖြစ်သည်။

လက်ရှိ၌ အင်ဒိုနီးရှားနိုင်ငံ၏ဗာတီကန်သံအမတ်လည်းဖြစ်၊ အကြီးတန်းသတင်းသမားလည်းဖြစ်သော Michael Trias Kuncahyono သည်လည်း စိတ်၀င်စားဖွယ်ကောင်းသောစာအုပ်တစ်အုပ်ကိုရေးသားထားသည်။ ရဟန်မင်းကြီးဖရန်စစ်၏ကြွရောက်မည့်သတင်းသည် နိုင်ငံအတွင်းမှမီဒီယာများ၌ လည်းလွန်စွာလူပြောများနေသောသတင်တစ်ပုဒ်ဖြစ်နေသည်။ ရဟန်းမင်းကြီးမိန့်ကြားခဲ့သောဩ၀ါဒ၊ မိန့် ခွန်းများနှင့်စပ်လျင်း၍လည်း ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဘာသာရေးအသိုင်းအ၀ိုင်းအတွင်းမှ နှံ့စပ်ကျွမ်းကျင်ပညာရှင်များအားဖိတ်ခေါ်၍ ဆွေးနွေးရှင်းလင်းမှုများပြုလုပ်ခဲ့သည်။

ဒုတိယသတင်းစကားမှာ လူအတော်များများသည် စိတ်ပျက်မိကြမည်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် တစ်မှတစ်ခါသာဖြစ်လောက်သော ရဟန်းမင်းကြီးမိမိတို့နိုင်ငံသို့ကြွရောက်သော်လည်း ကိုယ်တိုင်ကိုယ်ကျမတွေ့ဆုံနိုင်ခြင်း၊ အ‌ေ၀းမှပင်မိမိတို့၏မျက်စိမဖူးနိုင်ခြင်းကြောင့်ဖြစ်ပါသည်။ ထို့ ကြောင့် ဂျာကာတာဂိုဏ်းချုပ်သာသနာအတွင်းရှိဘုရားကျောင်းများအားလုံး ရဟန်းမင်းကြီးပူဇော်သောမစ္ဆားတရားကိုတိုက်ရိုက်ထုတ်လွှင့်ပြီး တိုက်ရိုက်မစ္ဆားပါ၀င်ပူဇော်ကာ ကိုယ်တော်မြတ်ပင့်ယူချိန်၌လည်း မိမိတို့ရှိနေသောဘုရားကျောင်းများ၌ပင် ကိုယ်တော်မြတ်ကိုပင့်ယူနိုင်ရန်စီစဉ်ထားပေးသည်။

ရဟန်းမင်းကြီးကြွရောက်ရခြင်း၏ဦးတည်ချက်ကို စကားလုံး (၃) လုံးဖြင့်ဖွဲ့စည်းထားသည်။ ၄င်းတို့မှာ ‘faith — fraternity — and compassion’ (ယုံကြည်ခြင်း၊ ညီအစ်ကိုရင်းချာစိတ်မွေးခြင်း၊ စာ နာခြင်း) တို့ဖြစ်ကြသည်။ ဤစကားသုံးလုံးသည် အင်ဒိုနီးရှားနိုင်ငံအတွင်း ကက်သလစ်သာသနာတော်ကြီးအရှိန်အဟုတ်ဖြင့်ရှေ့ဆက်လျှောက်ရန် လမ်းညွှန်တရားဖြစ်သည်ဟုယုံကြည်ပါသည်။ အင်ဒိုနီးရှားနိုင်ငံ၏ အခြေအနေနှင့်လည်းလွန်စွာဆက်စပ်ပက်သက်မှုရှိသည်ဟုလည်းယုံကြည်ပါသည်။

ကက်သလစ်ဘာသာ၀င်တို့သည် ယုံကြည်သူများဖြစ်သည်။ ၄င်းတို့သည် ဘာသရေးအသင်း အဖွဲ့အစည်းတစ်ခု၌ပါ၀င်နေရုံမျှမဟုတ်ပေ။ ဘာသာရေးသည် နိုင်ငံရေး၊ စီးပွားရေးနှင့်အခြားမိမိတို့အားသန်ရာကဣများ၌ အလွယ်တကူအသုံးချတတ်သည်။ သို့သော် ယုံကြည်ခြင်းသည်ဤသို့အလွှဲသုံးစားပြု၍မရ။ အဘယ်ကြောင့်ဆိုသော် ယုံကြည်ခြင်းသည် မိမိတစ်ကိုယ်ရည်နှင့်ဆိုင်သည့်ဘုရားသခင်နှင့်ပေါင်းစပ်ရှင်သန် သည့်အသက်တာဖြစ်သည်။ ဤပေါင်းစပ်ခြင်း၏အသီးအပွင့်ကား ‘အသစ်သောဖန်ဆင်းခံ’ ဖြစ်လာရမည်ဖြစ်သည်။ ထိုအားကောင်းသောရှင်သန်ခြင်းအသက်တာ၌ စစ်မှန်သောယုံကြည်ခြင်း၏အသီးအပွင့်ကား ‘ညီအစ်ကိုရင်းချာစိတ်မွေးဖွားခြင်း’ ပင်ဖြစ်သည်။ ထိုအသီးအပွင့်မရှိပါက မိမိတို့၏ယုံကြည်ခြင်းသည် မွေးခွန်းထုတ်စရာဖြစ်သည်။ ညီအစ်ကိုရင်းချာစိတ်၏လမ်းညွှန်ချက်တရားကား စာနာတတ်ခြင်းဖြစ်သည်။ ညီအစ်ကိုရင်းချာစိတ်ရှိသည်ဟုဆိုပြီး စာနာစိတ်မမွေးဖွားနိုင်က ညီအစ်ကိုရင်းချာစိတ်သည် ဟန်ဆောင်မှုသာဖြစ်သည်။ စာနာစိတ်သည် ယုံကြည်သူတို့အားဤမေးခွန်းကိုမေးမြန်းရန်စေ့ဆော်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသိုင်းအ၀ိုင်းအားပို၍လူသားဆန်စေရန် မည်သည့်အရာကိုပြုလုပ်ရမည်နည်း။ ဤသို့မိမိတို့၏အသိုင်းအ၀ိုင်းအား လူသားဆန်အောင်ပြုပြင်ပြောင်းလဲနိုင်ခြင်းသည် ဘုရားသခင်၏နိုင်ငံတော်ကိုတည်ဆောက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စ်သည် အင်ဒိုနီးရှား၌ ရက်အနည်းငယ်သာသီတင်းသုံးမည်ဖြစ်၍ အချို့ သောအင်ဒိုနီးရှားကက်သလစ်ဘာသာတူတို့သည် ရဟန်းမင်းကြီးနှင့်အတူ Dili၊ အရှေ့တီမော၊ စင်ကာပူ၊ ပါပူအာနူးဂီနီနိုင်ငံများသို့လည်းလိုက်ပါကြပေဦးမည်။ လွယ်ကူစွာထိုသို့ခရီးပြုနိုင်ရန် နိုင်ငံတော်အစိုးရမှလည်း စီစဉ်ပေးမည်ဖြစ်ကြောင်းဖြင့်ကာဒီနယ်ကဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန် – ဖာသာရ်ကလဲမင့်အားတယ်

https://bitly.cx/ZDkei

rvamyanmar
rvamyanmar
Articles: 1121

Leave a Reply

Your email address will not be published. Required fields are marked *